ကာကာလက္သစ္ ကစားသမားေလးလုိ႔ တင္စားေခၚဆုိခံေနရတဲ႔ ဘရာဇီးထိပ္သီးကလပ္ ဖလာမင္ဂုိအသင္းရဲ႕လူငယ္ၾကယ္ပြင့္ကစားသမားေလး ေရနီယာဟာ အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေရႊ႕ေကာလဟာလသတင္းေတြ အေတာ္ေလးကုိ ထြက္ေပၚခဲ႔ေပမယ့္လည္း ဒီေနာက္ပုိင္းမွာေတာ့ သူရဲ႕စီနီယာေတြရွိရာ ရီးရဲလ္မက္ဒရစ္အသင္းဆီကုိ ေျပာင္းေရႊ႕ကစားဖုိ႔က ေသခ်ာသေလာက္ကုိ ရွိလုိ႔ေနၿပီျဖစ္ၿပီး မၾကာခင္မွာပဲ ေပါင္၂၄သန္း ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိကာ အေျပာင္းအေရႊ႕ကုိ အၿပီးသတ္သြားေတာ့မယ္လုိ႔ သိရွိရပါတယ္။

Photo Credit : AS English

အသက္၁၇ႏွစ္သာရွိေသးတဲ႔ ဆယ္ေက်ာ္သက္အရႊယ္ ဘရာဇီးလူငယ္ကစားသမားေလး ေရနီယာေဂ်ဆူးဟာ ဖလာမင္ဂုိအကယ္ဒမီကေန ေပၚထြက္လာခဲ႔သူျဖစ္ၿပီးေတာ့ ၿပီးခဲ႔တဲ႔ ၂၀၁၉ခုႏွစ္ကေနစတင္ၿပီး ဖလာမင္ဂုိစီနီယာအသင္းမွာ စတင္ပြဲထြက္ကစားလာရတာျဖစ္ပါတယ္။ ဖလာမင္ဂုိအသင္းအတြက္ လိဂ္ပြဲ၁၄ပြဲ ပါဝင္ကစားထားခဲ႔ၿပီး သြင္းဂုိး၆ဂုိး ရယူထားႏုိင္ခဲ႔တဲ႔ ေရနီယာဟာ ေဘာလုံးသမားေကာင္းေတြ ဆက္တုိက္ေမြးထုတ္ထားႏုိင္တဲ႔ ဘရာဇီးႏုိင္ငံကေန ထြက္ရွိလာခဲ႔တဲ႔ အရည္အေသြးျမင့္ မ်ိဳးဆက္သစ္ကစားသမားေလးလုိ႔ သတ္မွတ္ခံလာရၿပီး ဥေရာပအသင္းေပါင္းမ်ားစြာရဲ႕မ်က္စိက်ျခင္းေတြကုိပါ ပုိင္ဆုိင္လာခဲ႔ရပါတယ္။

Photo Credit : Goal.com

လာမယ့္ ၁၉ရက္ေန႔မွ အသက္၁၈ႏွစ္ျပည့္ေျမာက္ေတာ့မယ့္ ေရနီယာဟာ အာဆင္နယ္အသင္းနဲ႔ သတင္းေတြ စတင္ထြက္ေပၚခဲ႔တာျဖစ္ေပမယ့္လည္း ဒီေနာက္ပုိင္းမွာေတာ့ အာဆင္နယ္နဲ႔ သတင္းျပန္ၿငိမ္သြားခဲ႔ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ သတင္းေတြ တဖန္ထြက္ေပၚလာခဲ႔ကာ အခုဆုိရင္ ရီးရဲလ္ကုိ ေျပာင္းေရႊ႕ဖုိ႔က ေသခ်ာသေလာက္နီးပါးအထိကုိ ရွိေနခဲ႔ၿပီလုိ႔ ထြက္ေပၚေနခဲ႔ပါတယ္။ ရီးရဲလ္အသင္းကေတာ့ ယခင္ကတည္းက ဘရာဇီးကစားသမားမ်ားစြာကုိ ေခၚယူခဲ႔ဖူးၿပီး လက္ရွိမွာလည္း မာဆယ္လုိ ကတ္စ္မဲလ္ရုိးတုိ႔လုိ စီနီယာကစားသမားေတြအျပင္ ရုိဒရီဂုိ ဗင္နီဆီယပ္စ္တုိ႔လုိ ဘရာဇီးလူငယ္ကစားသမားေလးေတြကုိ ပုိင္ဆုိင္ထားတဲ႔ အသင္းတစ္သင္းျဖစ္ေနတာေၾကာင့္ ဒီအေျပာင္းအေရႊ႕က ျဖစ္ေပၚလာႏုိင္ဖုိ႔ ရာခုိင္ႏႈန္းအရမ္းမ်ားလုိ႔ေနပါတယ္။ ဒါေပမယ့္လည္း မၾကာေသးခင္ကမွ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးျမင့္ထားခဲ႔တာေၾကာင့္ ဖလာမင္ဂုိအသင္းဘက္ကေန သူတုိ႔ကစားသမားေလးအတြက္ ေျပာင္းေရႊ႕ေၾကးကုိ ဒီထက္ပုိမုိေတာင္းဆုိလာဖြယ္ရွိေနၿပီး လာမယ့္ေႏြေစ်းကြက္ေလာက္မွသာ အေျပာင္းအေရႊ႕ကုိ အၿပီးသတ္ႏုိင္ဖြယ္ရွိေနပါတယ္။

