ဖလာမင်ဂိုအသင်း နဲ့ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ဘယ်စွန်နောက်ခံ ကစားသမား ဖီလစ် လူးဝစ်ကတော့ မက်ဆီကို သူ့ရဲ့ အင်္ကျီပေးဖို့ တစ်ကြိမ်မှ မတောင်းခဲ့ဖူးကြောင်း နဲ့ မက်ဆီကပဲ ဘလွန်းဒီအော်ဆုကို နှစ်စဉ်နှစ်တိုင်း အမြဲတမ်း ရရှိသင့်တယ်လို့ ပြောကြားသွားလိုက်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘလွန်းဒီအော်ဆုကို အပြိုင် တစ်လှည့်စီ အလှည့်ကျ ရရှိခဲ့ကြတာကြောင့် (၅) ကြိမ်စီ ရရှိခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ မက်ဆီက ရရှိခဲ့တာကြောင့် ဘလွန်းဒီအော်ဆု အများဆုံး ရရှိသူ ဖြစ်လာနိုင်ခဲ့ပါတယ်။

Photo Credit: Marca

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ (၂၀၁၉) ခုနှစ်မှာ ဘလွန်းဒီအော်ဆု ရရှိခဲ့တာကြောင့် (၆) ကြိမ်မြောက် ရရှိခဲ့ပြီး (၅) ကြိမ် ရရှိထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကို (၁) ကြိမ် ကျော်လွန်သွားခဲ့သလို ကမ္ဘာမှာ ဘလွန်းဒီအော်ဆု အများဆုံး ရရှိတဲ့ သူ ဖြစ်လာနိုင်ခဲ့ပါတယ်။ အက်သလက်တီကို နောက်ခံ ကစားသမားဟောင်း လက်ရှိမှာ ဖလာမင်ဂို ဘယ်နောက်ခံလူ ဖီးလစ် လူးဝစ်ကတော့ မက်ဆီလို ကစားသမားမျိုးက နောက်တစ်ကြိမ် ရှိလာဖို့ အလွန် ခက်ခဲတာကြောင့် မက်ဆီကသာ ဘလွန်းဒီအော်ဆုကို အမြဲတမ်း ရရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

ဖီလစ် လူးဝစ်က “ကျွန်တော် မက်ဆီကို တားဖို့ သူ့ကို အမြဲတမ်း ကန်ခဲ့တယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို ရန်လိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကျွန်တော် သူ့ကို သူ့ရဲ့ ဘောလုံးကစားဟန်ကြောင့် အလွန် သဘောကျပါတယ်။ ကျွန်တော် သူ့ကို သူ့ရဲ့ အင်္ကျီကို ဘယ်တုန်းကမှ မတောင်းဖူးဘူး။ ဘာလို့လဲဆိုရင် ကျွန်တော် ကွင်းထဲကို ဝင်လာတာက အနိုင်ရယူဖို့ ဖြစ်ပြီး မက်ဆီနဲ့ ပြိုင်ဘက် အဖြစ် ကစားခဲ့တယ်လို့ ပြောဖို့ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ဘယ်လို တွေးသလဲ ဆိုတာ လူတိုင်း သိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ လုပ်စရာ တစ်ခုတာက သူ့ကို ကြည့်ပြီး ပျော်ဖို့ပါပဲ။ ဘာလို့လဲဆိုရင် သူလို ကစားသမားက ဘယ်နှစ်နှစ်ကြာမှ၊ ဘယ်ရာစုနှစ်ကြာမှာ နောက်ထပ် ပေါ်လာမလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်လို့ပါပဲ။ သူက ဘလွန်းဒီအော်ဆုကို အမြဲတမ်း ရသင့်ပါတယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။