မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ကာလရွည္ သတင္းေတြထြက္ေပၚခဲ့တဲ့ စပို႔တင္းအသင္းရဲ့ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ကို ကနဦး ေျပာင္းေရႊ႕ေၾကး ယူရို၅၅သန္းနဲ႔အတူ စုစုေပါင္း ေျပာင္းေရႊ႕ေၾကး ယူရို၈၀သန္းအထိ တိုးျမႇင့္လာမယ့္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူနိုင္ခဲ့ပါၿပီ။ ဖာနန္ဒက္စ္ဟာ ယူနိုက္တက္အသင္းမွာ ဂႏၲဝင္ကစားသမား ေပါလ္စခိုးရဲ့ ေက်ာနံပါတ္ ၁၈ကို ဝတ္ဆင္ ကစားမွာလည္း ျဖစ္ပါတယ္။

 

Photo Credit: Express.com

ယူနိုက္တက္အသင္းဟာ ဖာနန္ဒက္စ္ကို ႏွစ္ရာသီအထိ ကင္းေထာက္အဖြဲ႕ဝင္ေတြေရာ ၊ နည္းျပအဖြဲ႕ဝင္ေတြကပါ ေလ့လာေစာင့္ၾကည့္ခဲ့တာျဖစ္ၿပီး ယခုမွသာ ေခၚယူခဲ့တာလို႔လည္း သိရပါတယ္။ ဖာနန္ဒက္စ္ကေတာ့ သူ႔အေနနဲ႔ သူ႔ရဲ့ နိုင္ငံအသင္းေဖာ္ျဖစ္တဲ့ စီရိုနယ္ဒို ရွိစဥ္ကတည္းက ယူနိုက္တက္အသင္းကို အားေပးခဲ့တာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

 

Photo Credit: Express.com

ဖာနန္ဒက္စ္က ” CR7 ကစားကတည္းက ယူနိုက္တက္အသင္းကို ကၽြန္ေတာ္ခ်စ္ျမတ္နိုးခဲ့တာပါ။ ကၽြန္ေတာ္က အဲ့ဒီအခ်ိန္မွာကတည္းက ဒီလို ႀကီးက်ယ္တဲ့အသင္းရဲ့ ပရိသတ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။ အခုခ်ိန္မွာ အသင္းအတြက္ ကစားေပးရေတာ့မယ္ဆိုတဲ့ ခံစားခ်က္က အရမ္းကို ေကာင္းမြန္ပါတယ္ ” လို႔ အသင္းရဲ့ မီဒီယာေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေျပာျပသြားခဲ့တာပါ။

 

Photo Credit: Express.com

ဆက္လက္ၿပီး ဖာနန္ဒက္စ္က သူ႔အေနနဲ႔ အသင္းရဲ့ ေအာင္ျမင္မွုအတြက္ ဘာမဆို လုပ္သြားမယ္လို႔လည္း ပရိသတ္ေတြကို ကတိ ေပးသြားခဲ့ပါတယ္။ ဖာနန္ဒက္စ္က ” ဆုဖလားေတြ ၊ ေအာင္ျမင္မွုေတြကို ဒီအသင္းအတြက္ ရယူေပးနိုင္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ကၽြန္ေတာ္ ဟာ ဘာမဆိုေပးဆပ္ ကစားသြားမွာပါ ” လို႔ ေျပာဆိုသြားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာလရှည် သတင်းတွေထွက်ပေါ်ခဲ့တဲ့ စပို့တင်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို၅၅သန်းနဲ့အတူ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို၈၀သန်းအထိ တိုးမြှင့်လာမယ့် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ဂန္တဝင်ကစားသမား ပေါလ်စခိုးရဲ့ ကျောနံပါတ် ၁၈ကို ဝတ်ဆင် ကစားမှာလည်း ဖြစ်ပါတယ်။

 

Photo Credit: Express.com

ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို နှစ်ရာသီအထိ ကင်းထောက်အဖွဲ့ဝင်တွေရော ၊ နည်းပြအဖွဲ့ဝင်တွေကပါ လေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပြီး ယခုမှသာ ခေါ်ယူခဲ့တာလို့လည်း သိရပါတယ်။ ဖာနန်ဒက်စ်ကတော့ သူ့အနေနဲ့ သူ့ရဲ့ နိုင်ငံအသင်းဖော်ဖြစ်တဲ့ စီရိုနယ်ဒို ရှိစဉ်ကတည်းက ယူနိုက်တက်အသင်းကို အားပေးခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit: Express.com

ဖာနန်ဒက်စ်က ” CR7 ကစားကတည်းက ယူနိုက်တက်အသင်းကို ကျွန်တော်ချစ်မြတ်နိုးခဲ့တာပါ။ ကျွန်တော်က အဲ့ဒီအချိန်မှာကတည်းက ဒီလို ကြီးကျယ်တဲ့အသင်းရဲ့ ပရိသတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာ အသင်းအတွက် ကစားပေးရတော့မယ်ဆိုတဲ့ ခံစားချက်က အရမ်းကို ကောင်းမွန်ပါတယ် ” လို့ အသင်းရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပြသွားခဲ့တာပါ။

 

Photo Credit: Express.com

ဆက်လက်ပြီး ဖာနန်ဒက်စ်က သူ့အနေနဲ့ အသင်းရဲ့ အောင်မြင်မှုအတွက် ဘာမဆို လုပ်သွားမယ်လို့လည်း ပရိသတ်တွေကို ကတိ ပေးသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်က ” ဆုဖလားတွေ ၊ အောင်မြင်မှုတွေကို ဒီအသင်းအတွက် ရယူပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် ဟာ ဘာမဆိုပေးဆပ် ကစားသွားမှာပါ ” လို့ ပြောဆိုသွားခဲ့တာပါ။