ချယ်လ်ဆီးအသင်းကို မထင်မှတ်ထားတဲ့ အခြေအနေကနေ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့့ ဗိုလ်လုပွဲအဆင့်ဆီကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ အစ္စရေးလ်လူမျိုး နည်းပြဟောင်းကြီး အေဗရမ်ဂရန့်ဟာ လက်ရှိမှာတော့ နယ်ပယ်အသီးသီးက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတယ်လို့ သိရှိရပါတယ်။

Grant had spells in charge of Chelsea and West Ham (Image: Alamy)

Photo Credit : SPORTbible

ချယ်လ်ဆီးအသင်းအပြင် ဝက်စ်ဟမ်း ပို့စ်မောက်နဲ့ အစ္စရေးလ်လက်ရွေးစင်အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဂရန့်ဟာ သူရဲ့ရာထူးကို အသုံးချပြီး အမျိုးသမီးများစွာနဲ့ လိင်ဆက်ဆံရဖို့ အတင်းအကြပ် ကြိုးပမ်းမှုတွေ ရှိခဲ့တယ်လို့ အစ္စရေးလ်တီဗီ စုံစမ်းရေးအသင်းကနေ ဖွင့်ချလာခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ပြောဆိုချက်အရ အေဗရမ်ဂရန့်ဟာ လွန်ခဲ့တဲ့ ၂၀၂ဝခုနှစ်တုန်းက သူမကို တိုက်ခန်းတစ်ခုဆီ ခေါ်ဆောင်ပြီး အလုပ်ရှာပေးဖို့ ကူညီပေးမယ်လို့ ပြောဆိုကာ သူမရဲ့ အဝတ်အစားတွေကို အတင်းချွတ်ခိုင်းခဲ့သလို အလိုမတူပဲ ကိုယ်ထိလက်ရောက် ပြုမှုခဲ့ကြောင်းနဲ့ သူမဘယ်လိုမှ ရုန်းထွက်မရအောင် ကြိုးပမ်းခဲ့ကာ သူမကိုလည်း လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့ကြောင်း ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Grant was accused by multiple women as part of an Israeli TV investigation (Image: Alamy)

Photo Credit : SPORTbible

အစ္စရေးလ် မော်ဒယ်တစ်ဦးအဖြစ် ကျော်ကြားခဲ့တဲ့ အမျိုးသမီးတစ်ဦးကလည်း ဂရန့်က သူမရဲ့ အလုပ်အကိုင်ကို တိုးတတ်လာစေဖို့ ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ဖူူးတာကြောင့် သူမကိုယ်တိုင် လန်ဒန်ကို သွားရောက်ကာ ဂရန့်နဲ့ ဆုံတွေ့ခဲ့စဉ် သူမရဲ့အဝတ်အစားတွေကို ချွတ်လိုက်ဖို့နဲ့ သူမနဲ့ လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါမော်ဒယ်က လိင်ဆက်ဆံဖို့ လုံးဝမဖြစ်နိုင်ကြောင်းကို အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့အပြီးမှာ ဂရန့်က သူမကို လွတ်ပေးခဲ့တယ် ဘာတိုက်ခိုက်မှုမှ မလုပ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ နောက်ပြီး ဂရန့်ဟာ အစ္စရေးလ်နိုင်ငံရဲ့ ထင်ရှားတဲ့ အားကစား သတင်းထောက်မလေးတစ်ဦးကိုလည်း သူမရဲ့ အလုပ်အကိုင်အပေါ် ကူညီမှုပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး သူအရင် ကျူးလွန်ဖူးခဲ့တဲ့ ပုံစံတွေအတိုင်း ထပ်မံကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အေဗရမ်ဂရန့်က သူဟာ ဘယ်တော့မှ အမျိုးသမီးတစ်ဦးတစ်ယောက်အပေါ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိပါကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေမှာလည်း နှစ်ဦးနှစ်ဖက် သဘောတူညီမှုကြောင့်သာ ဖြစ်ပါကြောင်း ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်နဲ့ ရင်းနှီးသူဖြစ်တဲ့ ဂရန့်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။