မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကတော့ မနေ့ညက ချဲလ်ဆီးအသင်းကို (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေ ဖလား ဆီးမီး ဖိုင်နယ် ပွဲစဉ် နောက်ပိုင်း အင်စတာဂရမ်မှာ မန်ယူအသင်းဟာ အရင်က အကောင်းဆုံး အသင်း မဟုတ်ခဲ့သလို၊ အခုလည်း အဆိုးဆုံး အသင်း မဟုတ်ပါဘူးလို့ ရေးသားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မနေ့ညက ပွဲစဉ်မှာ ဂျရူး နဲ့ မေဆင် မောင့်တို့ရဲ့ သွင်းဂိုး (၂) ဂိုးကို ပင်နယ်တီ သွင်းဂိုးနဲ့ ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းဖော် မက်ဂွိုင်းယားက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ အတွက်ကြောင့် နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကို (၃-၁) ရလဒ်နဲ့ အရေးနိမ့်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ မနေ့ညက ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်သွားခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၉) ပွဲဆက် ရှုံးပွဲ မရှိတဲ့ စံချိန် ရပ်တန့်သွားခဲ့ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ဒီအပတ်၊ ဗုဒ္စဟူးနေ့၊ ဝက်စ်ဟမ်းအသင်းနဲ့ ကစားသွားမယ့် အိမ်ကွင်း ပွဲစဉ်မှာ အနိုင်ရင် အဆင့် (၄) နေရာကို ရရှိမှာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာတော့ ဆုဖလား ရရှိနိုင်တဲ့ ပြိုင်ပွဲ ဆိုရင် ယူရိုပါလိဂ် ပြိုင်ပွဲသာ ကျန်တော့တာ ဖြစ်ပြီး မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်တဲ့ ပွဲစဉ်နောက်ပိုင်း မန်ယူအသင်းက လက်ရှိမှာ အဆိုးရွားဆုံံး အသင်း မဟုတ်ပါဘူးလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းကို (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အင်စတာဂရမ်မှာ ဖာနန်ဒက်စ်က “ကျွန်တော်တို့ မန်ယူအသင်းဟာ အရင်က အကောင်းဆုံး အသင်း မဟုတ်ခဲ့သလို၊ အခုလည်း အဆိုးဆုံး အသင်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရလဒ်နဲ့ ပက်သက်ပြီး တကယ် ဝမ်းနည်းကြပါတယ်။ အက်ဖ်အေ ဖလား ရရှိနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးခဲ့ကြပါတယ်။ အက်ဖ်အေ ဖလားက ကျွန်တော်တို့ မျှော်လင့်နေခဲ့တဲ့ အရာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အားအင်တွေ ပြန်စုပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရည်မှန်းချက်အတွက် တိုက်ပဲွဲဝင် ကစားသွားပါမယ်”လို ရေးသားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ မန်ယူအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၈) ပွဲ ကစားထားရာမှာတော့ သွင်းဂိုး (၉) ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ခြေစွမ်းပြ ကစားနေတဲ့ ကွင်းလယ် ကစားသမား ဖြစ်ပါတယ်။