ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ မန္ခ်က္စတာယူနိုက္တက္အသင္းထံကို ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ဖူးတဲ့ ဘင္ဖီကာအသင္းရဲ့ လူငယ္ကြင္းလယ္ကစားသမား ျဖစ္တဲ့ ဂ်က္ဆန္ဖာနန္ဒက္စ္ကေတာ့ လက္ရွိမွာ လန္ဒန္ၿမိဳ႕ခံအသင္းတစ္သင္းျဖစ္တဲ့ ဝက္ဟမ္းအသင္းထံကို အငွားနဲ႔ ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမွု ရရွိခဲ့ၿပီလို႔ သိရပါတယ္။

Photo Credit: Sky Sports.com

အသက္၂၁ႏွစ္အရြယ္ ဖာနန္ဒက္စ္ဟာ ဘင္ဖီကာအသင္းရဲ့ လူငယ္အကယ္ဒမီကေန ထြက္ေပၚလာသူတစ္ဦးျဖစ္ၿပီး လက္ရွိ ေဘာလုံးရာသီမွာ ဘင္ဖီကာအသင္းအတြက္ ၇ပြဲ ကစားေပးထားသူလည္း ျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ဝက္ဟမ္းအသင္းဟာ ဖာနန္ဒက္စ္ကို ၁၈လအငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ သေဘာတူညီမွု ရခဲ့ေၾကာင္း သိရၿပီး ဘင္ဖီကာအသင္းရဲ့ ေနာက္ဆုံးခြင့္ျပဳခ်က္ေတာ့ လိုေနေသးတယ္လို႔ သိရပါတယ္။

Photo Credit: Sky Sports.com

ဂ်က္ဆန္ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕နဲ႔ ပတ္သတ္ၿပီး ဝက္ဟမ္းနည္းၿပ မိုရက္စ္က ” ကၽြန္ေတာ္တို႔ဟာ ကစားသမားအမ်ားႀကီးကို ေခၚယူမွာ မဟုတ္ေပမယ့္ ဖာနန္ဒက္စ္ကေတာ့ ကၽြန္ေတာ္တို႔နဲ႔ ေဆြးေႏြးေနတဲ့သူ တစ္ဦးပါ။ ဒါေပမယ္ အခုခ်ိန္မွာေတာ့ ကၽြန္ေတာ္က သူ႔အေၾကာင္း မေျပာနိုင္ေသးပါဘူး။ ဘာလို႔လည္းဆိုေတာ့ ကၽြန္ေတာ္က ဒီသတင္းစာရွင္းလင္းပြဲကို ေလ့က်င့္ေရးကြင္းကေန တန္းလာခဲ့လို႔ပါ။ အေရးႀကီးဆုံးကေတာ့ သူဟာ ငယ္ရြယ္ၿပီး ေတာက္ပတဲ့အနာဂတ္ရွိသူျဖစ္တာပါပဲ ” လို႔ ေျပာဆိုထားခဲ့ပါတယ္။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ဖူးတဲ့ ဘင်ဖီကာအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဂျက်ဆန်ဖာနန်ဒက်စ်ကတော့ လက်ရှိမှာ လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ ဝက်ဟမ်းအသင်းထံကို အငှားနဲ့ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

Photo Credit: Sky Sports.com

အသက်၂၁နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ဘင်ဖီကာအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူတစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဘင်ဖီကာအသင်းအတွက် ၇ပွဲ ကစားပေးထားသူလည်း ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဝက်ဟမ်းအသင်းဟာ ဖာနန်ဒက်စ်ကို ၁၈လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပြီး ဘင်ဖီကာအသင်းရဲ့ နောက်ဆုံးခွင့်ပြုချက်တော့ လိုနေသေးတယ်လို့ သိရပါတယ်။

Photo Credit: Sky Sports.com

ဂျက်ဆန်ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဝက်ဟမ်းနည်းပြ မိုရက်စ်က ” ကျွန်တော်တို့ဟာ ကစားသမားအများကြီးကို ခေါ်ယူမှာ မဟုတ်ပေမယ့် ဖာနန်ဒက်စ်ကတော့ ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့သူ တစ်ဦးပါ။ ဒါပေမယ် အခုချိန်မှာတော့ ကျွန်တော်က သူ့အကြောင်း မပြောနိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ဒီသတင်းစာရှင်းလင်းပွဲကို လေ့ကျင့်ရေးကွင်းကနေ တန်းလာခဲ့လို့ပါ။ အရေးကြီးဆုံးကတော့ သူဟာ ငယ်ရွယ်ပြီး တောက်ပတဲ့အနာဂတ်ရှိသူဖြစ်တာပါပဲ ” လို့ ပြောဆိုထားခဲ့ပါတယ်။