မန်စီးတီးအသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ မာရက်စ်ကတော့ အသင်းဖော် ဖိုဒင်အနေနဲ့ အနာဂတ်မှာ အင်္ဂလန် လက်ရွေးစင်အသင်း နဲ့ မန်စီးတီးအသင်းအတွက် ထိပ်သီး ကစားသမား တစ်ယောက် ဖြစ်လာနိုင်တယ်လို့ CityTV မှာ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလန် ယူ (၂၁) ကစားသမား ဖိုဒင်ဟာ တနင်္လာနေ့က ဘန်လေအသင်းကို (၅-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) မှာ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုး အပါအဝင် (၂) ဂိုး သွင်းယူခဲ့ပြီး အယ်လ်ဂျီးရီးယား လက်ရွေးစင် မာရက်စ်နဲ့ အတူ ပွဲဦးထွက် လာခဲ့ကြပါတယ်။

Photo Credit: Goal

နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘန်လေအသင်းကို ဂိုးပြတ် အနိုင်ရရှိနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲမှာ အဆင့် (၂) နေရာကို ဆက်ထိန်းနိုင်ခဲ့ပြီး နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၀) မှတ်သာ ကွာဟတော့တာပဲ ဖြစ်ပါတယ်။ မန်စီးတီး တောင်ပံလူ မာရက်စ်ဟာ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ အသင်းဖော် ဖိုဒင်ရဲ့ ကစားပုံ၊ ကစားဟန်ကို သဘောကျသွားခဲ့ပြီး ဖိုဒင်အနေနဲ့ အနာဂတ်မှာ အင်္ဂလန် လက်ရွေးစင်အသင်း နဲ့ မန်စီးတီးအသင်းအတွက် အဓိက ကစားသမား ဖြစ်လာနိုင်တယ်လို့ ချီးကျူးသွားလိုက်ပါတယ်။

Photo Credit: Goal

မာရက်စ်က “ကျွန်တော် ရောက်လာပြီးနောက် ဖိုဒင်က အများကြီး တိုးတတ်လာတယ်။ သူက ကျွန်တော်တို့နဲ့ လေ့ကျင့်ရေး ဆင်းတယ်။ သူက ငယ်သေးပြီး အများကြီး တိုးတတ်လာခဲ့တယ်။ သူ့မှာ အရည်အချင်းတွေ အများကြီး ရှိပြီး ပိုပြီး တိုးတတ်လာဖို့အတွက် ဆက်ထိန်းထားရမယ်။ သူ့မှာ တိုးတတ်ဖို့ အချိန်တွေ အများကြီး ရှိနေသေးပြီး ဒီမန်စီးတီးအသင်း နဲ့ အင်္ဂလန်အသင်းအတွက် ထိပ်သီး ကစားသမား ဖြစ်လာနိုင်ပါတယ်”လို့ အခိုင်အမာ ချီးကျူးသွားလိုက်ပါတယ်။ တောင်ပံလူ မာရက်စ်ဟာ (၂၀၁၈) ခုနှစ်မှာ လက်စတာစီးတီးအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွေ့လာခဲ့ပြီး မန်စီးတီးအသင်းကို ရောက်လာကတည်းက ပရီးမီးယားလိဂ် ပွဲစဉ် (၅၂) ပွဲ ကစားထားရာမှာ မန်စီးတီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။