ေပၚတူဂီ နာမည္ႀကီးအသင္းျဖစ္တဲ့ စပို႔တင္းအသင္းဟာ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာေတာ့ အသင္းရဲ့ အသင္းေခါင္းေဆာင္ တစ္ျဖစ္လဲ အသင္းရဲ့ အဓိက ကစားသမား ဘ႐ူနိုဖာနန္ဒက္စ္ကို မန္ခ်က္စတာယူနိုက္တက္ အသင္းထံ ေရာင္းခ်ဖို႔အတြက္ ဆုံးျဖတ္လိုက္ၿပီ လို႔ ေပၚတူဂီသတင္းစာေတြနဲ႔ နာမည္ေက်ာ္ သတင္းေထာက္ေတြက အတည္ျပဳသြားခဲ့ၾကပါတယ္။

Photo Credit: The Sun.com

ယူနိုက္တက္အသင္းဟာ စပို႔တင္းရဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို ေခၚယူနိုင္ဖို႔ ေျပာင္းေရႊ႕ေၾကး ေပါင္၅၀သန္းကေန ၆၀သန္းၾကား တန္ဖိုးရွိတဲ့ ကမ္းလွမ္းမွုတစ္ခုနဲ႔ စပို႔တင္းထံ ကမ္းလွမ္းထားသလို စပို႔တင္းဘက္ကလည္း ယူနိုက္တက္ရဲ့ ကမ္းလွမ္းမွုကို သေဘာက်ကာ ဖာနန္ဒက္စ္ကို ေရာင္းခ်ရာကေန ရလာမယ့္ ေငြေၾကးကို ျပန္လည္အသုံးခ်ဖို႔ေတာင္ စတင္ လုပ္ေဆာင္ေနၿပီလို႔ သိရပါတယ္။

Photo Credit: The Sun.com

စပို႔တင္းအသင္းဟာ ဖာနန္ဒက္စ္ကို ေရာင္းခ်ရာကေန ရလာမယ့္ ေငြေၾကးေတြနဲ႔အတူ အသင္းရဲ့ တိုက္စစ္ပိုင္းအင္အားကို တိုးခ်ဲ႕ဖို႔ စဥ္းစားေနတာျဖစ္ၿပီး စပို႔တင္းအသင္း ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ ကစားသမားကေတာ့ ဩစတီးယားကလပ္တစ္ခုျဖစ္တဲ့ ဘရာတီဆလာဗာ အသင္းရဲ့ တိုက္စစ္မွူး စပိုရာပဲ ျဖစ္ပါတယ္။

Photo Credit: The Sun.com

ထြက္ေပၚလာတဲ့သတင္းေတြအရ စပို႔တင္း အသင္းရဲ့ဒါရိုက္တာျဖစ္သူ ဟူဂို ဗီယာနာဟာ ဩစတီးယားနိုင္ငံရဲ့ ဗီယင္နာၿမိဳ႕ကို ေရာက္ရွိခဲ့ၿပီး စပိုရာရဲ့ အေျပာင္းအေရႊ႕အတြက္ ညႇိႏွိုင္းမွုေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ ဒါ့ေၾကာင့္ ယခုရက္ပိုင္းအတြင္းမွာပဲ ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕ဟာ တရားဝင္ ျဖစ္ေပၚလာဖို႔ ရွိပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ပေါ်တူဂီ နာမည်ကြီးအသင်းဖြစ်တဲ့ စပို့တင်းအသင်းဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတော့ အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဖြစ်လဲ အသင်းရဲ့ အဓိက ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို မန်ချက်စတာယူနိုက်တက် အသင်းထံ ရောင်းချဖို့အတွက် ဆုံးဖြတ်လိုက်ပြီ လို့ ပေါ်တူဂီသတင်းစာတွေနဲ့ နာမည်ကျော် သတင်းထောက်တွေက အတည်ပြုသွားခဲ့ကြပါတယ်။

Photo Credit: The Sun.com

ယူနိုက်တက်အသင်းဟာ စပို့တင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းကနေ ၆၀သန်းကြား တန်ဖိုးရှိတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ စပို့တင်းထံ ကမ်းလှမ်းထားသလို စပို့တင်းဘက်ကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို သဘောကျကာ ဖာနန်ဒက်စ်ကို ရောင်းချရာကနေ ရလာမယ့် ငွေကြေးကို ပြန်လည်အသုံးချဖို့တောင် စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Photo Credit: The Sun.com

စပို့တင်းအသင်းဟာ ဖာနန်ဒက်စ်ကို ရောင်းချရာကနေ ရလာမယ့် ငွေကြေးတွေနဲ့အတူ အသင်းရဲ့ တိုက်စစ်ပိုင်းအင်အားကို တိုးချဲ့ဖို့ စဉ်းစားနေတာဖြစ်ပြီး စပို့တင်းအသင်း ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ကစားသမားကတော့ ဩစတီးယားကလပ်တစ်ခုဖြစ်တဲ့ ဘရာတီဆလာဗာ အသင်းရဲ့ တိုက်စစ်မှူး စပိုရာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun.com

ထွက်ပေါ်လာတဲ့သတင်းတွေအရ စပို့တင်း အသင်းရဲ့ဒါရိုက်တာဖြစ်သူ ဟူဂို ဗီယာနာဟာ ဩစတီးယားနိုင်ငံရဲ့ ဗီယင်နာမြို့ကို ရောက်ရှိခဲ့ပြီး စပိုရာရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ယခုရက်ပိုင်းအတွင်းမှာပဲ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ဟာ တရားဝင် ဖြစ်ပေါ်လာဖို့ ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။