ကဲ ဒီတစ်ခေါက် စပိန်လာလီဂါအထူးအစီအစဉ်မှာ တင်ဆက်ပေးဖို့အတွက် ကစားသမားတစ်ယောက်အကြောင်းကို ရွေးချယ်ပေးထားပါတယ်။ သူကတော့ ပရိသတ်တွေနဲ့လည်း ရင်းနှီးလို့နေမယ့် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာပါ။ ဒီနေ့မှာတော့ တိုက်စစ်မှူးမိုရာတာရဲ့ လူသိသေးလှသေးတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ(၅)ချက်အကြောင်းကို ပြည့်ပြည့်စုံစုံလေး တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

Photo Credit : LaLiga

မိုရာတာက အသက်လက်တီကိုမှာ ၂၀၁၉ခုနှစ်ရောက်မှ ပါဝင်ကစားခဲ့ရတယ်ဆိုပေမယ့် ငယ်ငယ်လေးကတည်း ဒီအသင်းရဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့ဖူးသလို ဘောလုံးအားကစား စတင်စိတ်ပါဝင်စားချိန်လောက်ကနေပြီး အသက်လက်တီကိုအသင်း ဘောကောက်လူငယ်တစ်ယောက်အဖြစ်နဲဲ့ပါ လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

Photo Credit : LaLiga

အသက်လက်တီကိုအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူဆာအူးနီဂွက်ဇ် နောက်ခံလူ မာရီယိုဟာမိုဆို ကွင်းလယ်ကစားသမား မားကို့စ်လော်ရန်တေးနဲ့ ဂိုးသမားအဒမ်တို့ဟာ ငယ်စဉ်တုန်းက ရီးရဲလ်မက်ဒရစ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတွေဖြစ်သလို တိုက်စစ်မှူးမိုရာတာကလည်း ရီးရဲလ်အကယ်ဒမီထွက် ကြယ်ပွင့်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

Photo Credit : LaLiga

မိုရာတာဟာ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသဖို့အတွက် မကြောက်မရွှံတတ်သူတစ်ဦး ဖြစ်ခဲဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက မိုရာတာဟာ ကင်ဆာရောဂါခံစားနေရတဲ့ ကလေးသူငယ်များကို အားပေးနှစ်သိမ့်မှု ပြုလုပ်နိုင်ဖို့အတွက် သူကိုယ်တိုင် ကင်ဆာရောဂါသည်တွေလို ကတုံးတုံးခဲ့ပါတယ်။ အဲ့လို ကတုံးတုံးပြီးနောက် ပထမဆုံး ကစားဖြစ်တဲ့ပွဲစဉ်မှာပဲ မိုရာတာဟာ သူရဲ့ကစားသမားဘဝအတွင်း အကောင်းဆုံးသွင်းဂိုးတစ်ဂိုးကိုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : LaLiga

မိုရာတာဟာ ကမ္ဘာကျော် တိုက်စစ်ကစားသမားတစ်ယောက်ဆိုပေမယ့်လည်း အခုချိန်ထိ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို မဆင်နွဲဖူးသေးသူ ဖြစ်လို့နေပါတယ်။ မိုရာတာဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ စပိန်အသင်းနဲ့ ပွဲထွက်ခဲ့ရသလို ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စပိန်အသင်းက သူ့ကို ရွေးချယ်ခဲ့ခြင်းမရှိလို့ အခုထိ ကမ္ဘာ့ဖလား ဆင်နွဲခွင့်မရရှိသေးတာဖြစ်ပါတယ်။

Photo Credit : LaLiga

ဘောလုံးသမားတိုင်းက ဝင်ငွေတွေ ကောင်းလာချိန်မှာ အပြင်စီးပွားရေးတွေ လုပ်ဆောင်လာတတ်ကြပြီး မိုရာတာလည်း ထိုနည်းတူပဲ Crosantino လို့ အမည်ပေးထားတဲ့ လခြမ်းကွေးမုန့်တွေ ရောင်းတဲ့မုန့်ဆိုင်တစ်ခုမှာ ရင်းနှီးမြှပ်နှံလို့ထားပါတယ်။ မိုရာတာက လခြမ်းကွေးမုန့်ကို အလွန်နှစ်သက်သူဖြစ်ပြီး ရီးရဲလ်မှာ ကစားခဲ့စဉ်တုန်းက ဒါဘီပြိုင်ဘက် အသက်လက်တီကိုနည်းပြန ဆီမြွန်နီတောင် လခြမ်းကွေးမုန့်အကြောင်း ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။