MySport Myanmar

ဖာနန်ဒိုတောရက်စ် vs အာဘီလိုအာ အသင်းဖော်ဟောင်း(၂)ဦးရဲ့ ရန်ပွဲ

ယခင်တုန်းက လီဗာပူးလ်အသင်းမှာ စပိန်လက်ရွေးစင်အသင်းမှာပါ အတူ တွဲဖက် ကစားခဲ့ဖူးကြတဲ့ ဖာနန်ဒိုတောရက်စ် နဲ့ အာဘီလိုအာတို့ နှစ်ဦးက အခု ဘောလုံးနည်းပြတွေအဖြစ် ထိပ်တိုက် ရင်ဆိုင်ကြရာ အချေအတင်တွေ ဖြစ်ခဲ့လို့ အဝါကတ် အနီကတ်တွေပါ ပြသခံခဲ့ရပါသေးတယ်။

Photo Credit : The Mirror

စပိန် ကစားသမားဟောင်းနှစ်ဦးဖြစ်တဲ့ တောရက်စ် နဲ့ အာဘီလိုအာတို့ နှစ်ဦးဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နည်းပြနယ်ပယ်ထဲကို စတင် ဝင်ရောက်လာခဲ့ပြီး တောရက်စ်က ၂၀၂၁ခုနှစ် ဇူလိုင်လမှာပဲ အသက်လက်တီကို ယူ-၁၉အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို အာဘီလိုအာကလည်း ရီးယဲလ်ရဲ့ ယူ-၁၄ နည်းပြအဖြစ် ဆောင်ရွက်ရင်း (၂)နှစ်အကြာမှတော့ ယူ-၁၉ နည်းပြ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Marca

တောရက်စ် နဲ့ အာဘီလိုအာတို့ဟာ ကစားသမားဘဝမှာတုန်းက နည်းပြကြီး ရာဖေးလ်ဘင်နီတက်ဇ် လက်အောက် လီဗာပူးလ်အသင်းမှာ (၂)နှစ်ခွဲလောက်အထိ အသင်းဖော်တွေအဖြစ် တွဲဖက် ကစားခဲ့ဖူးပါတယ်။ အခုတော့ နည်းပြတွေ ဖြစ်နေကြတဲ့ အသင်းဖော်ဟောင်း နှစ်ဦးဟာ ယူ၁၉ မက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် ထိပ်တိုက် တွေ့ဆုံကြရင်း တောရက်စ် နဲ့ အာဘီလိုအာတို့က အချင်းချင်း စကားများ ရန်ဖြစ်ကြပြီး ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နပန်းသမားတစ်ဦးလို ထွားကျိုင်းလာခဲ့သူ တောရက်စ်က အာဘီလိုအာနဲ့ တွန်းထုတ်ခဲ့လို့ အနီကတ်ပါ ပြသခံလိုက်ရပါတယ်။ ရန်ပွဲမှာ ပါဝင်ခဲ့တဲ့ အာဘီလိုအာကတော့ အဝါကတ်သာ ပြသခံလိုက်ရပါတယ်။

ဒီပွဲစဉ်မှာ တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့ပြီး လက်ရှိ ရီးယဲလ် ယူ-၁၉အသင်းက ပွဲပေါင်း (၃၀) ကစားထားပြီးချိန် လုံးဝ ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည်နေသလို တောရက်စ်ရဲ့ အသက်လက်တီကို ယူ-၁၉အသင်းကတော့ ရီးယဲလ်ရဲ့ (၅)မှတ်အကွာ ဒုတိယနေရာမှာသာ ရပ်တည်နေပါတယ်။

Exit mobile version