မန္ယူ နည္းျပ ဆိုးလ္ရွားကေတာ့ အသစ္စက္စက္ ေခၚယူထားတဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို စေနေန႔ည (၁၂း၀၀) အခ်ိန္၊ ဝုဗ္လ္အသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မွာ အသုံးျပဳလာဖြယ္ ရွိေနၿပီး အသင္းစာရင္းမွာ ပါဝင္လာမယ္လို႔ ဆိုခဲ့ပါတယ္။ မန္ယူအသင္းဟာ အက္ဖ္ေအ ဖလား ၿပိဳင္ပြဲမွာ ထရန္မဲအသင္းကို အႏိုင္ရခဲ့သလို ကာရာေဘာင္ ဖလား ၿပိဳင္ပြဲမွာ မန္စီးတီးအသင္းကို အႏိုင္ရရွိခဲ့တာမို႔ စေနေန႔ည ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ႏိုင္ပြဲ ဆက္မလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Photo Credit: Skysports

မန္ယူအသင္းဟာ ယခုအပတ္ ၾကာသပေတးေန႔က မန္စီးတီးအသင္းနဲ႔ ကစားသြားခဲ့ၾကတဲ့ ပြဲစဥ္ မတိုင္ခင္မွာ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို စပို႔တင္းအသင္းကေန ေခၚယူလိုက္ပါၿပီလို႔ တရားဝင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ ကြင္းလယ္လူ ဖာနန္ဒက္စ္ကို (၅) ႏွစ္ခြဲ စာခ်ဳပ္၊ ေနာက္ထပ္ တစ္ႏွစ္ ထပ္တိုးခြင့္နဲ႔ ေခၚယူခဲ့ၿပီး နည္းျပ ဆိုးလ္ရွားက စေနေန႔ည ကစားမယ့္ ဝုဗ္လ္အသင္းနဲ႔ ပြဲစဥ္မွာ ပြဲဦးထုတ္သြားႏိုင္တယ္လို႔ Skysports သတင္းမွာ ေျပာသြားခဲ့ပါတယ္။

Photo Credit: Skysports

နည္းျပ ဆုိးလ္ရွားက “ဖာနန္ဒက္စ္က ကစားဖုိ႔ ႀကံခုိင္မႈ လုံေလာက္ပါတယ္။ သူ အသင္းစာရင္းမွာ ပါဝင္လာမွာပါ။ သူ အခုတစ္ေလာ တစ္ကယ္ အလုပ္ရႈပ္ေနမွာပါ။ သူ႔သမီးရဲ႕ ေမြးေန႔က မေန႔က ၿပီးသြားခဲ့တာပါ။ သူ ဘယ္ေလာက္ၾကာၾကာ ကစားရမလဲ ဆုိတာ မသိေပမဲ့ သူ အသင္းစာရင္းမွာ ပါဝင္လာမွာပါ။ သူက ေျခစြမ္းပုိင္းနဲ႔ ေျပာရရင္ ေပါ့လ္ စခုိင္းလုိ ကစားသမားမ်ဳိးပါ။ သူ ဘာမဆုိ လုပ္ႏုိင္မွာပါ။ စခုိးလ္လုိ ကစားႏုိင္မွာပါ။ ဒီေတာ့ ဖိအားဆုိတာ မရွိပါဘူး”လုိ႔ ေျပာသြားခဲ့ပါတယ္။

{Unicode}

မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ အသစ်စက်စက် ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို စနေနေ့ည (၁၂း၀၀) အချိန်၊ ဝုဗ်လ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ အသုံးပြုလာဖွယ် ရှိနေပြီး အသင်းစာရင်းမှာ ပါဝင်လာမယ်လို့ ဆိုခဲ့ပါတယ်။ မန်ယူအသင်းဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ထရန်မဲအသင်းကို အနိုင်ရခဲ့သလို ကာရာဘောင် ဖလား ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တာမို့ စနေနေ့ည ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ ဆက်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Photo Credit: Skysports

မန်ယူအသင်းဟာ ယခုအပတ် ကြာသပတေးနေ့က မန်စီးတီးအသင်းနဲ့ ကစားသွားခဲ့ကြတဲ့ ပွဲစဉ် မတိုင်ခင်မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို စပို့တင်းအသင်းကနေ ခေါ်ယူလိုက်ပါပြီလို့ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို (၅) နှစ်ခွဲ စာချုပ်၊ နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်နဲ့ ခေါ်ယူခဲ့ပြီး နည်းပြ ဆိုးလ်ရှားက စနေနေ့ည ကစားမယ့် ဝုဗ်လ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲဦးထုတ်သွားနိုင်တယ်လို့ Skysports သတင်းမှာ ပြောသွားခဲ့ပါတယ်။

Photo Credit: Skysports

နည်းပြ ဆိုးလ်ရှားက “ဖာနန်ဒက်စ်က ကစားဖို့ ကြံခိုင်မှု လုံလောက်ပါတယ်။ သူ အသင်းစာရင်းမှာ ပါဝင်လာမှာပါ။ သူ အခုတစ်လော တစ်ကယ် အလုပ်ရှုပ်နေမှာပါ။ သူ့သမီးရဲ့ မွေးနေ့က မနေ့က ပြီးသွားခဲ့တာပါ။ သူ ဘယ်လောက်ကြာကြာ ကစားရမလဲ ဆိုတာ မသိပေမဲ့ သူ အသင်းစာရင်းမှာ ပါဝင်လာမှာပါ။ သူက ခြေစွမ်းပိုင်းနဲ့ ပြောရရင် ပေါ့လ် စခိုင်းလို ကစားသမားမျိုးပါ။ သူ ဘာမဆို လုပ်နိုင်မှာပါ။ စခိုးလ်လို ကစားနိုင်မှာပါ။ ဒီတော့ ဖိအားဆိုတာ မရှိပါဘူး”လို့ ပြောသွားခဲ့ပါတယ်။