MySport Myanmar

ဖာမီနိုရဲ့ ဘော်ဒါဟောင်း မာနေးကိုပါ ခေါ်ယူဖွယ် ရှိနေတဲ့ အယ်လ်အာလီ

အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ချယ်လ်ဆီး ဂိုးသမား အက်ဒွါမန်ဒီ နဲ့ လီဗာပူးလ် တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုတို့ကို ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းဟာ အခုလည်း ဖာမီနိုရဲ့ အသင်းဖော်ဟောင်း ဆာဒီယိုမာနေးကိုပါ ထပ်မံ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Evening Standard

ဆော်ဒီကလပ်အသင်းတွေက လီဗာပူးလ် ကစားသမားဟောင်း ဆီနီဂေါ စူပါစတား ကစားသမား မာနေးကို အတော်လေး မျက်စိကျနေကြပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ထားကြပါတယ်။ လက်ရှိမှာတော့ တချိန်က လီဗာပူးလ်ရဲ့ တိုက်စစ် trio မှာ အပါအဝင် ဖြစ်ခဲ့တဲ့ ဖာမီနိုကို ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ အယ်လ်အာလီက သူတို့ အသင်းတိုက်စစ်ပိုင်းမှာ မာနေး ဖာမီနိုဆိုတဲ့ တိုက်စစ် အတွဲအဖက်ဟောင်းကို ပြန်လည် ပုံဖော်နိုင်ဖို့အတွက် မာနေးကို အသည်းအသန် အလိုရှိလာခဲ့ပါတယ်။

Photo Credit : Goal

မာနေးက မနှစ်က နွေဈေးကွက်မှာပဲ လီဗာပူးလ်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ဘိုင်ယန်ကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီက ရုန်းကန်မှုတွေနဲ့သာ ပြည့်နှက်ခဲ့ရပါတယ်။ အသင်းဖော် ဆာနေးနဲ့ ခိုက်ရန် ဖြစ်ပွားရင်း ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့တာတွေ ဘွန်ဒက်စ်လီဂါ ဘောလုံးသမားတွေ စုပေါင်း ရွေးချယ်ခဲ့တဲ့ တစ်နှစ်တာရဲ့ စိတ်ပျက်စရာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရတာတွေက မာနေးအတွက် စိတ်မချမ်းမြေ့စရာတွေ ဖြစ်ခဲ့ရတယ် ဆိုပေမယ့်လည်း မာနေးကတော့ သူ့ကစားသမားဘဝကို ဘိုင်ယန်နဲ့သာ ဆက်လက် ဖြတ်သန်းသွားဦးမယ်လို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။

Photo Credit : Vanguard News

ဒါပေမယ့်လည်း ဘိုင်ယန်ဘက်က မာနေးကို အသင်းကနေ ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် အယ်လ်အာလီ အပါအဝင် ဆော်ဒီကလပ်အသင်းတွေက မာနေး နဲ့ ဘိုင်ယန်အခြေအနေကို စောင့်ကြည့်လျက် ရှိနေပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကတော့ ကစားသမားရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ ပိုမို မူတည်နေဖွယ် ရှိနေပါတယ်။

 

Exit mobile version