ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့မှာပေါ်တူဂီကလပ်စပို့တင်းလစ္စဘွန်းအသင်းကနေပရီးမီးယားလိဂ်နာမည်ကြီးအသင်းဖြစ်တဲ့မန်ယူအသင်းကိုပြောင်းရွှေ့ကြေးပေါင်၆၈သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ကွင်းလယ်လူဘရူနိုဖာနန်ဒက်ဟာမန်ယူအသင်းရဲ့ကွင်းလယ်မှာပျောက်ဆုံးနေတဲ့ ဖန်တီးနိုင်စွမ်းတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့သူဖြစ်ပြီးသူရောက်ရှိလာပြီးနောက်ပိုင်းမှာမန်ယူအသင်းဟာနိုင်ပွဲတွေဆက်လာခဲ့တာကိုအားလုံးလဲသိရှိကြမှာပါ။ဖာနန်ဒက်ဟာမန်ယူအသင်းကိုဇန်နဝါရီအပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာမန်ယူအသင်းထံကိုရောက်ရှိလာခဲ့သူဖြစ်ပြီးကစားသမျှပွဲစဉ်တိုင်းမှာခြေစွမ်းပြနိုင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်ရဲ့ဖေဖော်ဝါရီလအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Yahoo Sports.com

ဖာနန်ဒက်ဟာသူ့ရဲ့ဘောလုံးလမ်းကြောင်းတွက်ဆမှုတွေနဲ့ပရိယာယ်ကြွယ်ဝတဲ့ကစားပုံတွေကြောင့်တစ်ဖက်ခံစစ်မှူးတွေကိုဒုက္ခအပေးနိုင်ဆုံးကွင်းလယ်လူအဖြစ်ပရိသတ်တွေရဲ့သတ်မှတ်ခြင်းကိုခံထားရသူဖြစ်ပြီးလက်ရှိမှာတော့ဝက်ဖို့ဒ်အသင်းရဲ့နောက်ခံလူဖြစ်တဲ့ကတ်ရှ်ကပ်ကဖာနန်ဒက်ကိုထိန်းချုပ်ရတာဟာဘယ်လောက်အထိခက်ခဲသလဲဆိုတာကိုရှင်းပြသွားခဲ့ပြီးဖာနန်ဒက်ရဲ့အရည်အသွေးကိုချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ဖာနန်ဒက်ရဲ့အရည်အသွေးတွေကိုသူနဲ့အတူသူ့ရဲ့အသင်းဖော်တွေကပါအံ့အားသင့်ခဲ့ရကြောင်းနဲ့ဖာနန်ဒက်ဟာအမြဲတမ်းတိုက်စစ်ဆင်ဖို့ကိုပဲတွေးတောနေတတ်သူလို့ကတ်ရှ်ကပ်ကချီးကျူးသွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Yahoo Sports.com

ဖာနန်ဒက်ရဲ့အရည်အသွေးနဲ့ပတ်သတ်ပြီးကတ်ရှ်ကပ်ကကျွန်တော့်အထင်ကျွန်တော်တို့အားလုံးကသူ့ကိုအရမ်းအထင်ကြီးသွားခဲ့တာပါ။ကျွန်တော့်ကိုအထင်ကြီးစေတဲ့အချက်ကတော့သူဟာအမြဲတမ်းတိုက်စစ်ဆင်ဖို့ပဲကြိုးစားနေတဲ့အချက်ပါ။သူကဘောလုံးကိုရတာနဲ့တိုက်စစ်ဆင်မယ်ပြီးရင်အခွင့်အရေးတွေဖန်တီးမယ်ဒါတွေကိုပဲတွေးတောနေတဲ့သူဖြစ်ပြီးဒါကယူနိုက်တက်အသင်းမှာအရင်ကလိုအပ်ခဲ့တဲ့အရာတစ်ခုပါ။သူကများပြားတဲ့အရည်အချင်းတွေကိုသယ်ဆောင်လာသူဖြစ်ပြီးတစ်ဖက်ဂိုးဧရိယာထဲကိုဝင်ရောက်တဲ့ဘောလုံးတွေပေးပို့နိုင်စွမ်းရှိသူတစ်ဦးပါပဲဒါတွေကြောင့်သူ့ကိုတားဆီးရတာကခက်ခဲပါတယ်။သူကအဲ့ဒီလိုစွမ်းဆောင်ရည်တွေနဲ့ရောက်လာခဲ့တော့ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်တွေကအရင်မြင်ဖူးထားတာထက်ပိုပြီးကောင်းလာတော့ပါပဲလို့ဖာနန်ဒက်ကိုချီးကျူးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။