ဖလာမင္ဂို ေနာက္ခံ ကစားသမား ပါဘလို မာရီကေတာ့ အာဆင္နယ္အသင္း ကစားသြားမယ့္ ယေန႔ည အက္ဖ္ေအ ဖလား ပြဲစဥ္ မတိုင္ခင္ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိလာခဲ့ၿပီး ေဆးစစ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းဟာ ခံစစ္ အားနည္းမႈေတြ ရွိေနတာေၾကာင့္မို႔ ေနာက္ခံ ကစားသမားေကာင္း တစ္ဦးကို ေခၚယူခ်င္ေနၿပီး ဖလာမင္ဂို ေနာက္ခံကစားသမား ပါဘလို မာရီကိုေတာ့ (၂၄) နာရီအတြင္း ေခၚယူသြားႏိုင္မယ္လို႔ သတင္းေတြ ေဖာ္ျပပါတယ္။

Photo Credit: Skysports

အာဆင္နယ္အသင္းဟာ ေနာက္ခံလူ အခက္အခဲ ရွိေနၿပီး ခ်မ္ဘာက ကာလရွည္ ဒဏ္ရာရေန သလို ခ်ဲလ္ဆီးအသင္းကေန ေခၚယူထားတဲ့ ေဒးဗစ္ လူးဝစ္ကလည္း အခုအပတ္မွာပဲ တုိက္ရုိက္ အနီကဒ္ ရရွိခဲ့ပါတယ္။ အာဆင္နယ္အသင္းကေတာ့ ဖလာမင္ဂို ေနာက္ခံလူ ပါဘလို မာရီကို အရင္ဆုံး အငွားနဲ႔ပဲ ေခၚယူမွာ ျဖစ္တယ္လို႔ သိရေပမဲ့လည္း ကစားသမားရဲ႕ ကစားဟန္ကိုသာ ႏွစ္သက္တယ္ ဆိုရင္ေတာ့ ရာသီကုန္ရင္ အၿပီးသတ္ေခၚယူႏိုင္တဲ့ ေ႐ြးခ်ယ္ခြင့္ ရွိေနပါတယ္။

Photo Credit: Skysports

ေနာက္ခံလူ ပါဘလို မာရီဟာ လန္ဒန္ၿမိဳ႕က ေလဆိပ္ကို ေရာက္လာတဲ့ အခါမွာ အာဆင္နယ္ အသင္းကို ေျပာင္းေ႐ြ႕ ကစားရမွာ စိတ္လႈပ္ရွားသလဲလို႔ အေမးခံလိုက္ရတဲ့ အခ်ိန္မွာ သူက ” စိတ္လႈပ္ရွားပါတယ္”လို႔ ျပန္ေျဖခဲ့ပါတယ္။ ပါဘလို မာရီဟာ မန္စီးတီးအသင္းမွာ (၃) ႏွစ္ၾကာ ကစားခဲ့ၿပီး မန္စီးတီး နည္းျပ ဂြါဒီယိုလာရဲ႕ လက္ေထာက္နည္းျပ ျဖစ္ခဲ့တဲ့ လက္ရွိ အာဆင္နယ္ နည္းျပ အာတီတာကေတာ့ မာရီရဲ႕ ေျခစြမ္းကို သိေနတာေၾကာင့္ ေခၚယူခ်င္တာ ျဖစ္ပါတယ္။

(Unicode)

ဖလာမင်ဂို နောက်ခံ ကစားသမား ပါဘလို မာရီကတော့ အာဆင်နယ်အသင်း ကစားသွားမယ့် ယနေ့ည အက်ဖ်အေ ဖလား ပွဲစဉ် မတိုင်ခင် လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ပြီး ဆေးစစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ခံစစ် အားနည်းမှုတွေ ရှိနေတာကြောင့်မို့ နောက်ခံ ကစားသမားကောင်း တစ်ဦးကို ခေါ်ယူချင်နေပြီး ဖလာမင်ဂို နောက်ခံကစားသမား ပါဘလို မာရီကိုတော့ (၂၄) နာရီအတွင်း ခေါ်ယူသွားနိုင်မယ်လို့ သတင်းတွေ ဖော်ပြပါတယ်။

Photo Credit: Skysports

အာဆင်နယ်အသင်းဟာ နောက်ခံလူ အခက်အခဲ ရှိနေပြီး ချမ်ဘာက ကာလရှည် ဒဏ်ရာရနေ သလို ချဲလ်ဆီးအသင်းကနေ ခေါ်ယူထားတဲ့ ဒေးဗစ် လူးဝစ်ကလည်း အခုအပတ်မှာပဲ တိုက်ရိုက် အနီကဒ် ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ဖလာမင်ဂို နောက်ခံလူ ပါဘလို မာရီကို အရင်ဆုံး အငှားနဲ့ပဲ ခေါ်ယူမှာ ဖြစ်တယ်လို့ သိရပေမဲ့လည်း ကစားသမားရဲ့ ကစားဟန်ကိုသာ နှစ်သက်တယ် ဆိုရင်တော့ ရာသီကုန်ရင် အပြီးသတ်ခေါ်ယူနိုင်တဲ့ ရွေးချယ်ခွင့် ရှိနေပါတယ်။

Photo Credit: Skysports

နောက်ခံလူ ပါဘလို မာရီဟာ လန်ဒန်မြို့က လေဆိပ်ကို ရောက်လာတဲ့ အခါမှာ အာဆင်နယ် အသင်းကို ပြောင်းရွေ့ ကစားရမှာ စိတ်လှုပ်ရှားသလဲလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက ” စိတ်လှုပ်ရှားပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။ ပါဘလို မာရီဟာ မန်စီးတီးအသင်းမှာ (၃) နှစ်ကြာ ကစားခဲ့ပြီး မန်စီးတီး နည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ဖြစ်ခဲ့တဲ့ လက်ရှိ အာဆင်နယ် နည်းပြ အာတီတာကတော့ မာရီရဲ့ ခြေစွမ်းကို သိနေတာကြောင့် ခေါ်ယူချင်တာ ဖြစ်ပါတယ်။