အသားအေရာင္ခြဲျခားေစာ္ကားမႈဆုိတာ ေဘာလုံးၿပိဳင္ပြဲလုိ အားကစားၿပိဳင္ပြဲေတြမွာသာမကပဲ လူ႔အသုိင္းအဝုိင္းႀကီးတစ္ခုလုံးမွာ မရွိသင့္ေတာ့တဲ႔ ပုတ္ခတ္တုိက္ခုိက္မႈတစ္ခုပါ။ ဟုိးယခင္ကတည္းက လူ႔အသုိင္းအဝုိင္းမွာ စတင္ေပၚေပါက္လာခဲ႔တဲ႔ အသားမည္းသူေတြအေပၚ ေလွာင္ေျပာင္မႈ ရုိင္းျပေစာ္ကားမႈေတြက ဒီလုိအသားအေရာင္ကုိ ပုိင္ဆုိင္ထားသူေတြ အရမ္းကုိ ဝမ္းနည္းေစရတဲ႔ ေစာ္ကားမႈမ်ိဳးျဖစ္လုိ႔ ေဘာလုံးၿပိဳင္ပြဲေတာ္ေတာ္မ်ားမ်ား ဒီလုိေစာ္ကားမႈကုိ ေဘာလုံးသမားခ်င္းေရာ ေဘာလုံးပရိသတ္က ေဘာလုံးသမားကုိ ေလွာင္ေျပာင္တုိက္ခုိက္တာမ်ိဳးပါ မျပဳလုပ္ဖုိ႔ တားျမစ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအရာေတြကေတာ့ ဆက္လက္ရွိေနဆဲပါပဲ။

Photo Credit : Getty Images

မေန႔ညကက မန္စီးတီးအသင္းရဲ႕အိမ္ကြင္း အယ္တီဟတ္မွာ ရင္ဆုိင္ကစားသြားခဲ႔ၾကတဲ႔ မန္စီးတီးအသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ရဲ႕ မန္ခ်က္စတာဒါဘီပြဲစဥ္ကေတာ့ ဒါဘီပြဲေကာင္းတစ္ပြဲအသြင္ကုိ ေဆာင္သြားခဲ႔ၿပီး ေနာက္ဆုံးမိနစ္ပုိင္းေတြအထိကုိ ရင္ခုန္စိတ္လႈပ္ရွားမႈေတြ အျပည့္အဝ ေပးစြမ္းႏုိင္ခဲ႔သလုိ အျငင္းပြားဖြယ္ရာေလးေတြလည္း ျဖစ္ေပၚခဲ႔ပါတယ္။ အဓိကေတာ့ ဧရိယာအတြင္း ရပ္ဖုိဒ့္ရဲ႕ျပစ္ဒဏ္က်ဴးလြန္ခံရမႈအေပၚ ပင္နယ္တီသတ္္မွတ္ေပးခဲ႔ၿပီး ဧရိ္ယာအတြင္း ယူႏုိက္တက္ကစားသမားေတြရဲ႕လက္ထိေဘာေတြကုိ ကြင္းလယ္ဒုိင္က ပင္နယ္တီေပးဖုိ႔ ျငင္းဆန္ခဲ႔သလုိ VAR လည္း ျပန္လည္မၾကည့္ရွုခဲ႔ပါဘူး။  ဒီလုိ ဆုံးျဖတ္ခ်က္ေတြအေပၚမွာ အိမ္ရွင္ပရိသတ္ေတြ လုံးဝမေက်နပ္ခဲ႔ရလုိ႔ ယူႏုိက္တက္ကစားသမားေတြအေပၚ ရန္မူတဲ႔ အျပဳအမႈေတြကုိပါ လုပ္ေဆာင္လာခဲ႔ပါတယ္။

Photo Credit : Getty Images

မန္ခ်က္စတာဒါဘီပြဲရဲ႕ဒုတိယပုိင္းပြဲကစားခ်ိန္ေတြအတြင္း ယူႏုိက္တက္ဘက္ကေန ေထာင္ကန္႔ေဘာကန္ဖုိ႔အတြက္ Corner စည္းနားကုိ ယူႏုိက္တက္ကစားသမားေတြ ေရာက္လာခ်ိန္မွာ အဲ႔ဒီအနားက ပြဲၾကည့္စင္အတြင္း အားေပးေနၾကတဲ႔ မန္စီးတီးပရိသတ္မ်ားစြာက ယူႏုိက္တက္ကစားသမားေတြကုိ ေရဘူးေတြ မီးျခစ္ေတြနဲ႔ ဝုိင္းပစ္ခဲ႔ၾကသလုိ ပရိသတ္တစ္ဦးမွာလည္း ယူႏုိက္တက္ရဲ႕ကြင္းလယ္လူဖရက္ဒ္ကုိ အသားအေရာင္ခြဲျခားတဲ႔သေဘာမ်ိဳးနဲ႔ ေမ်ာ္ေအာ္သံ ေမ်ာက္အမႈအယာေတြနဲ႔ ေလွာင္ေျပာင္ခဲ႔ပါတယ္။ ဒီပရိသတ္ရဲ႕ဖရက္ဒ္အေပၚ ေလွာင္ေျပာင္မႈေတြကုိ ရုပ္သံေတြကေန သတင္းမီဒီယာေတြကေန မွတ္တမ္းတင္ထားႏုိင္ခဲတာေၾကာင့္ ေနာက္တစ္ေန႔ မနက္ခင္းမွာပဲ သူ႔ကုိ သြားေရာက္ဖမ္းဆီးႏုိင္ခဲ႔ပါတယ္။ စစ္မႈထမ္းေဟာင္းတစ္ဦးျဖစ္တဲ႔ ဒီပရိသတ္ရဲ႕စိတ္လြတ္ကုိယ္လြတ္ ေလွာင္ေျပာင္မႈအေပၚမွာ နားမလည္ႏုိင္ေအာင္ ျဖစ္ခဲ႔ရၿပီး သူ႔ဟာ ဒီလုိအျပဳအမႈမ်ိဳးေတြကုိ လုပ္ေဆာင္ေလ့ရွိသူလည္း မဟုတ္ေၾကာင္း သူရဲ႕ခ်စ္သူမိန္းကေလးက ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

