ဘောလုံး လုံခြုံရေး အကြံပေး ဂျွန် နယူးစ်မန်းကတော့ ဘောလုံးတွေကို ရုပ်သံထုတ်လွင့်ပေးနေတဲ့ BT Sport နဲ့ SKY Sport ကို ငွေကြေးပေးနိုင်ဖို့အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်စရမယ် ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲကို လုံးဝ ပြန်မစသင့်ပါဘူးလို့ အခိုင်အမာ သတိပေးပြောသွားပါတယ်။ ပြီးခဲ့တဲ့ လမှာ Sportsmail သတင်းက ပရီးမီးယားလိဂ် အဖွဲ့အစည်းဟာ လက်ရှိရာသီ ကို ဖျက်သိမ်းမယ် ဆိုရင် ရုပ်သံထုတ်လွင့်သူတွေကို ပေါင် (၇၆၂) သန်း ပေးချေရမှာ ဖြစ်ပြီး ပြိုင်ပွဲကို ကွင်းပိတ် ပြန်စမယ် ဆိုရင်တောင် ရုပ်သံထုတ်လွင့်သူတွေကို ပေါင် သန်း (၃၄၀) ပေးရမယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Dailymail

အင်္ဂလန် နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ပြန်လည် သက်သာလာပါပြီလို့ ဆိုနိုင်ပေမဲ့လည်း အန္တာရယ် ရှိနေဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် အဖွဲ့အစည်းကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို ဇွန်လ (၁၂) ရက်နေ့ကနေ ပြန်လည် စတင်နိုင်ဖို့အတွက် မျှော်လင့်နေကြလျက် ဖြစ်ပါတယ်။ ဘောလုံး လုံခြုံရေး အကြံပေး ဂျွန် နယူးစ်မန်းကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရုပ်သံဝင်ငွေ ရဖို့အတွက် ကစားရမယ် ဆိုရင် ကစားသင့်ဘူးလို့ ပြောခဲ့ပြီး ငွေကြေးအတွက်နဲ့ လူအသက်ကို အန္တာရယ် မပြုသင့်ဘူးလို့လည်း အခိုင်အမာ သတိပေး ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘောလုံး လုံခြုံရေး အကြံပေး ဂျွန် နယူးစ်မန်းက “ပိုက်ဆံ အတွက်နဲ့တော့ လူရဲ့ အသက်ကို အန္တာရယ် မပြုသင့်ပါဘူး။ တကယ်လို့ လုံခြုံရေးကြောင့် ပွဲစဉ်တွေကို ဖျက်သိမ်းလိုက်ရမယ်၊ ဒါမှမဟုတ် ကစားလို့ မရနိုင်ဘူး ဆိုရင် ဒါဟာ ဖြစ်သင့်ပါတယ်။ တကယ်လို့ စီစဉ်သူတွေရဲ့ စိတ်ထဲမှာ ရုပ်သံဝင်ငွေပဲ ရှိနေတယ် ဆိုရင် ဒါက ကျွန်တော့်အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ လူ့ရဲ့ အသက်ကို ဦးစားပေးရပါမယ်။ ငွေကြေးအတွက်နဲ့တော့ ကစားစရာကို မလိုအပ်ပါဘူး။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စဖို့အတွက် ဆိုရင် လူတွေ အများကြီးနဲ့ ဆွေးနွေးမှုတွေကို အများကြီး ပြုလုပ်ဖို့ လိုပါတယ်။ အန္တာရယ်တွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို ပို လေ့လာဖို့လည်း လိုပါတယ်။ ဘယ်လို လုံခြုံအောင် ကစားနိုင်မလဲ ဆွေးနွေးရပါမယ်”လို့ ပြောသွားခဲ့ပါတယ်။