(Unicode)

ရီးရဲလ်ကိုရောက်ရှိဖို့ သေချာနေတဲ့ အာဆင်နယ်ပစ်မှတ် ဘရာဇီးကြယ်ပွင့်လေး ရေနီယာ

ကာကာလက်သစ် ကစားသမားလေးလို့ တင်စားခေါ်ဆိုခံနေရတဲ့ ဘရာဇီးထိပ်သီးကလပ် ဖလာမင်ဂိုအသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားလေး ရေနီယာဟာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ သူရဲ့စီနီယာတွေရှိရာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့က သေချာသလောက်ကို ရှိလို့နေပြီဖြစ်ပြီး မကြာခင်မှာပဲ ပေါင်၂၄သန်း ၅နှစ်စာချုပ်ချုပ်ဆိုကာ အပြောင်းအရွှေ့ကို အပြီးသတ်သွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : AS English

အသက်၁၇နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် ဘရာဇီးလူငယ်ကစားသမားလေး ရေနီယာဂျေဆူးဟာ ဖလာမင်ဂိုအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကနေစတင်ပြီး ဖလာမင်ဂိုစီနီယာအသင်းမှာ စတင်ပွဲထွက်ကစားလာရတာဖြစ်ပါတယ်။ ဖလာမင်ဂိုအသင်းအတွက် လိဂ်ပွဲ၁၄ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး၆ဂိုး ရယူထားနိုင်ခဲ့တဲ့ ရေနီယာဟာ ဘောလုံးသမားကောင်းတွေ ဆက်တိုက်မွေးထုတ်ထားနိုင်တဲ့ ဘရာဇီးနိုင်ငံကနေ ထွက်ရှိလာခဲ့တဲ့ အရည်အသွေးမြင့် မျိုးဆက်သစ်ကစားသမားလေးလို့ သတ်မှတ်ခံလာရပြီး ဥရောပအသင်းပေါင်းများစွာရဲ့မျက်စိကျခြင်းတွေကိုပါ ပိုင်ဆိုင်လာခဲ့ရပါတယ်။

Photo Credit : Goal.com

လာမယ့် ၁၉ရက်နေ့မှ အသက်၁၈နှစ်ပြည့်မြောက်တော့မယ့် ရေနီယာဟာ အာဆင်နယ်အသင်းနဲ့ သတင်းတွေ စတင်ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်နဲ့ သတင်းပြန်ငြိမ်သွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ တဖန်ထွက်ပေါ်လာခဲ့ကာ အခုဆိုရင် ရီးရဲလ်ကို ပြောင်းရွှေ့ဖို့က သေချာသလောက်နီးပါးအထိကို ရှိနေခဲ့ပြီလို့ ထွက်ပေါ်နေခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ ယခင်ကတည်းက ဘရာဇီးကစားသမားများစွာကို ခေါ်ယူခဲ့ဖူးပြီး လက်ရှိမှာလည်း မာဆယ်လို ကတ်စ်မဲလ်ရိုးတို့လို စီနီယာကစားသမားတွေအပြင် ရိုဒရီဂို ဗင်နီဆီယပ်စ်တို့လို ဘရာဇီးလူငယ်ကစားသမားလေးတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်နေတာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖို့ ရာခိုင်နှုန်းအရမ်းများလို့နေပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြင့်ထားခဲ့တာကြောင့် ဖလာမင်ဂိုအသင်းဘက်ကနေ သူတို့ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးကို ဒီထက်ပိုမိုတောင်းဆိုလာဖွယ်ရှိနေပြီး လာမယ့်နွေစျေးကွက်လောက်မှသာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။