မန္ခ်က္စတာယူနိုက္တက္အသင္းထံကို စပို႔တင္းအသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္၆၈ သန္းဝန္းက်င္ရွိတဲ့ ပမာဏနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ဘ႐ူနိုဖာနန္ဒက္စ္ဟာ လက္ရွိမွာ ေဆးစစ္မွုေတြကို ခံယူေနၿပီလည္း ျဖစ္ပါတယ္။ ယေန႔ သို႔မဟုတ္ မနက္ျဖန္အတြင္းမွာပဲ အေျပာင္းအေရႊ႕ ၿပီးေျမာက္ေၾကာင္းကို ေၾကညာဖြယ္ရွိေနတဲ့ ဖာနန္ဒက္စ္ဟာ ယခုတစ္ပတ္မွာပဲ အသင္းသစ္ မွာ သူ႔ရဲ့ ပြဲဦးထြက္ကို ကစားရဖြယ္ရွိေနပါတယ္။

Photo Credit: Euro Sport.com

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယေန႔ မနက္အေစာပိုင္းမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို တစ္ဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ အေဝးကြင္းမွာ အနိုင္ရခဲ့ေပမယ့္ အသင္းရဲ့ ကြင္းလယ္လူ တစ္ဦးျဖစ္တဲ့ မာတစ္ ဟာ ႏွစ္ဝါ တစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။ အဆိုပါျပစ္ဒဏ္ေၾကာင့္ မာတစ္ဟာ တစ္ပြဲပယ္ ျပစ္ဒဏ္ကိုက်ခံရမွာျဖစ္ၿပီး ဝုဗ္အသင္းနဲ႔ပြဲကို က်ိန္းေသေပါက္ လြဲေခ်ာ္ရမွာပဲ ျဖစ္ပါတယ္။

Photo Credit: Euro Sport.com

လက္ရွိအေျခအေနအရ ယူနိုက္တက္အသင္းရဲ့ ကြင္းလယ္ပိုင္းမွာ မာတစ္ ၊ ဖရက္ဒ္ ၊ ပါရဲယားတို႔ သုံးဦးသာ ရွိတာေၾကာင့္ ကစားသမားသစ္ ဖာနန္ဒက္စ္ဟာ ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ သူ႔ရဲ့ ပြဲဦးထြက္ကို ကစားရဖို႔ရွိေနပါတယ္။ မန္ယူအသင္းဟာ ယခုတစ္ပတ္ စေနေန႔ည ၁၂နာရီမွာ ဝုဗ္အသင္းကို အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ လက္ခံ ကစားရမွာပဲ ျဖစ္ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းထံကို စပို့တင်းအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်၆၈ သန်းဝန်းကျင်ရှိတဲ့ ပမာဏနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိမှာ ဆေးစစ်မှုတွေကို ခံယူနေပြီလည်း ဖြစ်ပါတယ်။ ယနေ့ သို့မဟုတ် မနက်ဖြန်အတွင်းမှာပဲ အပြောင်းအရွှေ့ ပြီးမြောက်ကြောင်းကို ကြေညာဖွယ်ရှိနေတဲ့ ဖာနန်ဒက်စ်ဟာ ယခုတစ်ပတ်မှာပဲ အသင်းသစ် မှာ သူ့ရဲ့ ပွဲဦးထွက်ကို ကစားရဖွယ်ရှိနေပါတယ်။

Photo Credit: Euro Sport.com

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ မနက်အစောပိုင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ မာတစ် ဟာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဆိုပါပြစ်ဒဏ်ကြောင့် မာတစ်ဟာ တစ်ပွဲပယ် ပြစ်ဒဏ်ကိုကျခံရမှာဖြစ်ပြီး ဝုဗ်အသင်းနဲ့ပွဲကို ကျိန်းသေပေါက် လွဲချော်ရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sport.com

လက်ရှိအခြေအနေအရ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ မာတစ် ၊ ဖရက်ဒ် ၊ ပါရဲယားတို့ သုံးဦးသာ ရှိတာကြောင့် ကစားသမားသစ် ဖာနန်ဒက်စ်ဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ သူ့ရဲ့ ပွဲဦးထွက်ကို ကစားရဖို့ရှိနေပါတယ်။ မန်ယူအသင်းဟာ ယခုတစ်ပတ် စနေနေ့ည ၁၂နာရီမှာ ဝုဗ်အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။