MySport Myanmar

လီဝန်ဒေါစကီးဟာ ရော်နယ်လ်ဒိုလို ကစားသမားမျိုး ဖြစ်တယ်လို့ ဖလစ်ခ် ချီးမွမ်း

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်က အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ရီးယဲလ်မက်ဒရစ်ရဲ့ ဂန္ထဝင်ကစားသမားဟောင်းလည်းဖြစ် လက်ရှိ အယ်လ်နာဆာအသင်းရဲ့ တိုက်စစ်ကစားမားကြီးလည်းဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းဖို့ အလွန်နီးကပ်နေပြီး ကွာတားဖိုင်နယ် ပထမအကျော့မှာပဲ (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရထားပါတယ်။ အဲ့ဒီပွဲစဉ်မှာ ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးက သူ့အသင်းဟောင်း ဒေါ့မွန်ဘက်ကို သွင်းဂိုး(၂)ဂိုးတောင် သွင်းယူနိုင်ခဲ့ပြီး ယာမားလ် ရာဖင်ဟာတို့ပါ ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၆)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပြိုင်ပွဲစုံ (၄၆)ပွဲအထိ ကစားထားခဲ့သလို သွင်းဂိုး စုစုပေါင်း ဂိုး(၄၀)အထိတောင် သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု (၃)ကြိမ်လည်း လုပ်ဆောင်ထားခဲ့ပါတယ်။

ဒီရာသီထဲ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ လီဝန်ဒေါစကီးကို ဘာစီလိုနာနည်းပြ ဖလစ်ခ်က ဒေါ့မွန်နဲ့ ဒုတိယအကျော့ပွဲစဉ် မတိုင်ခင်မှာပဲ မစ္စတာ ချန်ပီယံလိဂ်လို့ တင်စားခေါ်ဆိုခံထားရတဲ့ ရီးယဲလ် ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။ “ဒီအသက်အရွယ်မှာ ဒီလို အဆင့်မြင့်ကစားနိုင်တာဟာ တစ်ဖက်မှာ သူ့ရဲ့ ကြံ့ခိုင်မှုကြောင့်ဖြစ်ပြီး နောက်တစ်ဖက်မှာ သူကိုယ်တိုင် ကောင်းကောင်း ဂရုစိုက်ထားတာကြောင့်ပါ။”

Photo Credit : Barca Blaugranes

“သူက ခရစ္စတီယာနို ရော်နယ်ဒိုလိုပဲ သူ့မှာ အံ့မခန်း သန်မာတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု ရှိပါတယ်။ သူဟာ အလွန် ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားဖြစ်ပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ဖို့ အကြောင်းအချက် အားလုံးကို ထိန်းချုပ်ထားပါတယ်။” လို့ နည်းပြဖလစ်ခ်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ချန်ပီယံလိဂ်ဖလားနဲ့ ကိုပါဒယ်လ်ရေးဖလား တစ်ရာသီတည်း ဆုဖလား(၃)လုံး Treble Champions ဖြစ်လာဖို့ အလားအလာကောင်းနေပြီး လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း Treble Champions တစ်ကြိမ် ဖြစ်ထားခဲ့တာကြောင့် ဘောလုံးသမိုင်းမှာ Treble Champions (၂)ကြိမ်မြောက် ရယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

Exit mobile version