ယခု ဇန္နဝါရီလအေျပာင္းအေရႊ႕မွာ သတင္းႀကီးေနတဲ့ ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ ယူနိုက္တက္အသင္းနဲ႔ ေပၚတူဂီ အသင္း စပို႔တင္းလစၥဘြန္းအသင္းရဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕ဟာ လက္ရွိအခ်ိန္မွာေတာ့ လိပ္ခဲတည္းလည္း အေနအထားတစ္ခုကို ေရာက္ရွိလို႔ ေနပါတယ္။

Photo Credit: Standard.com

ယူနိုက္တက္အသင္းဟာ ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ အမွန္အကန္ ႀကိဳးစားေနတာ ျဖစ္ေပမယ့္ သူတို႔အသင္း ေပးေခ်လိုတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ စပို႔တင္းအသင္းဘက္က ဖာနန္ဒက္ အတြက္ အလိုရွိေနတဲ့ ေျပာင္းေရႊ႕ေၾကးဟာ လက္ရွိအခ်ိန္အထိ ညႇိႏွိုင္းလို႔ မရေသးတဲ့ အေနအထားေၾကာင့္ အေျပာင္းအေရႊ႕ဟာ ၾကန႔္ၾကာေနခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Standard.com

ယူနိုက္တက္အသင္းဟာ ဖာနန္ဒက္စ္ကို ေခၚယူနိုင္ဖို႔အတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္၅၀သန္းနဲ႔အတူ အပိုဆုေၾကး ေပါင္ ၁၀သန္း ပါဝင္တဲ့ ကမ္းလွမ္းမွုတစ္ခုနဲ႔ စပို႔တင္းကို ကမ္းလွမ္းထားခဲ့တာျဖစ္ၿပီး စပို႔တင္း အသင္းဘက္ကေတာ့ အဆိုပါ ေျပာင္းေရႊ႕ေၾကးကို သေဘာမက်ပဲ ဖာနန္ဒက္စ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္၆၅သန္းနဲ႔ အၿပီးသတ္ေရာင္းခ်လိုေနတာျဖစ္တယ္လို႔ ေပၚတူဂီသတင္းစာေတြနဲ႔အတူ အဂၤလန္သတင္းမီဒီယာေတြကပါ ေဖာ္ျပထားခဲ့ၾကပါတယ္။

Photo Credit: Standard.com

ယေန႔မနက္မွာ ထြက္ေပၚလာတဲ့သတင္းေတြအရ ဖာနန္ဒက္စ္ဟာ ယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ခြင့္ မရမွာကို စိုးရိမ္ေနေၾကာင္း စပို႔တင္းအသင္းကို ဖြင့္ေျပာထားကာ အေျပာင္းအေရႊ႕ကို ခပ္ျမန္ျမန္အဆုံးသတ္ေပးဖို႔ သူ႔ရဲ့ ေအးဂ်င့္ျဖစ္သူကို ေျပာဆိုထားေၾကာင္း သိရွိထားရၿပီး ဖာနန္ဒက္စ္ရဲ့ အသင္းေျပာင္းလိုတဲ့ ဆႏၵေၾကာင့္ အေျပာင္းအေရႊ႕ဟာ ခပ္ျမန္ျမန္ ျဖစ္ေပၚလာနိုင္ဖြယ္ ရွိေနပါတယ္။

ယခု ဇန်နဝါရီလအပြောင်းအရွှေ့မှာ သတင်းကြီးနေတဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီ အသင်း စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ဟာ လက်ရှိအချိန်မှာတော့ လိပ်ခဲတည်းလည်း အနေအထားတစ်ခုကို ရောက်ရှိလို့ နေပါတယ်။

Photo Credit: Standard.com

ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် အမှန်အကန် ကြိုးစားနေတာ ဖြစ်ပေမယ့် သူတို့အသင်း ပေးချေလိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ စပို့တင်းအသင်းဘက်က ဖာနန်ဒက် အတွက် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးဟာ လက်ရှိအချိန်အထိ ညှိနှိုင်းလို့ မရသေးတဲ့ အနေအထားကြောင့် အပြောင်းအရွှေ့ဟာ ကြန့်ကြာနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်၅၀သန်းနဲ့အတူ အပိုဆုကြေး ပေါင် ၁၀သန်း ပါဝင်တဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ စပို့တင်းကို ကမ်းလှမ်းထားခဲ့တာဖြစ်ပြီး စပို့တင်း အသင်းဘက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးကို သဘောမကျပဲ ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင်၆၅သန်းနဲ့ အပြီးသတ်ရောင်းချလိုနေတာဖြစ်တယ်လို့ ပေါ်တူဂီသတင်းစာတွေနဲ့အတူ အင်္ဂလန်သတင်းမီဒီယာတွေကပါ ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Standard.com

ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခွင့် မရမှာကို စိုးရိမ်နေကြောင်း စပို့တင်းအသင်းကို ဖွင့်ပြောထားကာ အပြောင်းအရွှေ့ကို ခပ်မြန်မြန်အဆုံးသတ်ပေးဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူကို ပြောဆိုထားကြောင်း သိရှိထားရပြီး ဖာနန်ဒက်စ်ရဲ့ အသင်းပြောင်းလိုတဲ့ ဆန္ဒကြောင့် အပြောင်းအရွှေ့ဟာ ခပ်မြန်မြန် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပါတယ်။