နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်လေ့ရှိတဲ့ တစ်နှစ်တာ နေရာအလို အကောင်းဆုံး ကစားသမား(၁၁)ယောက်စာရင်းအတွက် ဆန်ခါတင် ကစားသမား(၂၃)ယောက်ကို ထုတ်ပြန်လာခဲ့ရာမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာရော အခုနှစ် ဘောလုံးရာသီမှာပါ လီဗာပူးလ်အသင်းအတွက် သွင်းဂို်းတွေ များစွာရယူပေးခဲ့သူ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာ အံ့အားသင့်စွာ မပါဝင်လာပဲ ဘာစီလိုနာအသင်းဆီ တကျော့ပြန် ရောက်ရှိလာတဲ့ ဝါရင့်ကစားသမားကြီး ဒန်နီအဲလ်ဗက်စ်က ဒီဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ရပါတယ်။

Photo Credit : FingFut

Fifa World XI ဆန်ခါတင်စာရင်းမှာ လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်လ်ဒို ရောဘတ်လီဝန်ဒေါစကီး ကာရန်ဘန်ဇီမာ အန်ဂိုလိုကန်တီ ကယ်ဗင်ဒီဘရိုင်းနား အက်ဒွါမန်ဒီ ရူဘင်ဒီယက်စ် ဘရူနိုဖာနန်ဒက်စ် အလက်ဆန်းဒါးအာနိုးတို့လို ကစားသမားတွေမျိုးတွေ ပါဝင်လာခြင်းက ဖြစ်သင့်တဲ့ ရွေးချယ်မှုတစ်ရပ် ဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ(၃၁)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဆာလာ ချန်လှပ်ခံခဲ့ရခြင်းက အတော်လေးကို အံ့အားသင့်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Newsbyte

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပီအက်စ်ဂျီအသင်းကို ပြင်သစ်မှာ လီဂူးဝမ်း ချန်ပီယံဖြစ်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် တစ်ရာသီလုံး ပြိုင်ပွဲစုံသွင်းဂိုး (၁၇)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက သူ့ထက် ဂိုးထက်ဝက်လောက် ပိုသွင်းယူခဲ့တဲ့ မိုဆာလာကို ကျော်လွန်ပြီး ဆန်ခါတင် (၂၃)ဦးစာရင်းထဲ ပါဝင်လာခဲ့ခြင်းဟာလည်း ပိုလို့တောင် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဆော်ပေါ်လိုအသင်းမှာ ကျင်လည်နေခဲ့ရတဲ့ ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်မှာလည်း ဆန်ခါတင် (၂၃)ဦးစာရင်းထဲ ပါဝင်လာခဲ့ရသလို ဒါက သူရဲ့ ဘရာဇီးလ် အိုလံပစ်အသင်းကို တိုကျိုအိုလံပစ်မှာ ရွှေတံဆိပ်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုကြောင့်သာ ဖြစ်နိုင်ခြေ ရှိပါတယ်။

Fifa World XI ဆန်ခါတင်စာရင်း

ဂိုး – အယ်လီဆန်ဘတ်ကာ ၊ ဒွန်နာရမ်မာ ၊ မန်ဒီ

ခံစစ် – အလာဘာ ၊ အယ်လ်ဘာ ၊ အာနိုး ၊ အဲလ်ဗက်စ် ၊ ဘနူချီ ၊ ဒီယက်စ်

ကွင်းလယ် – ဘူးစကတ်စ် ၊ ဒီဘရိုင်းနား ၊ ဖာနန်ဒက်စ် ၊ ဒီဂျောင် ၊ ဂျော်ဂျင်ဟို ၊ ကန်တီ

တိုက်စစ် – မက်ဆီ ၊ ရော်နယ်လ်ဒို ၊ ဘာပေ ၊ ဟာလန်း ၊ ဘန်ဇီမာ ၊ လီဝန်ဒေါစကီး ၊ လူကာကူ ၊ နေမာ