မၾကာေသးခင္ ရက္ပိုင္းေလာက္ကမွ ခ်ဲလ္ဆီးအသင္းဟာ တုိက္စစ္မွဴးဟီဂြာအင္ကုိ ဂ်ဳဗင္တပ္စ္အသင္းကေန အငွားနဲ႔ေခၚယူလုိက္တာနဲ႔ပတ္သက္ၿပီး ပရီးမီးယားလိဂ္မွာ ျဖစ္ေပၚခဲ႔တဲ႔ အငွားေျပာင္းေရႊ႔မႈမ်ားထဲကမွ ေခၚယူခဲ႔တဲ႔ အသင္းအတြက္ အက်ိဳးမရွိေစခဲ႔ေသာ ဆုိးရႊားတဲ႔ အငွားေျပာင္းေရႊ႕ေၾကးမႈမ်ားအေၾကာင္း တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

ဖယ္ကာအုိ

ဖယ္ကာအုိဆုိတာ ဘယ္လုိတုိက္စစ္မွဴးမွန္း ေဘာလုံးဝါသနာရွင္တုိင္း သိရွိၾကပါတယ္။ ေပၚတုိနဲ႔ အသက္လက္တီကုိတုိ႔မွာ ကစားခဲ႔စဥ္က သူဟာ ခံစစ္မွဴးတုိင္း ဂုိးသမားတုိင္းအတြက္ ေၾကာက္စရာေကာင္းတဲ႔ တုိက္စစ္မွဴးတစ္ေယာက္ ျဖစ္ခဲ႔ေပမယ့္လည္း မုိနာကုိအသင္းကုိ ေရာက္ရွိခ်ိန္မွာေတာ့ သူရဲ႕ ေျခစြမ္းေတြက ဒဏ္ရာျပသာနာေတြေၾကာင့္ က်ဆင္းလာခဲ႔ရပါတယ္။ အဲ႔ဒီေနာက္ ယူႏုိက္တက္အသင္းကုိ နည္းျပဗန္ဂါး စတင္ကုိင္တြယ္ခ်ိန္မွာ အသင္းကုိ အငွားနဲ႔ေရာက္လာခဲ႔ၿပီး တစ္ရာသီအတြင္းမွာ ၄ဂုိးပဲ သြင္းယူႏုိင္ခဲ႔ပါတယ္။ ေနာက္တစ္ရာသီအေရာက္မွာလည္း ေနာက္ထပ္ ပရီးမီးယားလိဂ္ ကလပ္အသင္းႀကီးျဖစ္တဲ႔ ခ်ဲလ္ဆီးကုိ အငွားနဲ႔ ထပ္ေျပာင္းခဲ႔ၿပီး ဒဏ္ရာျပသာနာဆုိးေတြနဲ႔ ၁၀ပြဲသာ ပြဲထြက္ခြင့္ရခဲ႔ကာ ၁ဂုိးပဲ သြင္းယူႏုိင္ခဲ႔ပါတယ္။

ဇာဇာ

အီတလီတုိက္စစ္မွဴး ဆီျမြန္နီဇာဇာကေတာ့ အသင္းေဟာင္း ဂ်ဳဗင္တပ္စ္ကေန ဝက္စ္ဟမ္းအသင္းကုိ ၂၀၁၆-၂၀၁၇ ေဘာလုံးရာသီအစမွာ ေျပာင္းေရႊ႕ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး အငွားေခၚယူမႈအတြက္ ေပါင္၅သန္းပါ ေပးေခ်ခဲ႔ရပါတယ္။ တုိက္စစ္လုိအပ္ခ်က္ေၾကာင့္ ဇာဇာကုိ ေခၚယူခဲ႔ေပမယ့္လည္း ၁၁ပြဲ ကစားၿပီးတဲ႔အထိ ဝက္စ္ဟမ္းအသင္းအတြက္ ၁ဂုိးမွ မသြင္းယူႏုိင္ခဲ႔ပဲ ပြဲထြက္ခြင့္ေတြပါ ေပ်ာက္ဆုံးလာရပါတယ္။ ေနာက္ဆုံးမွာေတာ့ ဝက္စ္ဟမ္းအသင္း ဇာဇာကုိ တစ္ရာသီလုံး မငွားႏုိင္ေတာ့ပဲ ရာသီဝက္နဲ႔ပဲ အငွားစာခ်ဳပ္ကုိ ဖ်က္သိမ္းခဲ႔ရပါတယ္။

