MySport Myanmar

သတင်းထောက်မမရဲ့ ပါးကို အာဘွားပေးခဲ့တဲ့ ဖလာမင်ဂို ပရိသတ်တစ်ဦး ဖမ်းဆီးခံခဲ့ရ

Copa Libertadores ပွဲစဉ် မကျင်းပခင် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းရဲ့ ပရိသတ်တစ်ဦးအဖြစ် ပွဲအကြောင်းကို တိုက်ရိုက် တင်ဆက်နေတဲ့ ESPN သတင်းဌာနရဲ့ အမျိုးသမီး သတင်းထောက်တစ်ဦးကို ရုတ်တရက် နမ်းလိုက်မိတာကြောင့် ဖမ်းဆီးခံလိုက်ရသလို ဖလာမင်ဂိုပွဲတွေ ကြည့်ရှုခွင့်ကနေလည်း ပိတ်ပင်ခံလိုက်ရပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ စက်တင်ဘာ (၈)ရက်နေ့က ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ Maracanã ကွင်းမှာ ကျင်းပခဲ့တဲ့ ဖလာမင်ဂိုအသင်းနဲ့ ဗဲလ်လက်စ်ဆာစ်င်္ဖီးလ်အသင်းတို့ရဲ့ Copa Libertadores ပွဲစဉ်ကို ရုပ်သံကင်မရာအရှေ့မှာ တင်ဆက်နေတဲ့ ဗီဒီယိုသတင်းထောက် ဂျက်ဆီကာဒီယက်စ်ဆိုသူ အမျိုးသမီး reporer တစ်ဦးရဲ့ပါးကို ဖလာမင်ဂိုအသင်းရဲ့ ပရိသတ်တစ်ဦးက နမ်းသွားခဲ့တာ ဖြစ်ပါတယ်။ မာဆယ်လိုဗန်နီဗီဒစ်စ်ဆေးလ်ဗားလို့ အမည်ရှိတဲ့ ဖလာမင်ဂို ပရိသတ်ဟာ သူရဲ့လုပ်ရပ်ကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအဖြစ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။

Photo Credit : The Geo Sportlight

ဘရာဇီးလ်သတင်းစာ O Globo ရဲ့ ဖော်ပြချက်အရ ကျူးလွန်သူ ဗန်နီဗီဒစ်ဆေးလ်ဗားက ဖမ်းခံရပြီး နောက်တစ်ရက်မှာပဲ လွတ်မြောက်လာခဲ့ရပေမယ့် သူ့ကို ဂျက်ဆီကာဒီယက်စ်နဲ့ ထပ်မံ မပတ်သတ်ဖို့ တားမြစ်ခံခဲ့ရသလို ဖလာမင်ဂိုအသင်းကနေပါ သူတို့ရဲ့ ပွဲစဉ်တွေ လာရောက်ကြည့်ရှုခွင့်ကိုလည်း ပိတ်ပင်ခဲ့ပြီး တရားစီရင်ရေးဆိုင်ရာ ခွင့်ပြုချက်တွေမရှိပဲ သူရဲ့ဇာတိမြေက ဘယ်ကိုမှ ထွက်ခွာခွင့် မရှိတော့ဘူးလို့ သိရပါတယ်။ ဒီယက်စ်ကလည်း သူမအနေနဲ့ သူမအလုပ်ကို လုပ်ကိုင်နေစဉ်အတွင်း အခုလို ပြုမှုခံရတာကလည်း သူမ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒါက ရာဇဝတ်မှုတစ်ခု ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဖလာမင်ဂိုအသင်းအနေနဲ့ကလည်း သူတို့ရဲ့ ပရိသတ်တစ်ဦးက အခုလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုမျိုး ကျူးလွန်ခဲ့တဲ့အပေါ် များစွာ စိတ်မကောင်းမိကြောင်းနဲ့ ဒီလို လုပ်ရပ်တွေက အသင်းကို ကိုယ်စားမပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့သလို သူများ အလုပ်လုပ်နေချိန်မှာ နမ်းရှိုက်ပြီး နှောင့်ယှက်ခဲ့တဲ့ သူတို့အသင်းရဲ့ ပရိသတ်ကိုလည်း ပွဲကြည့်ခွင့် ပိတ်ပင်လိုက်ကာ နောင်ကျဉ်သွားအောင် အပြစ်ပေးလိုက်ပါတယ်။

Exit mobile version