ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် လက်ရှိဘောလုံးရာသီကို ဘယ်နေ့ဘယ်ရက်လောက်မှ ပြန်စနိုင်မလဲဆိုတာ မသိနိုင်သေးသလို အခန့်မသင့်ရင် အခုဘောလုံးရာသီကိုတောင် အပြီးသတ်သွားနိုင်ဖွယ် ရှိနေပါတယ်။ ဒီအတိုင်းပါပဲ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီသစ်တစ်ခုကိုလည်း ထုံးစံအတိုင်း သြဂုတ်လအတွင်းမှာ စတင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမယ့် အဲ့ဒီဘောလုံးရာသီ ပြန်စချိန်မှာတော့ ဘောလုံးသမား အပြောင်းအရွှေ့တွေက ပုံမှန်အတိုင်း ပြန်ဖြစ်နေဦးမှာဖြစ်ပြီး ဒီထဲကမှ ဘယ်လူငယ်ကြယ်ပွင့်တွေက အသင်းကြီးတွေ ရောက်သွားနိုင်မလဲဆိုတာ ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : AllFootball

အူပါမီကာနို
လိုက်ပ်ဇစ်အသင်းရဲ့ပြင်သစ်နောက်ခံကစားသမား အူပါမီကာနိုကတော့ ဂျာမန်ဘွန်ဒက်လီဂါမှာ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရပြီး လိုက်ပ်ဇစ်နောက်တန်းကို ဦးဆောင်နေသူဖြစ်ပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့ ဒီနောက်ခံလူကို ဘာစီလိုနာ အာဆင်နယ် စပါးအသင်းတို့ကနေ ခေါ်ယူဖို့ စိတ်ဝင်တစားရှိနေကြပြီး ဒီအသင်းတွေထဲမှာတော့ အာဆင်နယ်က အူပါမီကာနိုကို စိတ်ဝင်အစားဆုံးဖြစ်နေပါတယ်။ လက်ရှိ ဒီကစားသမားရဲ့လက်ရှိတန်ကြေးက ယူရိုသန်း(၅၀)လောက် ရှိနေပါတယ်။

Photo Credit : AllFootball

ကာမာဗင်ဂါ
အသက်(၁၇)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် ရန်းစ်ကြယ်ပွင့်ကစားသမားလေး ကာမာဗင်ဂါဟာ ဆယ်ကျော်သက်ကစားသမားတွေထဲမှာ တန်ကြေးအမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ ဂျုဗင်တပ်စ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်တစားရှိနေကြပြီး လတ်တလောမှာတော့ ရီးရဲလ်အသင်းက ကာမာဗင်ဂါကို ခေါ်ယူဖို့အတွက် အနီးစပ်ဆုံး ဖြစ်လို့နေပါတယ်။

Photo Credit : AllFootball

တိုနယ်လီ
အီတလီကွင်းလယ်ကစားသမားလေး တိုနယ်လီကတော့ စီးရီးအေကို ပြန်လည်တန်းတတ်လာခဲ့တဲ့ ဘရက်ရှားအသင်းနဲ့အတူ သူရဲ့ခြေစွမ်းကောင်းတွေကို တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေသိအောင် ချပြနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်(၁၉)နှစ်သာရှိသေးတဲ့ ကွင်းလယ်ခံစစ်ကစားသမားလေး ဆန်ဒရိုတိုနယ်လီဟာ ၂၀၁၉ခုနှစ်ထဲမှာ အီတလီလက်ရွေးစင်အသင်းရဲ့ ရွေးချယ်မှုကို ခံထားရသူဖြစ်ပါတယ်။ ယူရို(၃၅)သန်းတန်ကြေးရှိတဲ့ တိုနယ်လီကို ဂျုဗင်တပ်စ် အင်တာ ဘိုင်ယန် ပီအက်စ်ဂျီ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ကနေ စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : AllFootball

ဇာဘော့ဇ်လိုင်း
ဒေါ့မွန်အသင်းကို ရောက်ရှိလို့နေတဲ့ တိုက်စစ်မှူးဟာလန်းရဲ့ ဆာလ်ဇ်ဘာဂ်အသင်းဖော်ဟောင်း ဇာဘော့ဇ်လိုင်းကိုလည်း လတ်တလောမှာ အသင်းပေါင်းများစွာကနေ မျက်စိကျလျက်ရှိနေပြီး သူရဲ့လက်ရှိတန်ကြေးကတော့ ယူရို(၁၅)သန်းလောက်အထိ ရှိနေပါတယ်။ အသက်(၁၉)နှစ်သာရှိသေးတဲ့ ဒီဟန်ဂေရီ ကွင်းလယ်ကစားသမား ဇာဘော့ဇ်လိုင်းကို ဥရောပအသင်းပေါင်းများစွာနဲ့ အီတလီစီးရီးအေ အသင်းကြီးတွေဖြစ်တဲ့ အင်တာ အေစီနဲ့ ဂျုဗင်တပ်စ်တို့ကနေ စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : AllFootball

ဖာရန်တောရက်စ်

ဖာရန်တောရက်စ်ဗလင်စီယာအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဖာရန်တောရက်စ်ကတော့ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေကို အထူးပြသထားနိုင်သူဖြစ်ကာ အသင်းအတွက်ကိုလည်း ဒီရာသီမှာ ပွဲပေါင်းများစွာ ပါဝင်ကစားထားနိုင်သူဖြစ်ပါတယ်။ အသက်(၂၀)အရွှယ်သာရှိသေးတဲ့ စပိန်ညာတောင်ပံကစားသမား ဖာရန်တောရက်စ်ရဲ့လက်ရှိတန်ကြေးက ယူရိုသန်း(၅၀)ခန့်ရှိနေပြီး အသက်လက်တီကို ဂျုဗင်တပ်စ် လီဗာပူးလ် မန်စီးတီး ရီးရဲလ် ဘာစီလိုနာအသင်းတို့ကနေ စိတ်ဝင်စားလို့နေပါတယ်။