ပါတုိ

ေအစီမီလန္ရဲ႕ တုိက္စစ္မွဴးေဟာင္း ပါတုိကေတာ့ ၂၀၁၆ခုႏွစ္ ဇန္နဝါရီလမွာ ခ်ဲလ္ဆီးအသင္းကုိ ကုိရင္သီယန္အသင္းကေန အငွားနဲ႔ ေျပာင္းလာခဲ႔တာျဖစ္ပါတယ္။ ထုိအခ်ိန္က ခ်ဲလ္ဆီးမွာ တုိက္စစ္မွဴးေတြ ဒဏ္ရာအနာတရ အရမ္းမ်ားျပားေနတာေၾကာင့္ ပါတုိကုိ အငွားနဲ႔ေခၚယူရခဲ႔ေပမယ့္လည္း ပါတုိကုိယ္တုိင္ကလည္း ႀကံခုိင္မႈပုိင္းမွာ အားနည္းလုိ႔ေနခဲ႔ပါတယ္။ ဒါေၾကာင့္ သူရဲ႕ ရာသီဝက္ အငွားကာလမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ၂ပြဲသာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခဲ႔ရၿပီး သြင္းဂုိး၁ဂုိးပဲ သြင္းယူႏုိင္ခဲ႔ပါတယ္။

ဂ်ီဆီရုိဒီရီဂြက္ဇ္

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာခဲ႔တဲ႔ ဂ်ီဆီရုိဒရီဂြက္ဇ္ကေတာ့ ၂၀၁၇ခုႏွစ္ ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းကေန စတုတ္စီးတီးအသင္းကုိ တစ္ရာသီစာအငွားနဲ႔ ေရာက္ရွိလာတာျဖစ္ပါတယ္။ စပိန္တုိက္စစ္မွဴးတစ္ေယာက္ျဖစ္သလုိ အဖြင့္ပြဲမွာလည္း အာဆင္နယ္အသင္းဘက္ကုိ အႏုိင္ဂုိးသြင္းယူေပးခဲ႔လုိ႔ သူ႔အေပၚ ေမွ်ာ္လင့္ခဲ႔ေပမယ့္လည္း ဆက္လက္ၿပီး ေျခစြမ္းေတြ မျပသႏုိင္ေတာ့တဲ႔အျပင္ အၿမဲလုိလုိ သူရဲ႕အမိေျမ စပိန္ႏုိင္ငံကုိ ျပန္ျပန္ေနတာေၾကာင့္ ေလ့က်င့္ေရးအစီအစဥ္ေတြကုိပါ ပ်က္ကြယ္လာခဲ႔ပါတယ္။ ေနာက္ဆုံးမွာေတာ့ စည္းကမ္းပုိင္း အားနည္းလြန္းတဲ႔ ဂ်ီဆီကုိ စတုတ္က အၿပီးသတ္မေခၚယူေတာ့ပဲ ပီအက္စ္ဂ်ီအသင္းဆီကုိသာ ျပန္လည္ပုိ႔ေဆာင္ခဲ႔ပါတယ္။

(Unicode)

မကြာသေးခင် ရက်ပိုင်းလောက်ကမှ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးဟီဂွာအင်ကို ဂျုဗင်တပ်စ်အသင်းကနေ အငှားနဲ့ခေါ်ယူလိုက်တာနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အငှားပြောင်းရွှေ့မှုများထဲကမှ ခေါ်ယူခဲ့တဲ့ အသင်းအတွက် အကျိုးမရှိစေခဲ့သော ဆိုးရွှားတဲ့ အငှားပြောင်းရွှေ့ကြေးမှုများအကြောင်း တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဖယ်ကာအို

