၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ခရီးလမ်းက ထက်ဝက်ကျော်လာခဲ့ပြီးဖြစ်သလို ပြိုင်ပွဲပြီးဆုံးဖို့ကလည်း ပွဲစဉ်(၁၄)ခုသာ ကျန်ရှိပါတော့တယ်။ လက်ရှိမှာ ချန်ပီယံဆုဖလားအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ မရှိတော့ပေမယ့် ဥရောပဝင်ခွင့်အတွက်က လီဗာပူးလ်နဲ့မန်စီးတီးအသင်းတွေအတွက်ပဲ သေချာနေတာဖြစ်ပြီး ကျန်တဲ့အသင်းတွေက မရေမရာ ဖြစ်နေသေးတာမို့ စိတ်ဝင်စားစရာကောင်းနေရသလို ကျန်တဲ့တစ်ဦးချင်းဆုတွေဖြစ်တဲ့ ဂိုးသွင်းအများဆုံးဆုနဲ့ တစ်နှစ်တာရဲ့အကောင်းဆုံးကစားသမားဆုတွေအတွက်ကလည်း ရင်ခုန်စရာပါ။ အခုပြောချင်တာက တစ်နှစ်တာအကေင်းဆုံး ကစားသမားဆုအတွက် ဖြစ်နိုင်ခြေရှိတဲ့ ကစားသမားတွေအကြောင်းပါ။
Photo Credit : One Football
ဆာဒီယိုမာနေး
ဒီရာသီ လီဗာပူးလ်အတွက် ခြေစွမ်းပြနေတဲ့ ကစားသမားတွေက တစ်သင်းလုံးနီးပါး ခြေစွမ်းပြခဲ့ကြတယ်ဆိုပေမယ့် ဒီထဲကမှ တစ်ရာသီလုံးရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ရမယ်ဆိုရင် မာနေးက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ လီဗာပူးလ်ကို ရောက်လာချိန်ကတည်းက အထူးခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်ကစားသမား မာနေးက ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး၁၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ်ထားပြီး စိုးရိမ်ရတာကတော့ မနေ့ညက ဝုလ်ဗ်နဲ့ ဒဏ်ရာရသွားခဲ့တာပါပဲ။
Photo Credit : One Football
ကယ်ဗင်ဒီဘရိုင်း
မာနေးရဲ့နောက် ဒုတိယမြောက် ရေပန်းအစားဆုံးဖြစ်နေသူကတော့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ကစားသမား ဒီဘရိုင်းဖြစ်ပါတယ်။ မန်စီးတီးက ဒီရာသီမှာ မနှစ်ကလောက် စွမ်းဆောင်ကောင်းတွေ မပြသနိုင်ခဲ့ပေမယ့်လည်း ဒီဘရိုင်းကတော့ ဂိုးဖန်တီးမှုများစွာကို လုပ်ဆောင်ခဲ့ရာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း မတူညီတဲ့ ဘောလုံးရာသီ၃ခုမှာ ဂိုးဖန်တီးမှု အနည်းဆုံး ၁၅ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီရာသီမှာ ဒီဘရိုင်းစွမ်းဆောင်ရည်တွေက လုံးဝကို အသိအမှတ်ပြုချင်စရာပါ။
Photo Credit : One Football
ဂျေမီဗာဒီ
အခုစာရင်းမှာ ပါဝင်နေသူတွေထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဗာဒီက သူရဲ့အသက်အရွှယ်နဲ့မလိုက်အောင် ပြေးအားတွေကောင်း အဆုံးသတ်တွေကောင်းနေသေးကာ ပရီးမီးယားလိဂ် ဒီရာသီ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ဗာဒီရဲ့လက်စတာအသင်းကတော့ ပရီးမီးယားလိဂ်ဖလားကို ဒုတိယအကြိမ် ရယူနိုင်ဖို့ မဖြစ်နိုင်တော့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ဖြစ်နိုင်သေးတာမို့ ဒီလိုသာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆို ဗာဒီရဲ့သွင်းဂိုးတွေက အရေးပါဆုံး အခန်းကဏ္ဍာက ပါဝင်နေတာမို့ သူရဲ့စွမ်းဆောင်ရည်ကိုလည်း လစ်လျူရှလို့ မရပါဘူး။
