မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ စပို႔တင္း အသင္း ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းမွုဟာ ျဖစ္ေျမာက္ဖို႔ အတြက္ အလြန္အမင္း နီးစပ္တဲ့ အေနအထား တစ္ခုကို ေရာက္ရွိေနပါၿပီ။ ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ကို ေခၚယူနိုင္ဖို႔အတြက္ စပို႔တင္း အသင္းကို ေပါင္၆၀သန္းဝန္းက်င္ တန္ေၾကးရွိနိုင္တဲ့ ကမ္းလွမ္းမွုတစ္ခုနဲ႔ ကမ္းလွမ္းထားတာလို႔ သိရပါတယ္။
Photo Credit: Express.com
စပို႔တင္းအသင္းဟာ သူတို႔အသင္းရဲ့ အသင္းေခါင္းေဆာင္ ဖာနန္ဒက္စ္ကို ရာသီဝက္ ကာလမွာ လက္မလႊတ္လိုေပမယ့္ ယူနိုက္တက္ရဲ့ ကမ္းလွမ္းမွုဟာ မက္ေမာေလာက္စရာ ရွိေနသလို ဖာနန္ဒက္စ္ဘက္ကလည္း သူ႔ရဲ့ ကစားသမားဘဝ တိုးတက္မွုအတြက္ ယူနိုက္တက္လို အသင္းႀကီးတစ္သင္းကို ေျပာင္းေရႊ႕လိုေနတာလည္း ျဖစ္ပါတယ္။
Photo Credit: Express.com
လက္ရွိ ထြက္ေပၚေနတဲ့သတင္းေတြအရေတာ့ ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕နဲ႔ပတ္သတ္ၿပီး စပို႔တင္းအသင္းနဲ႔ ယူနိုက္တက္အသင္းတို႔ၾကားမွာ ေျပာင္းေရႊ႕ေၾကး ညိႏွိုင္းရာမွာ လိပ္ခဲတည္းလည္း အေနအထားျဖစ္ေနၿပီး ယူနိုက္တက္တို႔ ေပးေခ်လိုတဲ့ ေျပာင္းေရႊ႕ေၾကးဟာ စပို႔တင္း လိုခ်င္ေနတဲ့ ေျပာင္းေရႊ႕ေၾကးဟာ အနည္းငယ္ ကြာဟေနတယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အဆိုပါျပႆနာကို ေျဖရွင္းဖို႔အတြက္ ဖာနန္ဒက္စ္ရဲ့ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့စ္မန္ဒက္ ဟာ ယူနိုက္တက္အသင္းထံကို ေရာက္ရွိေနပါတယ္။
Photo Credit: Express.com
ဖာနန္ဒက္စ္နဲ႔ နီးစပ္သူေတြရဲ့ အဆိုအရ ဘ႐ူနို ဖာနန္ဒက္စ္ဟာ စေနေန႔မနက္ ၃နာရီခြဲမွာ ကစားရမယ့္ စပို႔တင္းအသင္းနဲ႔ ဘင္ဖီကာတို႔ရဲ့ ပြဲစဥ္ၿပီးတဲ့အခါက်ရင္ အဂၤလန္ကို လာေရာက္ဖို႔ ရွိေနတယ္လို႔ သိထားရပါတယ္။ စေနေန႔မွာ အဂၤလန္ကို ေရာက္လာမယ့္ ဖာနန္ဒက္စ္ဟာ တနဂၤေႏြေန႔ညမွာ ကစားရမယ့္ လီဗာပူးလ္နဲ႔ ယူနိုက္တက္တို႔ရဲ့ ပြဲစဥ္ကိုပါ တစ္ပါတည္း ၾကည့္ရွုဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ ၾကားသိရပါတယ္။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပို့တင်း အသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုဟာ ဖြစ်မြောက်ဖို့ အတွက် အလွန်အမင်း နီးစပ်တဲ့ အနေအထား တစ်ခုကို ရောက်ရှိနေပါပြီ။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် စပို့တင်း အသင်းကို ပေါင်၆၀သန်းဝန်းကျင် တန်ကြေးရှိနိုင်တဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ကမ်းလှမ်းထားတာလို့ သိရပါတယ်။
Photo Credit: Express.com
စပို့တင်းအသင်းဟာ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ရာသီဝက် ကာလမှာ လက်မလွှတ်လိုပေမယ့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုဟာ မက်မောလောက်စရာ ရှိနေသလို ဖာနန်ဒက်စ်ဘက်ကလည်း သူ့ရဲ့ ကစားသမားဘဝ တိုးတက်မှုအတွက် ယူနိုက်တက်လို အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့လိုနေတာလည်း ဖြစ်ပါတယ်။
Photo Credit: Express.com
လက်ရှိ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး စပို့တင်းအသင်းနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေး ညိနှိုင်းရာမှာ လိပ်ခဲတည်းလည်း အနေအထားဖြစ်နေပြီး ယူနိုက်တက်တို့ ပေးချေလိုတဲ့ ပြောင်းရွှေ့ကြေးဟာ စပို့တင်း လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးဟာ အနည်းငယ် ကွာဟနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါပြဿနာကို ဖြေရှင်းဖို့အတွက် ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက် ဟာ ယူနိုက်တက်အသင်းထံကို ရောက်ရှိနေပါတယ်။
Photo Credit: Express.com
ဖာနန်ဒက်စ်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ ဘရူနို ဖာနန်ဒက်စ်ဟာ စနေနေ့မနက် ၃နာရီခွဲမှာ ကစားရမယ့် စပို့တင်းအသင်းနဲ့ ဘင်ဖီကာတို့ရဲ့ ပွဲစဉ်ပြီးတဲ့အခါကျရင် အင်္ဂလန်ကို လာရောက်ဖို့ ရှိနေတယ်လို့ သိထားရပါတယ်။ စနေနေ့မှာ အင်္ဂလန်ကို ရောက်လာမယ့် ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့ညမှာ ကစားရမယ့် လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကိုပါ တစ်ပါတည်း ကြည့်ရှုဖို့အတွက် လုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ်။