ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရသလို နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ စီးပွားရေးထိခိုက်မှုတွေ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ရပြီး ဘောလုံးလောကအတွင်းကိုလည်း ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ရပါတယ်။ ဘောလုံးပွဲတွေကို ရပ်နားလိုက်ရချိန်မှာ ဘောလုံးသမားတွေကလည်း ဘောလုံးကန်ရခြင်း လေ့ကျင့်ခန်းဆင်းရခြင်းမရှိပဲ ရောဂါမကူးစက်ခံရအောင်သာ နေအိမ်မှာပဲ နေထိုင်ရင်းနဲ့ တစ်ကိုယ်တော်သီးသန့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ရင်းနဲ့ ဘောလုံးသမားတချို့ကတော့ နဂိုကတည်းက ကျစ်လစ်ပြီးသား ခန္ဓာကိုယ်ကိုက ပိုပြီးကြည့်ကောင်းတဲ့ပုံစံကိုပါ ပြောင်းလဲလာခဲဲ့ပါတယ်။

ယခင်ကတည်းက အမိုက်စား ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားတဲ့ ဂျုဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား တွမ်မီနေးနဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာတို့အပြင် ခန္ဓာကိုယ်ပုံစံ နည်းနည်းလေးပျက်ယွင်းလို့နေတဲဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား အီဒက်ဟာဇက်နဲ့ ဘန်လေမှာ အငှားသွားရောက်ကစားနေတဲ့ ချယ်လ်ဆီးကွင်းလယ်လူ ဒန်နီဒါရင့်ဝါးတားတို့လည်း Lockdown ကာလအတွင်းမှာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ရင်းနဲ့ သူတို့တွေရဲ့ ခန္ဓာကိုယ်တွေက ပိုပိုပြီးတော့ ကြည့်ကောင်းလာခဲ့ကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒို

မိုဟာမက်ဆာလာ

အီဒင်ဟာဇက်

စကော့မတ်စ်တွမ်မီနေး

ဒန်နီဒါရင့်ဝါးတား