Photo Credit : One Football
ဆာဂျီယိုအဂူရို
ဗာဒီရဲ့ဒီရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးနေရာကို လုယူဖို့ တဖြည်းဖြည်းအနီးကပ်လာခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုကလည်း သွင်းဂိုး၁၀ဂိုးလောက် သွင်းယူပြီး ဒဏ်ရာကြောင့် အနားယူထားရာကနေ ပြန်လည်သက်သာလာချိန်မှာတော့ ဝင်ရောက်ကစားပြီး ၃ပွဲအတွင်း ၆ဂိုးအထိ ရယူရာကနေ သွင်းဂိုးစုစုပေါင်း ၁၆ဂိုးရှိလာခဲ့သလို ပရီးမီးယားလိဂ်မှာလည်း သမိုင်းစံချိန်မှတ်တမ်းသစ်တွေကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူလည်းပဲ ဒီဘရိုင်းလိုပဲ အသင်းက စွမ်းဆောင်ရည်အကောင်းကြီးမဟုတ်ပဲ သူရဲ့တစ်ဦးချင်းစွမ်းဆောင်ရည်ကတော့ မေ့ထားလို့မရလောက်အောင်ပါပဲ။
Photo Credit : One Football
ဂျော်ဒန်ဟန်ဒါဆန်
တကယ်တော့ တစ်နှစ်တာအကောင်းဆုံးဆုအတွက် လီဗာပူးလ်အသင်းကနေ ကစားသမားတွေကို ရွေးထုတ်ပေးရမယ်ဆိုရင် တော်တော်လေးကို ခေါင်းခဲရနိုင်ပေမယ့်လည်း အားလုံးထဲမှာမှ နောက်ထပ်ကစားသမားအဖြစ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ရွေးချယ်ထားချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကနေစတင်ပြီး လီဗာပူးလ်ရဲ့ကွင်းလယ်မှာ ဟန်ဒါဆန်ကို အကောင်းဆုံးထိန်းချုပ်မောင်းနှင်နေပြီး လိုအပ်ရင် သွင်းဂိုးတွေလည်း ရယူထားသလို သူရဲ့ခေါင်းဆောင်မှုအောက်မှာ အသင်းကို ဟန်ချက်ညီအောင် တည်ဆောက်ထားနိုင်ပါတယ်။
(Zawgyi)
ဒီႏွစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆု ရရွိနုိင္ဖြယ္ရွိေနတဲ႔ ကစားသမားမ်ား
၂၀၁၉-၂၀၂၀ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ခရီးလမ္းက ထက္ဝက္ေက်ာ္လာခဲ႔ၿပီးျဖစ္သလုိ ၿပိဳင္ပြဲၿပီးဆုံးဖုိ႔ကလည္း ပြဲစဥ္(၁၄)ခုသာ က်န္ရွိပါေတာ့တယ္။ လက္ရွိမွာ ခ်န္ပီယံဆုဖလားအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာ မရွိေတာ့ေပမယ့္ ဥေရာပဝင္ခြင့္အတြက္က လီဗာပူးလ္နဲ႔မန္စီးတီးအသင္းေတြအတြက္ပဲ ေသခ်ာေနတာျဖစ္ၿပီး က်န္တဲ႔အသင္းေတြက မေရမရာ ျဖစ္ေနေသးတာမုိ႔ စိတ္ဝင္စားစရာေကာင္းေနရသလုိ က်န္တဲ႔တစ္ဦးခ်င္းဆုေတြျဖစ္တဲ႔ ဂုိးသြင္းအမ်ားဆုံးဆုနဲ႔ တစ္ႏွစ္တာရဲ႕အေကာင္းဆုံးကစားသမားဆုေတြအတြက္ကလည္း ရင္ခုန္စရာပါ။ အခုေျပာခ်င္တာက တစ္ႏွစ္တာအေကင္းဆုံး ကစားသမားဆုအတြက္ ျဖစ္ႏိုင္ေျခရွိတဲ႔ ကစားသမားေတြအေၾကာင္းပါ။
Photo Credit : One Football
ဆာဒီယုိမာေနး
ဒီရာသီ လီဗာပူးလ္အတြက္ ေျခစြမ္းျပေနတဲ႔ ကစားသမားေတြက တစ္သင္းလုံးနီးပါး ေျခစြမ္းျပခဲ႔ၾကတယ္ဆုိေပမယ့္ ဒီထဲကမွ တစ္ရာသီလုံးရဲ႕ အေကာင္းဆုံးကစားသမားဆုအတြက္ ေရြးခ်ယ္ရမယ္ဆုိရင္ မာေနးက ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ လီဗာပူးလ္ကုိ ေရာက္လာခ်ိန္ကတည္းက အထူးေျခစြမ္းျပေနတဲ့ ေတာင္ပံတုိက္စစ္ကစားသမား မာေနးက ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂုိး၁၁ဂုိးနဲ႔ ဂုိးဖန္တီးမႈ ၆ႀကိမ္ျပဳလုပ္ထားၿပီး စုိးရိမ္ရတာကေတာ့ မေန႔ညက ဝုလ္ဗ္နဲ႔ ဒဏ္ရာရသြားခဲ႔တာပါပဲ။
