MySport Myanmar

ဆော်ဒီရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ယူနိုက်တက်မှာပဲ ဆက်နေခဲ့တဲ့ ဖာနန်ဒက်စ်

MANCHESTER, ENGLAND - JANUARY 14: Bruno Fernandes of Manchester United celebrates with team mates Antony and Casemiro after scoring the team's first goal during the Premier League match between Manchester United and Manchester City at Old Trafford on January 14, 2023 in Manchester, England. (Photo by Shaun Botterill/Getty Images)

   ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေ မျက်စိကျနေတဲ့ ကစားသမားတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်လည်း ပါဝင်နေပြီး ဖာနန်ဒက်စ်ဆီ ကမ်းလှမ်းမှုကြီး (၂)ခုအထိ ရောက်လာခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်မှာ ဆက်နေဖို့ကိုသာ ဆုံးဖြတ်ခဲ့လို့ ဆော်ဒီ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။

Photo Credit  : Twitter

   အသက် (၂၈)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ၂၀၂၀ခုနှစ်ကတည်းက စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက ယူနိုက်တက်ရဲ့ အဓိက အကျဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်နဲ့ (၃)ရာသီခွဲအထိ ဖြတ်သန်းထားခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အသင်းအတွက် (၁၈၅)ပွဲထိ ပါဝင် ကစားပေးထားရင်း (၆၄)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit  : Twitter

   ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းသာမက တစ်သင်းလုံးအတွက် မရှိမဖြစ် ကစားသမားတစ်ဦးလို အရေးပါနေတဲ့ ဖာနန်ဒက်စ်ကို ဒီနွေမှာ ကစားသမားကောင်းတွေ အဆက်မပြတ် ခေါ်ယူနေတဲ့ ဆော်ဒီ ပရိုလိဂ်အသင်းတွေကနေ ပြီးခဲ့တဲ့ ဇွန်လခန့်လောက်တုန်းက ကမ်းလှမ်းကြီး (၂)ခု ပြုလုပ်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်က သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတွေကို ချက်ချင်း ပယ်ချခဲ့ပြီး ယူနိုက်တက်အသင်းမှာပဲ ဆက်လက် ကစားဖို့ကိုပဲ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

   လက်ရှိမှာလည်း ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် ရာထူးကို တရားဝင် ဖယ်ရှားလိုက်ပြီဖြစ်လို့ ဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာဖို့ ရှိနေပြီး မနှစ်က ဘောလုံးရာသီမှာလည်း ပွဲအများစုကို အသင်းခေါင်းဆောင်အဖြစ် ပါဝင်ထားခဲ့ဖူးလို့ အတွေ့အကြုံတွေလည်း ရှိနေမှာ သေချာနေပါတယ်။

Exit mobile version