အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူး အသင်းရဲ့ ကြယ်ပွင့်တိုက်စစ် ကစားမား ဖြစ်သူ ရော်ဘတ်တို ဖာမီနို က ဒီနေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို သူတို့ရဲ့ နေရာအမှန်ဆီ ပြန်ပို့ပေးရမယ်လို့ အသင်းဖော် ကစားသမားတွေကို ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုလက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီးတော့ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကို သုံးမှတ်ဖြတ်တောက် ထားတာကြောင့် ဒီနေ့ညမှာ ကစားမယ့် လီဗာပူး အသင်းနဲ့ ယူနိုက်တက် အသင်းတို့ ပွဲစဉ်ဟာ နှစ်ပေါင်းများစွာ အကြာမှာ အကောင်းဆုံးနဲ့ အကြိတ်အနယ် အရှိဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

လီဗာပူး အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဖာမီနိုက ယူနိုက်တက် နဲ့ ပွဲစဉ် မတိုင်ခင်မှာ အခုလိုပဲ ကြုံးဝါး ‌ပြောဆိုခဲ့ပါတယ်။ “ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဒီရာသီမှာ အကောင်းဆုံး ပုံစံကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ ရှင်းလင်းပါတယ်၊ ဒါက နှစ်ပေါင်းများစွာ အကြာမှ သူတို့ရဲ့ အကောင်းဆုံး ပုံစံလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက် ကောင်းနေပါစေ ကျွန်တော့်အတွက် အံ့ဩစရာ မရှိပါဘူး၊ ဘာလို့လဲဆိုရင် မန်ယူက အသင်းကောင်း တစ်သင်း ဖြစ်ပြီးတော့ ဒါကလည်း အမြဲတမ်း ထူးခြားတဲ့ ပွဲစဉ် တစ်ပွဲဖြစ်နေလို့ပါပဲ။ အခုချိန်မှာတော့၊ အမှတ်ပေးဖလားပြိုင်ပွဲမှာ သူတို့က ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက်လို့ ပြောလို့ရပါတယ်၊ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ အနေနဲ့ သူတို့ကို အနိုင်ယူပြပြီး ကျွန်တော်တို့ကသာ ချန်ပီယံဖြစ်ကြောင်း သူတို့ကို သတိပေးရပါမယ် ”

Photo Credit: Daily Mail

“ ဒီလိုပွဲစဉ်မျိုးဆိုတာ ဘယ်လို ပရော်ဖက်ရှင်နယ် ကစားသမားမဆို ဝင်ရောက် ကစားပြီး‌တော့ အနိုင်ယူချင်တဲ့ ကစားပွဲ တစ်ပွဲပါပဲ။ အကယ်၍ ကျွန်တော်တို့ ရှုံးခဲ့ရင်၊ အဲ့ဒါက ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို အများကြီး စိတ်ဆင်းရဲစေမယ် ဆိုတာ သေချာပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ အနိုင်ရတာထက် ကျန်တဲ့အရာ ဘာမှရှိမနေစေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်။ ဒါက နှစ်စဉ်နှစ်တိုင်း အတွက် အထူးပွဲစဉ်တစ်ပွဲပါပဲ၊ ဘာလို့လဲဆိုရင် ဒါက အင်္ဂလိပ် ဘောလုံးရဲ့ အနှစ်သာရ တစ်ခုပါပဲ။ ဒီလိုအချိန်မျိုးက ပိုပြီးတော့တောင် ထူးခြားနေတယ်ဆိုတာ ကျွန်တော် သဘောတူပါတယ်၊ ဒါပေမယ့် သူတို့က ကျွန်တော်တို့ထက် သုံးမှတ်ထဲ ပိုပြီးတော့ ရှေ့ရောက်နေတာပါ၊ အကယ်၍သာ ကျွန်တော်တို့ နိုင်ခဲ့ရင် ကျွန်တော်တို့ အနေနဲ့ သူတို့ကို မှီသွားမှာ ဖြစ်ပြီးတော့ ဆုဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နိုင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒါက ရုန်းကန်မှုတွေ အများကြီးနဲ့ ရှုပ်ထွေးတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမယ့် ဒုတိယအကြိမ် ချန်ပီယံအဖြစ်နဲ့ အဆုံးသတ် နိုင်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါတယ်၊ အဲ့ဒါက ကျွန်တော်တို့ အမြဲလုပ်ချင်နေခဲ့တဲ့ အရာပါပဲ ” လို့ ပြောဆိုသွားခဲ့ပါတယ်။