MySport Myanmar

လာမဲ့ နွေရာသီမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားတော့မဲ့ ဖာမီနို

လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးမြှင့်သွားတော့ပဲ လာမဲ့ နွေမှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာ ဖြစ်တယ်လို့ သတင်းမီဒီယာ များစွာကနေ ဖော်ပြလာခဲ့သလို ဖာမီနိုရဲ့ အေးဂျင့်ကပါ အတည်ပြုလိုက်ပါတယ်။

Photo Credit : Twitter

တိုက်စစ်ကစားသမား ဖာမီနိုဟာ ၂၀၁၅ခုနှစ်ကတည်းက ဘွန်ဒစ်လီဂါကလပ် ဟော်ဖန်ဟင်မ်အသင်းကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလား အက်အေဖလား လိဂ်ဖလား ကွန်မြူနတီဒိုင်းနဲ့ ဆုဖလားအားလုံးကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့အတူ ဘောလုံးရာသီ (၈)ရာသီမြောက်ကို ဖြတ်သန်းနေတဲ့ ဖာမီနိုဟာ ဒီရာသီ ကုန်ဆုံးတာနဲ့ သူနဲ့ လီဗာပူးလ်အသင်းတို့ကြားက စာချုပ်သက်တမ်းဟာလည်း ကုန်ဆုံးပြီဖြစ်ပြီး အသင်းနည်းပြ ကလော့ပ်က ဖာမီနိုကို သက်တမ်း ထပ်တိုးချင်နေပေမဲ့ ဖာမီနိုကတော့ အသင်းကနေ ထွက်ခွာဖို့ကိုသာ ရွေးချယ်လိုက်ပါတယ်။

Photo Credit : Daily Star

လက်ရှိ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မိုဆာလာ ဒါဝင်နူးနက်ဇ် လူးဝစ်ဒီးယက်ဇ် ဂက်ပို ဂျိုတာ ဖာမီနိုတို့ ရှိနေကြပေမဲ့ ဒီ တိုက်စစ် အစုအဖွဲ့မှာ ဖာမီနိုရဲ့ အခန်းကဏ္ဍက အမှေးမှိန်ဆုံး ဖြစ်နေရသလို တိုက်စစ်ပိုင်းထဲ အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်နေရတာကြောင့် သူ့ထက်စာရင် ကစားသမားတွေဖြစ်တဲ့ နူးနက်ဇ် ဂက်ပိုတို့ကို ကလော့ပ်က ပိုသုံးလာနိုင်သလို ဆာလာ ဂျိုတာ ဒီးယက်ဇ်တို့ကလည်း ပွဲထွက်နေရာအတွက် အာမခံချက် ရှိနေသူတွေဖြစ်လို့ ဖာမီနို အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒါကို သိရှိနေတဲ့ ဖာမီနိုက လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ထက် သက်တမ်းမတိုးတော့ပဲ အသင်းကနေသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ကိုပဲ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

Photo Credit : Twitter

ဖာမီနိုလို လီဗာပူးလ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြထားနိုင်ခဲ့တဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မဲ့ အခွင့်အရေးက တော်ရုံတန်ရုံ အခွင့်အရေး မဟုတ်လို့ ဥရောပ ကလပ်အသင်းများ အထူးသဖြင့် တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ အသင်းတွေက ဖာမီနိုကို အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ ဖာမီနိုကို လက်ရှိမှာ အင်တာ အေစီမီလန် ဂျုဗင်တပ်စ် ရိုးမားတို့လို စီးရီးအေကလပ်တွေက အပြိုင် စိတ်ဝင်စားလျက် ရှိနေကြပြီး အသက်လက်တီကိုကလည်း ဖာမီနိုရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

Exit mobile version