လက်ရှိဘောလုံးရာသီမှာ လူမသိ ၊ သူမသိ အနေအထားတစ်ခုကနေ ပရိသတ်တွေကြားထဲမှာပါမက ထိပ်တန်းအသင်းကြီးတွေရဲ့ အလေးထားစောင့်ကြည့်မှုကို ခံခဲ့ရသူကတော့ ဒေါ့မွန် အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဟာလန်းပဲ ဖြစ်ပါတယ်။ ဆဲလ်ဘက်အသင်းနဲ့အတူ ပထမ ရာသီဝက်မှာ တောက်ပခဲ့ပြီးတဲ့နောက် ဒေါ့မွန် အသင်းဆီကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ခဲ့တဲ့ ဟာလန်းဟာ လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့ ထိပ်သီးဂိုးသွင်းရှင် တစ်ဦး ဖြစ်လို့နေပါပြီ။

Photo Credit: Metro.com

ဟာလန်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ စျေးကွက်မှာ ဒေါ့မွန်အသင်းကို ရောက်လာခဲ့အပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ၆ပွဲကစား ၉ဂိုး သွင်းယူထားနိုင်ပြီး ဂျာမန်ပိုကယ်ဖလားမှာတော့ ၁ပွဲကစား ၁ဂိုးသွင်းထားနိုင်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒေါ့မွန်အသင်း အတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ ရင်ဆိုင်ကစားရတဲ့ပွဲမှာ ဒေါ့မွန် အသင်းအတ​ွက် ဦးဆောင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ကာ စုစုပေါင်း သွင်းဂိုးဆယ်ဂိုးအထိ ရရှိထားပြီး ဂိုးသွင်းဘုရင်ဆုကို ရရှိဖို့ ရေပန်းစားနေပါတယ်။

Photo Credit: Metro.com

မနေ့ညက ကစားခဲ့တဲ့ ဝါဒါဘရီမင်အသင်းနဲ့ ပွဲမှာ ဟာလန်းဟာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့​အပြီး လက်ရှိဘောလုံးရာသီမှာ သွင်းဂိုး ၄၀အထိ ပြည့်မြောက်သွားခဲ့ကာ ဥရောပ ထိပ်သီးလိဂ် ၅ခုမှာ ဂိုး၄၀ပြည့်မြောက်တဲ့ ပထမဦးဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တယ် လို့ သိရပါတယ်။ အဆိုပါ ဂိုး၄၀ကို ခွဲခြမ်း စိတ်ဖြာကြည့်ပါက ဟာလန်းက ဒေါ့မွန်အသင်း အတွက် သွင်းဂိုး ၁၂ဂိုးသွင်းယူပေးထားပြီး အသင်းဟောင်း ဆဲလ်ဘက်အသင်းအတွက် ၂၈ဂိုး သွင်းယူပေးခဲ့တာပါ။

ဒါနဲ့ ရာသီကုန်ရင် ဟာလန်းအနေနဲ့ သွင်းဂိုး ဘယ်လောက် ရရှိမယ်ထင်လဲဗျ….?