ေဘာလုံးကစားနည္းဆိုတာဟာ ကမၻာေပၚမွာ နာမည္အႀကီးဆုံး ကစားနည္းေတြထဲက တစ္ခုျဖစ္သလို ေဘာလုံးအားကစားနည္းကို သည္းေျခႀကိဳက္ အားေပးတတ္တဲ့ ပရိသတ္ေတြဟာလည္း မနည္းမေနာပါပဲ။ ဒီတစ္ခါမွာေတာ့ နာမည္ႀကီးတကၠသိုလ္တစ္ခုျဖစ္တဲ့ Oxford တကၠသိုလ္ရဲ့ စစ္တမ္းတစ္ခုအရ ေဘာလုံး အားကစားကို ခ်စ္ျမတ္နိုးၾကတဲ့ ပရိသတ္ေတြဟာ ျပင္းထန္တဲ့ ႏွလုံးေရာဂါကို ရရွိနိုင္ေၾကာင္း သိရွိရပါတယ္။

Photo Credit: Daily Mail.com

ေဘာလုံးအသင္းတစ္သင္းကို အားေပးၾကတဲ့ ပရိသတ္ေတြမွာ ႐ူးမူးစြာ အားေပးတတ္တဲ့ ပရိသတ္မ်ားနဲ႔ သာမန္ကာလၽွံကာ အားေပးတဲ့ ပရိသတ္ဆိုၿပီး ႏွစ္မ်ိဳးရွိကာ အဆိုပါႏွစ္မ်ိဳးထဲမွာ ႐ူးမူးစြာ အားေပးတတ္တဲ့ ပရိသတ္ေတြဟာ ျပင္းထန္တဲ့ ႏွလုံးေရာဂါျဖစ္နိုင္ေၾကာင္း Oxford တကၠသိုလ္ရဲ့ စစ္တမ္းက ေဖာ္ျပထားပါတယ္။ စစ္တမ္းရဲ့ ေဖာ္ျပမွုအရ –

Photo Credit: Daily Mail.com

” အသင္းတစ္သင္းနဲ႔ ေပါင္းစပ္သြားၿပီးေတာ့ အ႐ူးအမူး အားေပးတတ္ၾကတဲ့ ပရိသတ္ေတြဟာ စိတ္ပညာပိုင္းအရ ၾကည့္မယ္ဆိုရင္ အလြန္ ျပင္းထန္တဲ့ စိတ္ဖိစီးမွုေတြနဲ႔ ရင္ဆိုင္ရေလ့ရွိပါတယ္။ အသင္းကို သာမန္သာ အားေပးတတ္ၾကတဲ့ ပရိသတ္ေတြကေတာ့ ဒီလို စိတ္ဖိစီးမွုမ်ိဳး ျဖစ္တတ္တယ္ဆိုေပမယ့္ အလြန္အကၽြံေတာ့ မဟုတ္ပါဘူး ” လို႔ သိရပါတယ္။

Photo Credit: Daily Mail.com

ဒါ့အျပင္ အဆိုပါစစ္တမ္းအရ စိတ္ဖိစီးမွုေတြကို အလြန္အကၽြံခံရၿပီးေနာက္ပိုင္းမွာ အဆိုပါ ပရိသတ္ေတြဟာ ျပင္းထန္တဲ့ ႏွလုံးေရာဂါကို ရရွိနိုင္ေၾကာင္း သိရွိရၿပီး ႐ုတ္တရတ္ ႏွလုံးထိခိုက္မွုျပႆနာပါ ျဖစ္ပြားတတ္ကာ အသက္ အႏၲရာယ္ေပးနိုင္တဲ့အထိ ျဖစ္နိုင္တယ္လို႔ သိရပါတယ္။ ကဲ ဒီေလာက္ဆိုရင္ ပရိသတ္ႀကီးကလည္း ကိုယ့္ဆီမွာ ႏွလုံးေရာဂါရွိ ၊ မရွိ စစ္ေဆးၾကည့္ၿပီး သတိထားသင့္ေၾကာင္း သိေလာက္ၿပီ ထင္ပါရဲ့ဗ်ာ…။

ဘောလုံးကစားနည်းဆိုတာဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ကစားနည်းတွေထဲက တစ်ခုဖြစ်သလို ဘောလုံးအားကစားနည်းကို သည်းခြေကြိုက် အားပေးတတ်တဲ့ ပရိသတ်တွေဟာလည်း မနည်းမနောပါပဲ။ ဒီတစ်ခါမှာတော့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Oxford တက္ကသိုလ်ရဲ့ စစ်တမ်းတစ်ခုအရ ဘောလုံး အားကစားကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေဟာ ပြင်းထန်တဲ့ နှလုံးရောဂါကို ရရှိနိုင်ကြောင်း သိရှိရပါတယ်။

Photo Credit: Daily Mail.com

ဘောလုံးအသင်းတစ်သင်းကို အားပေးကြတဲ့ ပရိသတ်တွေမှာ ရူးမူးစွာ အားပေးတတ်တဲ့ ပရိသတ်များနဲ့ သာမန်ကာလျှံကာ အားပေးတဲ့ ပရိသတ်ဆိုပြီး နှစ်မျိုးရှိကာ အဆိုပါနှစ်မျိုးထဲမှာ ရူးမူးစွာ အားပေးတတ်တဲ့ ပရိသတ်တွေဟာ ပြင်းထန်တဲ့ နှလုံးရောဂါဖြစ်နိုင်ကြောင်း Oxford တက္ကသိုလ်ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ စစ်တမ်းရဲ့ ဖော်ပြမှုအရ –

Photo Credit: Daily Mail.com

” အသင်းတစ်သင်းနဲ့ ပေါင်းစပ်သွားပြီးတော့ အရူးအမူး အားပေးတတ်ကြတဲ့ ပရိသတ်တွေဟာ စိတ်ပညာပိုင်းအရ ကြည့်မယ်ဆိုရင် အလွန် ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အသင်းကို သာမန်သာ အားပေးတတ်ကြတဲ့ ပရိသတ်တွေကတော့ ဒီလို စိတ်ဖိစီးမှုမျိုး ဖြစ်တတ်တယ်ဆိုပေမယ့် အလွန်အကျွံတော့ မဟုတ်ပါဘူး ” လို့ သိရပါတယ်။

Photo Credit: Daily Mail.com

ဒါ့အပြင် အဆိုပါစစ်တမ်းအရ စိတ်ဖိစီးမှုတွေကို အလွန်အကျွံခံရပြီးနောက်ပိုင်းမှာ အဆိုပါ ပရိသတ်တွေဟာ ပြင်းထန်တဲ့ နှလုံးရောဂါကို ရရှိနိုင်ကြောင်း သိရှိရပြီး ရုတ်တရတ် နှလုံးထိခိုက်မှုပြဿနာပါ ဖြစ်ပွားတတ်ကာ အသက် အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ကဲ ဒီလောက်ဆိုရင် ပရိသတ်ကြီးကလည်း ကိုယ့်ဆီမှာ နှလုံးရောဂါရှိ ၊ မရှိ စစ်ဆေးကြည့်ပြီး သတိထားသင့်ကြောင်း သိလောက်ပြီ ထင်ပါရဲ့ဗျာ…။