မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်ကစားသမားဖြစ်သူ ပေါလ်စခိုးဟာ ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ မန်ယူအသင်းနဲ့ ကလပ်ဘရုဂေးအသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာတော့ အသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါ်တူဂီကလပ် စပို့တင်းအသင်းကနေ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက် ကို မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းနဲ့နှိုင်းယှဉ်ကာ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပေါလ်စခိုးရဲ့ ကျောနံပါတ် ၁၈ကို ဆက်ခံထားတဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ အဆိုပါပွဲမှာ မန်ယူအသင်းဟာ ကလပ်ဘရုဂေးအသင်းဘက် ကို တရစပ်ဆိုသလို ဖိအားပေး ကစားခဲ့ပြီး ငါးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဖာနန်ဒက်စ် ဟာ မန်ယူအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းသွားခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် ကျန်လေးဂိုးကိုတော့ တိုက်စစ်မှူးသစ် အီဂါလို ၊ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ တော်မီနေး ၊ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်တို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အသင်းကို ရောက်လာပြီးကတည်းက အကောင်းဆုံးခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းအပေါ် ပေါလ်စခိုးက ” ကျွန်တော်က ဘရူနိုရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး စဉ်းစားမိတဲ့အခါတိုင်း ပရီးမီးယားလိဂ်မှာ ဒီဘရိုင်းပဲ ရှိပါလိမ့်မယ်။ ပရီးမီယားလိဂ်မှာ ဒီဘရိုင်းက အကောင်းဆုံး ကွင်းလယ်လူဆိုပေမယ့် လက်ရှိမှာ ဘရူနို ရှိနေခဲ့ပါပြီ။ သူဟာ အသင်းကို ခြားနားမှုတွေ ယူလာပေးသူတစ်ဦးပါ။ မနေ့ညက အသင်းရဲ့ ခြေစွမ်းဟာ တကယ်ကို ပြီးပြည့်စုံလွန်းခဲ့ပါတယ် ” လို့ ဖွင့်ဟပြောကြားသွားခဲ့တာပါ။