ခရစ္စတီယာနိုနဲ့ လီယွန်နယ်မက်ဆီတို့ပဲ အပြန်အလှန်ရရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘလွန်းဒီအောဆုကို သူတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ဖို့ဆိုတာ မလွယ်ကူပေမယ့် ခရိုအေးရှား ကွင်းလယ်ကစားသမားဖြစ်သူ လူကာမိုဒရစ်ကတော့ ၂၀၁၈ခုနှစ်မှာ ဘလွန်းဒီအောဆုကို မက်ဆီ ရော်နယ်ဒိုတို့ရဲ့ လွှမ်းမိုးမှုကို ဖောက်ထွက်ပြီး ရယူနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုလောက်ကြာအောင် လွှမ်းမိုးထားတဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ အောင်မြင်မှုကို ကျော်လွွန်ပြီး ဒီလိုအောင်မြင်မှုကို ရယူထားခဲ့တဲ့ မိုဒရစ်ရဲ့ လူသိနည်းနေသေးတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ(၅)ခုကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : AS English

မိုဒရစ်ဟာ သူရဲ့ငယ်ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ယူဂိုဆလက်ပ်စစ်ပွဲကာလအတွင်းမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ မွေးရပ်မြေမှာ ရေကြီးမှု ဖြစ်ခဲ့တဲ့နောက်မှာတော့ မိုဒရစ်ဟာ ငယ်ငယ်လေးနဲ့ ဒုက္ခသည်ဖြစ်ခဲဲ့ရပြီး တည်းခိုခန်းတွေကနေ သနားလို့ပေးနေခဲ့တဲ့ အခန်းလေးတွေမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

Photo Credit : FIFA

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဆိုပေမယ့် မိုဒရစ်ဟာ ၂၀၀၈ခုနှစ်တုန်းက ရီးရဲလ်ရဲ့ ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အရမ်းနီးစပ်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က မိုဒရစ်ကိုယ်တိုင် ဘာစီလိုနာမှာ ကစားချင်ကြောင်း အင်တာဗျူးမှာ ရင်ဖွင့်ခဲ့သေးသလို ဘာစီလိုနာဝတ်စုံနဲ့တောင် ဓါတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

Photo Credit : EssenitallySports

မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့ ပွဲဦးထွက်မှာပဲ ဆုဖလားတစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ၂၀၁၂ခုနှစ်က စပါးအသင်းကနေ ရီးရဲလ်ကို ရောက်လာခဲ့တဲ့ မိုဒရစ်က စပိန်စူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်အတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ပြီး သူယခင်က အရမ်းကစားချင်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အနိုင်ရယူကာ စူပါဖလားကို ကိုင်မြောက်နိုင်ခဲ့ရပါတယ်။

Photo Credit : BeSoccer

ဒီလို ရောက်ရောက်ချင်း အသင်းနဲ့ အောင်မြင်မှု ရယူနိုင်ခဲ့တဲ့ မိုဒရစ်က သူရဲ့ ပွဲဲဦးထွက်ရာသီဖြစ်သော ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာတော့ ရီးရဲလ်အတွက် လုံးဝခြေစွမ်းပြနိုင်ခြင်းမရှိပဲ ရုန်းကန်ခဲ့ရလို့ သူ့ကို လာလီဂါပြိုင်ပွဲရဲ့ ၂၀၁၂ခုနှစ် အဆိုးရွှားဆုံး ခေါ်ယူမှုအဖြစ်တောင် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit : Wikipedia

မိုဒရစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က သူရဲ့ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယနေရာထိရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၂၀၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မိုဒရစ်က အခြားသော ပြိုင်ပွဲဝင်တွေအားလုံးထက် ကစားချိန်မိနစ် အများဆုံးကစားခဲ့သူအဖြစ် မှတ်တမ်းတင်ခံခဲ့ပြီး ၆၄၉မိနစ်အထိ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။