ဝက္စေလဆႏုိက္ဒါဆုိတဲ႔ နယ္သာလန္ကစားသမားႀကီးကေတာ့ ေဘာလုံးသမားဘဝကေန အနားယူသြားခဲ့ၿပီျဖစ္ပါတယ္။ ဥေရာပရဲ႕ အေကာင္းဆုံးေသာ ကြင္းလယ္ကစားသမားေတြထဲမွာ တစ္ေယာက္အပါအဝင္ ျဖစ္လုိ႔ေနတဲ႔ ဆႏုိက္ဒါအနားယူသြားၿပီးတဲ႔ေနာက္ ဒီႏွစ္အတြင္းမွာ အနားယူလုိက္တဲ႔ နာမည္ေက်ာ္ ဂႏၱဝင္နယ္သာလန္ကစားသမားဦးေရက ၃ေယာက္အထိကုိ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔မွာေတာ့ ဒီႏွစ္ ၂၀၁၉ခုႏွစ္ထဲမွာ ေဘာလုံးသမားဘဝကေန အနားယူသြားခဲ့ၾကတဲ႔ ေဘာလုံးသမားႀကီးေတြအေၾကာင္းကုိ တင္ဆက္ေပးသြားခ်င္ပါတယ္။

Photo Credit : Getty Images

ပီတာခ်က္

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၱဝင္ဂုိးသမားႀကီး ပီတာခ်က္ကေတာ့ ကစားသမားဘဝကေန အနားမယူခင္မွာ ခ်ယ္လ္ဆီးရဲ႕ ခါးသီးၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းဆီကုိ ေျပာင္းေရႊ႔ကစားခဲ့ၿပီး သူရဲ႕ ကစားသမားဘဝ ေနာက္ဆုံးပြဲအျဖစ္ အသင္းေဟာင္းခ်ယ္လ္ဆီးနဲ႔ ကစားခဲ႔ရတဲ႔ ယူရုိပါလိဂ္ဗုိလ္လုပြဲမွာ ပါဝင္ကစားခဲ႔ၿပီး အသင္းေဟာင္းကုိ ဂုိးျပတ္နဲ႔ အေရးနိမ့္ခဲ႔ရပါတယ္။ လက္ရွိမွာေတာ့ ခ်က္လက္ေရြးစင္ေဟာင္း ဂုိးသမားႀကီးရဲ႕ ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းစနစ္ဒါရုိက္တာအျဖစ္ ေဆာင္ရႊက္လ်က္ရွိေနပါတယ္။

Photo Credit : Getty Images

ေရာ္ဘင္

ဆႏုိက္ဒါလုိ နယ္သာလန္ကစားသမားတစ္ဦးျဖစ္တဲ႔ ေတာင္ပံတုိက္စစ္ကစားသမား အာဂ်န္ေရာ္ဘင္မွာလည္း ဒီႏွစ္မွာပဲ ကစားသမားဘဝကေန အနားယူလုိက္ပါတယ္။ ၂၀၁၈-၂၀၁၉ ေဘာလုံးရာသီအကုန္မွာ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခဲ့လုိ႔ အသင္းနဲ႔ လမ္းခြဲလုိက္တဲ႔ ေရာ္ဘင္ဟာ အျခားေသာ ကလပ္အသင္းတစ္သင္းဆီကုိ ေျပာင္းေရႊ႕ကစားလိမ့္မယ္လုိ႔ ထင္ခဲ့ရေပမယ့္လည္း အသင္းေျပာင္းခ်င္းမရွိေတာပဲ ကစားသမားဘဝကေနသာ အနားယူခဲ႔ပါတယ္။ ေရာ္ဘင္ဟာ PSV ခ်ယ္လ္ဆီး ရီးရဲလ္မက္ဒရစ္နဲ႔ ဘုိင္ယန္အသင္းေတြမွာ ပါဝင္ကစားခဲ႔ဖူးသူလည္းျဖစ္ပါတယ္။

