MySport Myanmar

စီနီယာကြီး ဖာဂီဆီကနေ အမှတ်တရ လက်မှတ် ရေးထိုးပေးဖို့ တောင်းဆိုနေခဲ့တဲ့ Big Sam

Big Sam လို့ လူသိများတဲ့ အင်္ဂလန်နည်းပြဟောင်းကြီး ဆမ်အလာဒိုက်က မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို တတ်ရောက်ကြည့်ရှရင်းနဲ့ ဒီပွဲကို လာရောက်အားပေးခဲ့တဲ့ ယူနိုက်တက် legend ကြီး နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ တွေ့ဆုံရင်း ဖာဂူဆန်ဆီကနေ အမှတ်တရ လက်မှတ်တစ်ခု တောင်းဆိုနေခဲ့ခြင်းကို ရုပ်သံကနေ တွေ့ရှိခဲ့ရပါတယ်။

Photo Credit : The Sun

၂၀၁၃ခုနှစ်ကတည်းက ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီး ဘောလုံးနည်းပြဘဝကနေပါ အနားယူခဲ့တဲ့ နည်းပြကြီး ဖာဂူဆန်ဟာ အသင်းအပေါ် ချစ်မြတ်နိုးနေတဲ့စိတ်နဲ့ အသင်းရဲ့ ပွဲစဉ်တော်တော်များများကို လိုက်ပါအားပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ယူနိုက်တက်ရဲ့ ဒီနှစ်ဘောလုံးရာသီအတွက် အိမ်ကွင်းနောက်ဆုံးပွဲကို ကြည့်ရှုအားပေးရင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ဝါရင့်နည်းပြကြီးတစ်ဦးဖြစ်သူ ဆမ်အလာဒိုက်နဲ့ ဆုံတွေ့ခဲ့ရပြီး ဆမ်အလာဒိုက်ကို ဖာဂူဆန်က လက်မှတ်ရေးထိုးပေးနေခြင်းကိုပါ Sky Sports ရုပ်သံကနေ အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို နည်းပြကြီးနှစ်ယောက်ရဲ့ ပုံရိပ်ကို တွေ့မြင်ခဲ့ရတဲ့ ဘောလုံးပရိသတ်တွေက သူတို့ရဲ့ ထင်မြင်ချက်တွေ လူမှုကွန်ရက်တွေပေါ်မှာ ပြန်လည်ရေးသားဖော်ပြခဲ့ကြပြီး ဆမ်အလာဒိုက်အနေနဲ့ ဖာဂီဆီကနေ လက်မှတ်ရေးထိုးမှုကို တောင်းဆိုရခြင်းဟာ eBay လို နေရာမျိုးမှာ လေလံတင် ရောင်းချဖို့အတွက်သာ ဖြစ်တယ်လို့ နောက်ပြောင်ရေးသားနေကြပါတယ်။ ယူနိုက်တက်အသင်းအတွက် အောင်မြင်မှုတွေ အမြောက်အများ ရယူပေးနိုင်ခဲ့တဲ့ ဖာဂူဆန်ဟာ အသင်းရဲ့ပွဲစဉ်တွေကို လိုက်လံအားပေးသူလည်း ဖြစ်သလို မြင်းပြိုင်ပွဲတွေကိုပါ ဝါသနာပါသူဖြစ်ပြီး မြင်းပြိုင်ပွဲတွေကိုလည်း သူနဲ့ မိတ်ဆွေလိုကို ဖြစ်နေရတဲ့ ဆမ်အလာဒိုက်နဲ့အတူ အားပေးကြည့်ရှု ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် ပရိသတ်တစ်ဦးက ဖာဂူဆန်နဲ့ ဆမ်အလာဒိုက်တို့နှစ်ယောက်က ယူနိုက်တက်ပွဲကို ကြည့်ရှုရင်း ပွဲပြီးဆုံးခါနီးမှာ မြင်းပြိုင်ပွဲအတွက် ဆက်လက်ကြံစည်နေကြတာလို့ အရွှန်းဖောက် မှတ်ချက်ပြုသွားခဲ့ပါတယ်။ လက်ရှိမှာ ဖာဂူဆန်က နည်းပြအလုပ်ကနေ အနားယူထားပေမယ့် ဆမ်အလာဒိုက်ကတော့ နည်းပြအလုပ်က အနားယူထားခြင်း မရှိသေးပဲ အသင်းလက်မဲ့ အခြေအနေသာ ဖြစ်နေရပါတယ်။

Exit mobile version