မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ပေါလ် အင့်စ်က မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ရောက်လာကတည်းက ခြားနားမှုတွေကို ပြုလုပ်ခဲ့ပြီး မန်ယူ ပရိသတ်တွေ လိုချင်နေခဲ့တဲ့ သူရဲကောင်းပဲ ဖြစ်ပါတယ်လို့ Daily Star မှာ ပြောသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို စပို့တင်း လစ္စဘွန်အသင်းကနေ ခေါ်ယူခဲ့ပြီးတဲ့နောက် အသင်းရဲ့ ရလဒ်တွေက တိုးတတ်လာခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၉) ပွဲဆက် ရှုံးပွဲ မရှိသေးတာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၂) ပွဲကိုသာ အနိုင်ကစားသွားမယ် ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာအတွင်း ဝင်ခွင့် ရရှိနိုင်မှာ ဖြစ်ပြီး လက်ရှိမှာတော့ အက်ဖ်အေ ဖလား နဲ့ ယူရိုပါလိဂ် ဖလားကို ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါသေးတယ်။ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပွဲစဉ် (၁၇) ပွဲ ကစားထားရာမှာ ဂိုးဖန်တီးမှု (၈) ကြိမ် နဲ့ သွင်းဂိုး (၈) ဂိုး သွင်းယူခဲ့တာကြောင့် မန်ယူအသင်းရဲ့ ကစားသမားဟောင်း ပေါလ် အင့်စ်က ဖာနန်ဒက်စ်ဟာ မန်ယူပရိသတ်တွေ လိုချင်နေခဲ့တဲ့ သူရဲကောင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Daily Star မှာ ပေါလ် အင့်စ်က “အခု မြင်နေရတဲ့ မန်ယူအသင်းက ခိုင်မာကျစ်လစ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချို နဲ့ ဟာဗက်စ်တို့လို အပြောင်းအရွေ့တွေလည်းပဲ ရှိနေပါတယ်။ အခုအချိန်က မန်ယူအသင်းအတွက် စိတ်လှုပ်ရှားစရာ အချိန်ပါပဲ။ နည်းပြ ဆိုးလ်ရှားက နိုင်ပွဲ ရယူနိုင်တဲ့ အနေအထား ရောက်နေပြီ ဖြစ်ပြီး ပိုချယ်တီနိုအကြောင်းက ပျောက်ကွယ်သွားပါပြီ။ မန်ယူအသင်းမှာ တောက်ပခဲ့တဲ့ အချိန်တွေ အများကြီး ရှိခဲ့ပြီး အခု မန်ယူအသင်းက တိုးတတ်လာပြီ စြဖ်ပါတယ်။ အစကတည်းက ခြားနားမှုတွေ ပြုလုပ်ခဲ့တာက ဖာနန်ဒက်စ်ပဲ ဖြစ်ပါတယ်။ သူက ကမ္ဘာ့ အကြီးမားဆုံး အသင်း တစ်သင်းကို ရောက်ရှိလာခဲ့ပါတယ်။ သူက မချိန်မယူဘဲနဲ့ ခြေစွမ်းပြခဲ့ပြီး ဒါက ပေါ့ဘာ မလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဖန်တွေက သူရဲကောင်း အမြဲ လိုချင်နေခဲ့ပြီး မရှိခဲ့တာ အတော်ကြာပါပြီ။ အခု ဖာနန်ဒက်စ်က ယူနိုက်တက်ပရိတ်တွေ သီချင်းရေးဆိုကြမယ့် ကြယ်ပွင့် တစ်ယောက် ဖြစ်ပါတယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။