Manchester United ရဲ့ အလားအလာကောင်း လူငယ်ကစားသမား JJ Gabriel က အသင်းကို တရားဝင် နှုတ်ဆက်လိုက်ပါပြီ။ ၁၆ နှစ်အရွယ် Gabriel ဟာ Instagram မှာ နှုတ်ဆက်စာ တင်ခဲ့ပြီး Real Madrid မှာ သူ့ရဲ့ “နောက်အခန်း” ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။ Sky Sports News ရဲ့ သတင်းအရ Real Madrid နဲ့ United တို့ဟာ ဒီလအစောပိုင်းမှာ သဘောတူညီမှု ရခဲ့ပြီး နောက် ၂ ရက်မှ ၃ ရက်အတွင်း အပြီးသတ်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
Gabriel က ၂၀၂၀ ခုနှစ်မှာ ၁၀ နှစ်အရွယ် ကလေးငယ်အဖြစ် ရောက်လာခဲ့တာကို ပြန်လည်အမှတ်ရပြီး Old Trafford မှာ ဂိုးသွင်းခဲ့ရတာ၊ Jimmy Murphy Award ဆုရခဲ့တာတွေကို ထာဝရ တန်ဖိုးထားမယ်လို့ ရေးသားခဲ့ပါတယ်။ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
သူဟာ စက်တင်ဘာလမှာ အသင်းကနေ ထွက်ခွာခွင့် တောင်းခဲ့ပြီး အဲဒီကတည်းက United နဲ့ လေ့ကျင့်မှု မဆင်းတော့ပါဘူး။ ဒီရာသီကုန်အထိ United academy မှာ မှတ်ပုံတင်ထားဆဲဖြစ်ပေမယ့် Real Madrid က ဇန်နဝါရီမှာ ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။ ပွဲထုတ်အသင်းအတွက် ပြိုင်ပွဲတရားဝင် မကစားခဲ့ရပေမယ့် ရာသီကြိုပွဲမှာ AC Milan နဲ့ ပွဲအပါအဝင် လူကြီးအသင်းနဲ့ ကွင်းဆင်းခဲ့ဖူးပါတယ်။
United ဘက်ကတော့ Sir Alex Ferguson၊ Ruben Amorim နဲ့ Michael Carrick တို့နဲ့ပါ တွေ့ဆုံပေးပြီး ဆွဲထားဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Bernabeu မှာ ပွဲထုတ်အသင်းဆီ ရောက်ဖို့ လမ်းကြောင်းရှင်းလင်းတယ်လို့ Gabriel နဲ့ သူ့အဖွဲ့က ယုံကြည်နေတာက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ United ပရိသတ်တွေအတွက် နှမြောစရာဖြစ်ပေမယ့် Madrid မှာ သူ ဘယ်လိုကြီးထွားလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