Photo Credit : One Football
ကယ္ဗင္ဒီဘရုိင္း
မာေနးရဲ႕ေနာက္ ဒုတိယေျမာက္ ေရပန္းအစားဆုံးျဖစ္ေနသူကေတာ့ မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ကစားသမား ဒီဘရုိင္းျဖစ္ပါတယ္။ မန္စီးတီးက ဒီရာသီမွာ မႏွစ္ကေလာက္ စြမ္းေဆာင္ေကာင္းေတြ မျပသႏုိင္ခဲ႔ေပမယ့္လည္း ဒီဘရုိင္းကေတာ့ ဂုိးဖန္တီးမႈမ်ားစြာကုိ လုပ္ေဆာင္ခဲ႔ရာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း မတူညီတဲ႔ ေဘာလုံးရာသီ၃ခုမွာ ဂုိးဖန္တီးမႈ အနည္းဆုံး ၁၅ႀကိမ္အထိ ျပဳလုပ္ႏုိင္ခဲ႔သူ ျဖစ္လာခဲ႔ပါတယ္။ ဒါေၾကာင့္လည္း ဒီရာသီမွာ ဒီဘရုိင္းစြမ္းေဆာင္ရည္ေတြက လုံးဝကုိ အသိအမွတ္ျပဳခ်င္စရာပါ။
Photo Credit : One Football
ေဂ်မီဗာဒီ
အခုစာရင္းမွာ ပါဝင္ေနသူေတြထဲမွာ အသက္အႀကီးဆုံးျဖစ္တဲ႔ ဗာဒီက သူရဲ႕အသက္အရႊယ္နဲ႔မလုိက္ေအာင္ ေျပးအားေတြေကာင္း အဆုံးသတ္ေတြေကာင္းေနေသးကာ ပရီးမီးယားလိဂ္ ဒီရာသီ သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။ ဗာဒီရဲ႕လက္စတာအသင္းကေတာ့ ပရီးမီးယားလိဂ္ဖလားကုိ ဒုတိယအႀကိမ္ ရယူႏုိင္ဖုိ႔ မျဖစ္ႏုိင္ေတာ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကေတာ့ ျဖစ္ႏုိင္ေသးတာမုိ႔ ဒီလုိသာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ႔မယ္ဆုိ ဗာဒီရဲ႕သြင္းဂုိးေတြက အေရးပါဆုံး အခန္းက႑ာက ပါဝင္ေနတာမုိ႔ သူရဲ႕စြမ္းေဆာင္ရည္ကုိလည္း လစ္လ်ဴရွလုိ႔ မရပါဘူး။
Photo Credit : One Football
ဆာဂ်ီယုိအဂူရုိ
ဗာဒီရဲ႕ဒီရာသီ ပရီးမီးယားလိဂ္ ဂုိးသြင္းအမ်ားဆုံးေနရာကုိ လုယူဖုိ႔ တျဖည္းျဖည္းအနီးကပ္လာခဲ႔တဲ႔ မန္စီးတီးတုိက္စစ္မွဴး အဂူရုိကလည္း သြင္းဂုိး၁၀ဂုိးေလာက္ သြင္းယူၿပီး ဒဏ္ရာေၾကာင့္ အနားယူထားရာကေန ျပန္လည္သက္သာလာခ်ိန္မွာေတာ့ ဝင္ေရာက္ကစားၿပီး ၃ပြဲအတြင္း ၆ဂုိးအထိ ရယူရာကေန သြင္းဂုိးစုစုေပါင္း ၁၆ဂုိးရွိလာခဲ႔သလုိ ပရီးမီးယားလိဂ္မွာလည္း သမုိင္းစံခ်ိန္မွတ္တမ္းသစ္ေတြကုိ ေရးထုိးႏုိင္ခဲ႔ပါတယ္။ ဒါေၾကာင့္ သူလည္းပဲ ဒီဘရုိင္းလုိပဲ အသင္းက စြမ္းေဆာင္ရည္အေကာင္းႀကီးမဟုတ္ပဲ သူရဲ႕တစ္ဦးခ်င္းစြမ္းေဆာင္ရည္ကေတာ့ ေမ့ထားလုိ႔မရေလာက္ေအာင္ပါပဲ။
Photo Credit : One Football
ေဂ်ာ္ဒန္ဟန္ဒါဆန္
တကယ္ေတာ့ တစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ လီဗာပူးလ္အသင္းကေန ကစားသမားေတြကုိ ေရြးထုတ္ေပးရမယ္ဆုိရင္ ေတာ္ေတာ္ေလးကုိ ေခါင္းခဲရနုိင္ေပမယ့္လည္း အားလုံးထဲမွာမွ ေနာက္ထပ္ကစားသမားအျဖစ္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကုိ ေရြးခ်ယ္ထားခ်င္ပါတယ္။ ၿပီးခဲ႔တဲ႔ႏွစ္ေတြကေနစတင္ၿပီး လီဗာပူးလ္ရဲ႕ကြင္းလယ္မွာ ဟန္ဒါဆန္ကုိ အေကာင္းဆုံးထိန္းခ်ဳပ္ေမာင္းႏွင္ေနၿပီး လုိအပ္ရင္ သြင္းဂုိးေတြလည္း ရယူထားသလုိ သူရဲ႕ေခါင္းေဆာင္မႈေအာက္မွာ အသင္းကုိ ဟန္ခ်က္ညီေအာင္ တည္ေဆာက္ထားႏုိင္ပါတယ္။
Ref : One Football