Photo Credit : Getty Images

ဗန္ပါစီ

ဒီႏွစ္မွာ ေဘာလုံးသမားဘဝကေန အနားယူလုိက္ၾကတဲ႔ နယ္သာလန္ကစားသမား၃ေယာက္ထဲမွာေတာ့ တုိက္စစ္မွဴးႀကီး ေရာ္ဘင္ဗန္ပါစီက အေစာဆုံးျဖစ္ခဲ႔သလုိ အငယ္ဆုံးလည္းျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက က်င္လည္ခဲ႔တဲ႔ ဖီယင္ေနာ့အသင္းမွာ ၂ႏွစ္ၾကာအထိ ပါဝင္ကစားခဲ႔ၿပီးတဲ႔ေနာက္ ဗန္ပါစီဟာ သူရဲ႕ ကစားသမားဘဝကုိ အဆုံးသတ္လုိက္ဖုိ႔ ဆုံးျဖတ္လုိက္တာျဖစ္ပါတယ္။ လတ္တေလာေတာ့ ဗန္ပါစီဟာ BT Sports ရုပ္သံမွာ ေဘာလုံးပြဲသုံးသပ္သူအျဖစ္ ေဆာင္ရႊက္လ်က္ရွိေနပါတယ္။

Photo Credit : Getty Images

တင္ကာေဟး

ကီးဝဲလ္ ဗီဒူကာတုိ႔ေနာက္ပုိင္း မ်ိဳးဆက္ျပတ္လပ္သြားခဲ့ရတဲ႔ ၾသစေၾတးလ်အသင္းရဲ႕ အားအထားရဆုံး ကစားသမားျဖစ္လာခဲ႔တဲ႔ တင္ကာေဟးဟာလည္း ဒီႏွစ္မွာပဲ သူရဲ႕ ကစားသမားဘဝကုိ ရပ္တန္႔လုိက္ပါတယ္။ အဲဗာတန္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာပါ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ျဖစ္ခဲ႔တဲ႔ တင္ကာေဟးဟာ အသက္အရႊယ္ ႀကီးမားလာတာေတာင္မွ ၾသစေၾတးလ်အသင္းအတြက္ အၿမဲလိုလုိ ပါဝင္ကစားခဲ႔သူျဖစ္ပါတယ္။ သူရဲ႕ ေထာင့္ကန္ေဘာအလံတုိင္ကုိ လက္သီးနဲ႔ထုိးၿပီး ေအာင္ပြဲခဲ႔တဲ႔ပုံစံကေတာ့ တင္ကာေဟးရဲ႕ပရိသတ္ေတြအတြက္ အၿမဲအမွတ္ရေနေစမွာ ေသခ်ာပါတယ္။

Photo Credit : Getty Images

ေတာရက္စ္

အယ္နီႏုိလုိ႔ နာမည္ေျပာင္ေပးထားခံရတဲ့ စပိန္တုိက္စစ္မွဴးႀကီး ဖာနန္ဒုိေတာရက္စ္မွာလည္း ဒီႏွစ္မွာပဲ သူရဲ႕ ကစားသမားဘဝကုိ အဆုံးသတ္လုိက္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ႔ပါတယ္။ အသက္လက္တီကုိ လီဗာပူးလ္ ခ်ယ္လ္ဆီး ေအစီမီလန္နဲ႔ ေဂ်လိဂ္ကလပ္အထိ က်င္လည္ခဲ့ဖူးတဲ႔ ေတာရက္စ္ဟာ တကယ့္ကုိ အရည္အေသြးျမင့္တဲ႔ ကစားသမားျဖစ္သလုိ အနားယူသြားတဲ႔ ကစားသမားေတြထဲမွာ သူက ကလပ္အသင္းနဲ႔ေရာ ႏုိင္ငံအသင္းနဲ႔ပါ ဆုဖလားေအာင္ျမင္မႈမ်ားလြန္းတဲ႔ ကစားသမားလည္းျဖစ္ပါတယ္ခင္ဗ်ာ။

(Unicode)

ဝက်စလေဆနိုက်ဒါဆိုတဲ့ နယ်သာလန်ကစားသမားကြီးကတော့ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ ဥရောပရဲ့ အကောင်းဆုံးသော ကွင်းလယ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လို့နေတဲ့ ဆနိုက်ဒါအနားယူသွားပြီးတဲ့နောက် ဒီနှစ်အတွင်းမှာ အနားယူလိုက်တဲ့ နာမည်ကျော် ဂန္တဝင်နယ်သာလန်ကစားသမားဦးရေက ၃ယောက်အထိကို ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဒီနှစ် ၂၀၁၉ခုနှစ်ထဲမှာ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ကြတဲ့ ဘောလုံးသမားကြီးတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Getty Images

