လစဉ်လတိုင်း ချီးမြှင့်နေကြဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးဆုကို ပေးအပ်ဖို့အချိန် ပြန်လည်နီးကပ်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲကမှ ကစားသမား(၆)ဦးကို ဆန်ခါတင်ရွေးချယ်ပြီး အဲ့ဒီထဲကမှ အကောင်းဆုံးသော ကစားသမားတစ်ယောက်တည်းကိုပဲ ပြန်လည်စိစစ်ရွေးချယ်တာဖြစ်ကာ ဖေဖော်ဝါရီလအတွက်ကိုတော့ ဘရူနိုဖာနန်ဒက်စ် အူဘာမီယန်း ကဲလ်ဗတ်လူဝင် နစ်ပုဒ် မားကို့စ်အလွန်ဆိုနဲ့ မတ်ဒေါ့ဟာသီတို့ကို ဆန်ခါတင်(၆)ဦးထဲမှာ ရွေးချယ်လို့ထားပါတယ်။

Photo Credit : Getty Image

ဒီ(၆)ယောက်ထဲကမှ ကွင်းလယ်ကစားသမားလေး ဘရူနိုဖာနန်ဒက်စ်ကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီးတော့ ဖေဖော်ဝါရီလကမှ ပရီးမီးယားလိဂ်မှာ စတင်ကစားခဲ့ရတာဖြစ်ပေမယ့်လည်း အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုး၁ဂိုးနဲ့ ဂိုးဖန်တီးမှု၂ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ အဲဗာတန်တိုက်စစ်မှူး လူဝင်ကလည်း ဖေဖော်ဝါရီလထဲမှာ အသင်းအတွက် သွင်းဂိုး၂ဂိုး ဂိုးဖန်တီးမှု၁ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

အာဆင်နယ်အသင်းရဲ့အဓိက တိုက်စစ်ကစားသမား အူဘာမီယန်းကတော့ ဖေဖော်ဝါရီလမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်၃ပွဲမှာ ၃ဂိုးရယူပေးထားနိုင်ခဲ့ပြီး ချယ်လ်ဆီးဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကလည်း ဖေဖော်ဝါရီလမှာ သူပါဝင်ခဲ့ရတဲ့ စပါး ဘုန်းမောက်နဲ့ပွဲတွေမှာ သွင်းဂိုး၃ဂိုးအထိတောင် ရယူပေးနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်နောက်ခံကစားသမား မတ်ဒေါ်ဟာဒီကတော့ အသင်းကို ဖေဖော်ဝါရီလအတွင်းမှာ Clean Sheets ၃ပွဲအထိ ရရှိအောင် ကူညီပေးထားနိုင်ခဲ့ပြီး နော်ဝစ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရလဒ်တွေ တောက်လျှောက်ပြန်မှန်လာခဲ့တဲ့ ဘန်လေအသင်းရဲဲ့ဂိုးသမားလေး နစ်ပုဒ်ကတော့ ဖေဖော်ဝါရီလအတွင်း အသင်းနဲ့ ပရီးမီးယားလိဂ် ၄ပွဲကစားခဲ့ရမှာ ၃ပွဲကို ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီ(၆)ဦးထဲက အကြိုက်ဆုံးသူကို ပရီးမီးယားလိဂ်ဝက်ဆိုဒ်မှာ ကိုယ်တိုင်ကိုယ်ကျ မဲပေးရွေးချယ်နိုင်ပါတယ်။