Chelsea နဲ့ Manchester United ပရိသတ်တွေ အထူးချစ်ခင်ခဲ့ကြတဲ့ စပိန်ကွင်းလယ်လူဟောင်း Juan Mata ဟာ အသက် ၃၈ နှစ်မှာ ကစားသမားဘဝကနေ တရားဝင် အနားယူလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံအသင်းအတွက် ၄၁ ပွဲ ကစားခဲ့တဲ့ Mata ဟာ ၂၀၁၀ World Cup ဖလားရ Spain အသင်းမှာ ပါဝင်ခဲ့သလို ၂၀၁၂ Euro ဗိုလ်လုပွဲမှာ Italy ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာလည်း ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ Real Madrid လူငယ်အသင်းထွက်ဖြစ်ပြီး ၂၀၀၇ မှာ Valencia ကို ပြောင်းရွှေ့ခဲ့ကာ ၂၀၁၁ ဩဂုတ်လမှာ Chelsea ကို ရောက်ရှိခဲ့ပါတယ်။

Stamford Bridge မှာ Champions League၊ Europa League နဲ့ FA Cup တွေ ဆွတ်ခူးခဲ့ပြီး ကစားခဲ့တဲ့ ရာသီပြည့် နှစ်ရာသီစလုံးမှာ အသင်းရဲ့ နှစ်စဉ်အကောင်းဆုံးကစားသမားဆု ရယူခဲ့ပါတယ်။ လိဂ် ၈၂ ပွဲမှာ ၁၈ ဂိုး သွင်းခဲ့ပါတယ်။ ၂၀၁၄ ဇန်နဝါရီမှာ Man United ကို ပြောင်းလာပြီး ၂၈၅ ပွဲမှာ ၅၁ ဂိုး သွင်းယူကာ Europa League၊ FA Cup နဲ့ League Cup တွေ ရယူပေးခဲ့ပြီး ၂၀၂၂ မှာ စာချုပ်သက်တမ်းကုန်လို့ ထွက်ခွာခဲ့ပါတယ်။

နောက်ပိုင်းမှာ Galatasaray၊ ဂျပန်က Vissel Kobe၊ ဩစတြေးလျက Western Sydney Wanderers နဲ့ Melbourne Victory အသင်းတွေမှာ ကစားခဲ့ပါတယ်။ Mata က "ပရော်ဖက်ရှင်နယ်ကစားတာ ရပ်လိုက်ပေမယ့် ဘောလုံးသမားအဖြစ်ကတော့ ဘယ်တော့မှ မရပ်ပါဘူး" လို့ ပြောခဲ့ပါတယ်။ Chelsea က "ဘယ်လောက်တော်တဲ့ ကစားသမားလဲ" လို့ ဂုဏ်ပြုခဲ့ပြီး United ကလည်း နောက်ခြေလှမ်းတွေအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။