လီဗာပူးလ် နယူးကာဆယ် ဝက်ဖိုဒ့်အသင်းတွေရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်ပြီး လက်ရှိ ESPN အားကစား ရုပ်သံလိုင်းမှာ Pundit တစိယောက်အဖြစ် ဆောင်ရွှက်လို့နေတဲ့ ဂျွန်ဘန်းစ်က ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ အမှတ်ပေးဇယား ဘယ်နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ကြမလဲဆိုတာကို ခန့်မှန်းပြောဆိုလို့ သွားခဲ့ပါတယ်။

Photo Credit : Daily Express

ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီးတော့ ဂျွန်ဘန်းစ်က “စပါးအသင်းက ယူနိုက်တက်ထက်ကို ပိုမြင့်မားတဲ့နေရာမျိုးမှာ ရှိနေနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က နည်းပြအပြောင်းအလဲတွေ ဘယ်လိုပဲလုပ်လုပ် သူတို့အသင်းက တသမတ်တည်းမှာ ရှိမနေဘူး။ လူတိုင်းက သူတို့ရဲ့ ပြသာနာတွေအားလုံးအတွက် အိုလေဂန်နာဆိုးလ်ရှားကိုပဲ အပြစ်တင်တတ်ကြတယ်။ လီဗာပူးလ်မှာ နည်းပြကြီး ရွိုင်းဟော့ဆန်ကို အပြစ်ပုံချကြသလိုမျိုးပါပဲ။ ယူနိုက်တက်ရဲ့ ကစားသမားတွေက စွမ်းဆောင်ရည်ကောင်းကို မရှိကြတာပါ။ ဝက်စ်ဟမ်းကတောင် နည်းနည်း လိုက်လျောညီထွေမှု ရှိတတ်ပေမယ့်လည်း ကျွန်တော်ကတော့ အဆင့်(၄)နေရာကို အာဆင်နယ်နဲ့ စပါး တစ်သင်းသင်းကပဲ ရယူဖို့ ရေပန်းစားနိုင်လိမ့်မယ်လို့ ထင်မိပါတယ်” လို့ သုံးသပ်သွားပါတယ်။

Photo Credit : 90Min

ဆက်လက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်ပြီး အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ ရလဒ်အတိမ်းအစောင်းလေးတွေ ရှိထားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အလားအလာကို ဂျွန်ဘန်းစ်က “လီဗာပူးလ်ရော ချယ်လ်ဆီးအသင်းရောက မန်စီးတီးအသင်းကို အမီလိုက်နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲသွားခဲ့ပါပြီ။ ကျွန်တော်ကတော့ ဒုတိယနေရာအတွက် ရေပန်းစားတဲ့ အသင်းကို လီဗာပူးလ် တတိယနေရာအတွက် ချယ်လ်ဆီးအသင်းတို့ကို ရွေးချယ်ပေးချင်တယ်။ မန်စီးတီးအသင်းဟာလည်း ခံနိုင်စွမ်းအပြည့်နဲ့ကို ကစားနေတဲ့ ပုံစံမျိုး မြင်နေရတယ်။ သူတို့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ စွမ်းဆောင်ရည် မကောင်းမွန်ခဲ့ပေမယ့် သူတို့နိုင်ပွဲ ရရှိခဲ့တယ်” လို့ ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ရမှတ်(၄၃)မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပေမယ့် အဆင့်(၃)က လီဗာပူးလ်အသင်းထက် တစ်ပွဲလျျော့ထားသလို ဇယားထိပ်က မန်စီးတီးအသင်းနဲ့လည်း (၁၀)မှတ်အထိကို ကွာဟလို့နေပါတယ်။