မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဂျိုလီယွန်လက်စကော့က လက်ရှိ မန်စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ဖေးလ်ဖိုဒန်ရဲ့ စွမ်းဆောင်ရည်တွေကို ချီးမွမ်းပြောဆိုသွားခဲ့ပြီး ဖိုဒန်ဟာ အင်္ဂလိပ် ကစားသမားတွေထဲကမှ အကောင်းဆုံးသော အင်္ဂလိပ် ကစားသမားတစ်ဦးထိ ဖြစ်လာနိုင်တယ်လို့ပါ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Phil Foden is Man City's difference maker; Liverpool cruise to first-leg  victory over Benfica | Football News | Sky Sports

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ဖိုဒန်ဟာ မန်ချက်စတာစီးတီး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ မန်စီးတီးစီနီယာအသင်းအတွက် စတင်ပါဝင်ကစားပေးခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဖိုဒန်ဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၉၅)ပွဲ ပါဝင်ကစားထားပြီး (၄၂)ဂိုး သွင်းယူထားသလို ဆုဖလား(၁၀)ခုထိ ရယူထားနိုင်ခဲ့သလို တစ်ဦးချင်းဆုတွေကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဖိုဒန်ဟာ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဒုတိယပိုင်း ပွဲကစားချိန် (၆၈)မိနစ်မှာ အသင်းအတွက် လူစားဝင် ကစားပေးခဲ့ရပြီး မိနစ်(၇၀)မှာပဲ ကယ်ဗင်ဒီဘရိုင်းနားရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို မန်စီးတီးအသင်းဟာလည်း အဲ့ဒီသွင်းဂိုးတစ်ဂိုးတည်းနဲ့ပဲ ချန်ပီယံလိဂ် ကွာတားပအကျော့မှာ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ဖိုဒန်နဲ့ ပတ်သက်ပြီး မန်စီးတီး အဲဗာတန်အသင်းတွေရဲ့ နောက်ခံကစားသမားဟောင်း လက်စကော့က “ဖေးလ်ဖိုဒန်က မန်စီးတီးအသင်းနဲ့ ဆက်စပ်ပြီး ဒီကလပ်အသင်းအတွက် ကစားပေးနေရခြင်းရဲ့ အဓိပ္ပါယ်ကို ကျွန်တော်သိပါတယ်။ သူအနေနဲ့ ဒီနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူက တစ်ရာသီမှာ ဆုဖလား(၂)လုံးနဲ့ အင်္ဂလိပ် ကစားသမားတွေထဲကမှ အမြဲတမ်း အကောင်းဆုံး ကစားသမား ဖြစ်လာပါလိမ့်မယ်။ သူရဲ့စိတ်ဓါတ်က သူ့ကို ကွဲပြားစေတယ်။ သူ့ကို ဝိန်းရွန်းနီလို ကစားသမားမျိုးကို နှိုင်းယှဉ်ရင် အနိုင်မရတဲ့အခါမျိုးမှာ နာကျင်ခံစားနေရတဲ့ ကစားသမားတွေကို သင်မြင်လာရနိုင်ပါတယ်။ သူက အစွဲအလမ်းလည်း ကြီးတယ်။ သူက အမြဲတမ်းကို တိုးတတ်ချင်နေတဲ့အတွက် သူ့ကို လေ့ကျင့်ရေးကွင်းကနေ မဖယ်ရှားနိုင်လို့ရော သူတည်းခိုတဲ့ ဟိုတယ်ကနေပါ ဘောလုံးတွေကို ဖယ်ရှားခဲ့ရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။