ဖယ်ကာအိုဆိုတာ ဘယ်လိုတိုက်စစ်မှူးမှန်း ဘောလုံးဝါသနာရှင်တိုင်း သိရှိကြပါတယ်။ ပေါ်တိုနဲ့ အသက်လက်တီကိုတို့မှာ ကစားခဲ့စဉ်က သူဟာ ခံစစ်မှူးတိုင်း ဂိုးသမားတိုင်းအတွက် ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း မိုနာကိုအသင်းကို ရောက်ရှိချိန်မှာတော့ သူရဲ့ ခြေစွမ်းတွေက ဒဏ်ရာပြသာနာတွေကြောင့် ကျဆင်းလာခဲ့ရပါတယ်။ အဲ့ဒီနောက် ယူနိုက်တက်အသင်းကို နည်းပြဗန်ဂါး စတင်ကိုင်တွယ်ချိန်မှာ အသင်းကို အငှားနဲ့ရောက်လာခဲ့ပြီး တစ်ရာသီအတွင်းမှာ ၄ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်တစ်ရာသီအရောက်မှာလည်း နောက်ထပ် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးဖြစ်တဲ့ ချဲလ်ဆီးကို အငှားနဲ့ ထပ်ပြောင်းခဲ့ပြီး ဒဏ်ရာပြသာနာဆိုးတွေနဲ့ ၁၀ပွဲသာ ပွဲထွက်ခွင့်ရခဲ့ကာ ၁ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ဇာဇာ

အီတလီတိုက်စစ်မှူး ဆီမြွန်နီဇာဇာကတော့ အသင်းဟောင်း ဂျုဗင်တပ်စ်ကနေ ဝက်စ်ဟမ်းအသင်းကို ၂၀၁၆-၂၀၁၇ ဘောလုံးရာသီအစမှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အငှားခေါ်ယူမှုအတွက် ပေါင်၅သန်းပါ ပေးချေခဲ့ရပါတယ်။ တိုက်စစ်လိုအပ်ချက်ကြောင့် ဇာဇာကို ခေါ်ယူခဲ့ပေမယ့်လည်း ၁၁ပွဲ ကစားပြီးတဲ့အထိ ဝက်စ်ဟမ်းအသင်းအတွက် ၁ဂိုးမှ မသွင်းယူနိုင်ခဲ့ပဲ ပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးလာရပါတယ်။ နောက်ဆုံးမှာတော့ ဝက်စ်ဟမ်းအသင်း ဇာဇာကို တစ်ရာသီလုံး မငှားနိုင်တော့ပဲ ရာသီဝက်နဲ့ပဲ အငှားစာချုပ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ပါတို

အေစီမီလန်ရဲ့ တိုက်စစ်မှူးဟောင်း ပါတိုကတော့ ၂၀၁၆ခုနှစ် ဇန်နဝါရီလမှာ ချဲလ်ဆီးအသင်းကို ကိုရင်သီယန်အသင်းကနေ အငှားနဲ့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ထိုအချိန်က ချဲလ်ဆီးမှာ တိုက်စစ်မှူးတွေ ဒဏ်ရာအနာတရ အရမ်းများပြားနေတာကြောင့် ပါတိုကို အငှားနဲ့ခေါ်ယူရခဲ့ပေမယ့်လည်း ပါတိုကိုယ်တိုင်ကလည်း ကြံခိုင်မှုပိုင်းမှာ အားနည်းလို့နေခဲ့ပါတယ်။ ဒါကြောင့် သူရဲ့ ရာသီဝက် အငှားကာလမှာ ချဲလ်ဆီးအသင်းနဲ့ ၂ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး သွင်းဂိုး၁ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ဂျီဆီရိုဒီရီဂွက်ဇ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဂျီဆီရိုဒရီဂွက်ဇ်ကတော့ ၂၀၁၇ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ စတုတ်စီးတီးအသင်းကို တစ်ရာသီစာအငှားနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။ စပိန်တိုက်စစ်မှူးတစ်ယောက်ဖြစ်သလို အဖွင့်ပွဲမှာလည်း အာဆင်နယ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူပေးခဲ့လို့ သူ့အပေါ် မျှော်လင့်ခဲ့ပေမယ့်လည်း ဆက်လက်ပြီး ခြေစွမ်းတွေ မပြသနိုင်တော့တဲ့အပြင် အမြဲလိုလို သူရဲ့အမိမြေ စပိန်နိုင်ငံကို ပြန်ပြန်နေတာကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေကိုပါ ပျက်ကွယ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စည်းကမ်းပိုင်း အားနည်းလွန်းတဲ့ ဂျီဆီကို စတုတ်က အပြီးသတ်မခေါ်ယူတော့ပဲ ပီအက်စ်ဂျီအသင်းဆီကိုသာ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။