(Unicode)

မြို့ခံဒါဘီပွဲမှာ ဖရက်ဒ်ကို အသားအရောင်ခွဲခြားခဲ့တဲ့ မန်စီးတီးပရိသတ်တစ်ဦး အဖမ်းခံခဲ့ရ

အသားအရောင်ခွဲခြားစော်ကားမှုဆိုတာ ဘောလုံးပြိုင်ပွဲလို အားကစားပြိုင်ပွဲတွေမှာသာမကပဲ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးမှာ မရှိသင့်တော့တဲ့ ပုတ်ခတ်တိုက်ခိုက်မှုတစ်ခုပါ။ ဟိုးယခင်ကတည်းက လူ့အသိုင်းအဝိုင်းမှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ အသားမည်းသူတွေအပေါ် လှောင်ပြောင်မှု ရိုင်းပြစော်ကားမှုတွေက ဒီလိုအသားအရောင်ကို ပိုင်ဆိုင်ထားသူတွေ အရမ်းကို ဝမ်းနည်းစေရတဲ့ စော်ကားမှုမျိုးဖြစ်လို့ ဘောလုံးပြိုင်ပွဲတော်တော်များများ ဒီလိုစော်ကားမှုကို ဘောလုံးသမားချင်းရော ဘောလုံးပရိသတ်က ဘောလုံးသမားကို လှောင်ပြောင်တိုက်ခိုက်တာမျိုးပါ မပြုလုပ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။

Photo Credit : Getty Images

မနေ့ညကက မန်စီးတီးအသင်းရဲ့အိမ်ကွင်း အယ်တီဟတ်မှာ ရင်ဆိုင်ကစားသွားခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ ဒါဘီပွဲကောင်းတစ်ပွဲအသွင်ကို ဆောင်သွားခဲ့ပြီး နောက်ဆုံးမိနစ်ပိုင်းတွေအထိကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့သလို အငြင်းပွားဖွယ်ရာလေးတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဓိကတော့ ဧရိယာအတွင်း ရပ်ဖိုဒ့်ရဲ့ပြစ်ဒဏ်ကျူးလွန်ခံရမှုအပေါ် ပင်နယ်တီသတ််မှတ်ပေးခဲ့ပြီး ဧရိ်ယာအတွင်း ယူနိုက်တက်ကစားသမားတွေရဲ့လက်ထိဘောတွေကို ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့သလို VAR လည်း ပြန်လည်မကြည့်ရှုခဲ့ပါဘူး။  ဒီလို ဆုံးဖြတ်ချက်တွေအပေါ်မှာ အိမ်ရှင်ပရိသတ်တွေ လုံးဝမကျေနပ်ခဲ့ရလို့ ယူနိုက်တက်ကစားသမားတွေအပေါ် ရန်မူတဲ့ အပြုအမှုတွေကိုပါ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Getty Images

မန်ချက်စတာဒါဘီပွဲရဲ့ဒုတိယပိုင်းပွဲကစားချိန်တွေအတွင်း ယူနိုက်တက်ဘက်ကနေ ထောင်ကန့်ဘောကန်ဖို့အတွက် Corner စည်းနားကို ယူနိုက်တက်ကစားသမားတွေ ရောက်လာချိန်မှာ အဲ့ဒီအနားက ပွဲကြည့်စင်အတွင်း အားပေးနေကြတဲ့ မန်စီးတီးပရိသတ်များစွာက ယူနိုက်တက်ကစားသမားတွေကို ရေဘူးတွေ မီးခြစ်တွေနဲ့ ဝိုင်းပစ်ခဲ့ကြသလို ပရိသတ်တစ်ဦးမှာလည်း ယူနိုက်တက်ရဲ့ကွင်းလယ်လူဖရက်ဒ်ကို အသားအရောင်ခွဲခြားတဲ့သဘောမျိုးနဲ့ မျော်အော်သံ မျောက်အမှုအယာတွေနဲ့ လှောင်ပြောင်ခဲ့ပါတယ်။ ဒီပရိသတ်ရဲ့ဖရက်ဒ်အပေါ် လှောင်ပြောင်မှုတွေကို ရုပ်သံတွေကနေ သတင်းမီဒီယာတွေကနေ မှတ်တမ်းတင်ထားနိုင်ခဲတာကြောင့် နောက်တစ်နေ့ မနက်ခင်းမှာပဲ သူ့ကို သွားရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဒီပရိသတ်ရဲ့စိတ်လွတ်ကိုယ်လွတ် လှောင်ပြောင်မှုအပေါ်မှာ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပြီး သူ့ဟာ ဒီလိုအပြုအမှုမျိုးတွေကို လုပ်ဆောင်လေ့ရှိသူလည်း မဟုတ်ကြောင်း သူရဲ့ချစ်သူမိန်းကလေးက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။