ယမန်နေ့မှာတော့ ပရီးမီးယားလိဂ်ရဲ့ နာမည် ကြီး အသင်းတစ်သင်းဖြစ်တဲ့ မန်ယူအသင်းဟာ စပိန်အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်နီဂွက်စ်ကို ခေါ်ယူမယ်ဆိုတဲ့ အပြောင်းအရွှေ့သတင်းဟာ ဘောလုံးလောက ကို အတော်လေး ဂယက်ရိုက်သွားစေပါတယ်။ အဆိုပါ သတင်းကို ဖော်ပြခဲ့တဲ့ သတင်းဌာန အများစုဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေ ဖြစ်တာကြောင့် ဘောလုံးကျွမ်းကျင်သူတွေကတော့ မန်ယူအသင်းဟာ ဆာအူလ်ကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးပမ်းနေပြီ ဖြစ်တယ်လို့လသုံးသပ် ဆွေးနွေးထားကြပါတယ်။

Photo Credit: ManUtd Times.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ အသက်၂၅နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆာအူလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်းဝန်းကျင် အသုံးပြုကာ ခေါ်ယူမှာ ဖြစ်တယ်လို့ သိရပြီး ဆာအူလ်ကို မခေါ်ယူမီမှာ အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေါ့ဘာကို အသင်းကနေ ဦးစွာ ရှင်းထုတ်သွားမယ် လို့ သိရှိရပါတယ်။ မန်ယူအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဖာဒီနန်ကတော့ မန်ယူအသင်းနဲ့ ဆာအူလ်တို့ရဲ့ အပြောင်းအရွှေ့သတင်းကို အတော်လေးသဘောကျနေပြီး သူဟာ ဆာအူလ် ကို စောင့်ကြည့်နေတာ အတော်ကြာနေပြီ ဖြစ်ကြောင်းနဲ့ ဆာအူလ်ဟာ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်ကြောင်း ထောက်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: ManUtd Times.com

ဆာအူလ်နဲ့ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ သတင်းအပေါ် ဖာဒီနန်က ” ဆာအူလ်ဟာ အတော်လေး ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်က သူ့ရဲ့အကြောင်းကို ပြောပြောနေတာ အတော်ကြာနေပါပြီ။ သူက အဓိကကျတဲ့ ကစားသမားတစ်ဦးလို့ ထင်ပါတယ်။ သူက စိတ်တည်ငြိမ်တယ်။ အရမ်းကောင်းတဲ့ ဘယ်ခြေတစ်ချောင်းရှိတယ်။ ပြီးတော့ အသင်းရဲ့ ကစားကွက်အတွက် လိုက်လံ ချိတ်ဆက်ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ ဂိုးတွေလဲ သွင်းယူနိုင်တယ်။ နည်းစနစ်ပိုင်းအရတော့ သူက အရမ်းကို ကောင်းမွန်ပါတယ်။ ခင်ဗျားက သူ့ရဲ့ အသင်းကို ဆီမြွန်နီဘယ်လို တည်ဆောက်ထားလဲဆိုတာ သိမှာပါ။ သူ့ရဲ့ ကွင်းလယ်လူတိုင်းက အရမ်းကို နည်းစနစ်ကြွယ်ဝပါတယ်။ အခု လက်ရှိမှာတော့ မန်ယူအသင်းကို သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။ မန်ယူ အသင်းက ကစားသမားအများစုနဲ့ ချိတ်ဆက် နေတဲ့အသင်းလေ ” လို့ သူ့ရဲ့အမြင်ကို ပြောပြ သွားခဲ့ပါတယ်။