ပီတာချက်

ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ဂိုးသမားကြီး ပီတာချက်ကတော့ ကစားသမားဘဝကနေ အနားမယူခင်မှာ ချယ်လ်ဆီးရဲ့ ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားခဲ့ပြီး သူရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် အသင်းဟောင်းချယ်လ်ဆီးနဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ပြီး အသင်းဟောင်းကို ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ချက်လက်ရွေးစင်ဟောင်း ဂိုးသမားကြီးရဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွှက်လျက်ရှိနေပါတယ်။

Photo Credit : Getty Images

ရော်ဘင်

ဆနိုက်ဒါလို နယ်သာလန်ကစားသမားတစ်ဦးဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား အာဂျန်ရော်ဘင်မှာလည်း ဒီနှစ်မှာပဲ ကစားသမားဘဝကနေ အနားယူလိုက်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ အသင်းနဲ့ လမ်းခွဲလိုက်တဲ့ ရော်ဘင်ဟာ အခြားသော ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားလိမ့်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း အသင်းပြောင်းချင်းမရှိတောပဲ ကစားသမားဘဝကနေသာ အနားယူခဲ့ပါတယ်။ ရော်ဘင်ဟာ PSV ချယ်လ်ဆီး ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

Photo Credit : Getty Images

ဗန်ပါစီ

ဒီနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ကြတဲ့ နယ်သာလန်ကစားသမား၃ယောက်ထဲမှာတော့ တိုက်စစ်မှူးကြီး ရော်ဘင်ဗန်ပါစီက အစောဆုံးဖြစ်ခဲ့သလို အငယ်ဆုံးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျင်လည်ခဲ့တဲ့ ဖီယင်နော့အသင်းမှာ ၂နှစ်ကြာအထိ ပါဝင်ကစားခဲ့ပြီးတဲ့နောက် ဗန်ပါစီဟာ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ လတ်တလောတော့ ဗန်ပါစီဟာ BT Sports ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွှက်လျက်ရှိနေပါတယ်။

Photo Credit : Getty Images

တင်ကာဟေး

ကီးဝဲလ် ဗီဒူကာတို့နောက်ပိုင်း မျိုးဆက်ပြတ်လပ်သွားခဲ့ရတဲ့ သြစတြေးလျအသင်းရဲ့ အားအထားရဆုံး ကစားသမားဖြစ်လာခဲ့တဲ့ တင်ကာဟေးဟာလည်း ဒီနှစ်မှာပဲ သူရဲ့ ကစားသမားဘဝကို ရပ်တန့်လိုက်ပါတယ်။ အဲဗာတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာပါ နှစ်ပေါင်းများစွာ ကျင်လည်ဖြစ်ခဲ့တဲ့ တင်ကာဟေးဟာ အသက်အရွှယ် ကြီးမားလာတာတောင်မှ သြစတြေးလျအသင်းအတွက် အမြဲလိုလို ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ သူရဲ့ ထောင့်ကန်ဘောအလံတိုင်ကို လက်သီးနဲ့ထိုးပြီး အောင်ပွဲခဲ့တဲ့ပုံစံကတော့ တင်ကာဟေးရဲ့ပရိသတ်တွေအတွက် အမြဲအမှတ်ရနေစေမှာ သေချာပါတယ်။

Photo Credit : Getty Images

တောရက်စ်

အယ်နီနိုလို့ နာမည်ပြောင်ပေးထားခံရတဲ့ စပိန်တိုက်စစ်မှူးကြီး ဖာနန်ဒိုတောရက်စ်မှာလည်း ဒီနှစ်မှာပဲ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက်လက်တီကို လီဗာပူးလ် ချယ်လ်ဆီး အေစီမီလန်နဲ့ ဂျေလိဂ်ကလပ်အထိ ကျင်လည်ခဲ့ဖူးတဲ့ တောရက်စ်ဟာ တကယ့်ကို အရည်အသွေးမြင့်တဲ့ ကစားသမားဖြစ်သလို အနားယူသွားတဲ့ ကစားသမားတွေထဲမှာ သူက ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ဆုဖလားအောင်မြင်မှုများလွန်းတဲ့ ကစားသမားလည်းဖြစ်ပါတယ်ခင်ဗျာ။