ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA ဟာ super-agents တွေရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ အတွက် အပြောင်းအရွှေ့ ကာလမှာ တစ်ဦးကို တစ်ပါတီပဲ ကိုယ်စားပြုရမယ် ဆိုပြီး ကန့်သတ်ချက်တွေ ချမှတ်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကန့်သတ်ချက်တွေ ကို နောက်နှစ်မှာ စတင်နိုင်မယ်လို့လည်း ခန့်မှန်းရပါတယ်။ FIFAရဲ့ စနစ်သစ်အရ အေးဂျင့်တွေ အနေနဲ့ အပြောင်းအရွှေ့ ကာလမှာ ကစားသမား ဒါမှမဟုတ် အရောင်း ဒါမှမဟုတ် အသင်းဝယ် စတဲ့ သုံးမျိုးကို တစ်မျိုးပဲ ကိုယ်စားပြုခွင့်ရမှာ ဖြစ်ပါတယ်။ အခန်းကဏ္ဍအပေါ်ကို လိုက်ပြီးတော့ အေးဂျင့်‌တွေ ကစားသမားရဲ့ လစာ ၃ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အထိ တစ်ကြိမ် ခံစားခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

FIFA ရဲ့ အကြီးအကဲ နဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အမ်မီလီယို ဂါစီယာ ဆေးလ်ဗားရို ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့ အတွက် အလွယ်ကူဆုံး အလုပ်က ဘာမှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာမှာတော့ နည်းနည်းလေး သတ္တိရှိချင်ပါတယ်။ တစ်ချို့လူတွေက ဒီ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး သဘောမကျဘူးဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးလောကကို ငွေနဲ့ အနိုင်ကျင့် နေတာတွေကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီစည်းမျဉ်း စည်းကမ်းတွေကို တွက်ချက်ပြီးပါပြီ။ အနည်းဆုံး စံချိန် စံနှုန်းတွေ နဲ့ ကျင့်ဝတ်တွေ မြင့်တက်လာပါလိမ့်မယ်။ အေးဂျင့်တွေရဲ့ လုပ်ကိုင်ခွင့်အပေါ်တော့ ထိခိုက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်မှာတော့ ဘဏ္ဍာရေးအရ ထိခိုက်မယ်လို့ မမြင်မိပါဘူး။ အေးဂျင့်တွေက ကစားသမားတွေနဲ့ အသင်း အတွက် အဖိုးဖြတ်မရတဲ့ အရာပါ။ ကျွန်တော် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ သံသယ ဖြစ်စရာ လုံးဝ မရှိပါဘူး ”

Photo Credit: Metro

အပြောင်းအရွှေ့မှာ အေးဂျင့်တွေရဲ့ ရှုပ်ထွေးလှတဲ့ အခန်းကဏ္ဍတွေကြောင့် ကစာသမား တွေရဲ့ ပြောင်းရွှေ့မှုတွေဟာ စိုးရိမ်ရတဲ့ အနေအထားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါ အသစ်ချမှတ်မယ့် စည်းမျဉ်းစည်းကမ်းတွေ ပါရှိတဲ့ စာအုပ်မှာ စာမျက်နှာ ၃၃ မျက်နှာ ပါရှိပြီးတော့ နောက်နှစ် အစပိုင်းလောက်မှာ စတင် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။