MySport Myanmar

လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ကြားက ခြားနားချက်ကို ဖာနန်ဒက်စ် ပြောဆိုလာ

နောဝစ်ချ်အသင်းကို ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်ဂိုးနဲ့ အနိုင်ရတုန်းက ပြိုင်ဘက် အာဆင်နယ်နဲ့ စပါးအသင်းတွေက အသီးသီး ခြေချော်ထားကြလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့တဲ့ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးလ်နဲ့ ထပ်မံရင်ဆိုင်ရချိန်မှာတော့ ဂိုးပြတ်ခြေပြတ်နဲ့ကို ရှုံးနိမ့်ခဲ့ရပြန်သလို အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း စိတ်ပျက်သစရာ အခြေအနေမျိုး ဖြစ်နေရပါတယ်။

Photo Credit : Bola

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းကို အိုးထရက်ဖို့ဒ်မှာ (0-5) အန်ဖီးလ်မှာ (4-0) ဆိုတဲ့ ရလဒ်မျိုးတွေ အရှက်တကွဲ အပြတ်အသတ် အရေးနိမ့်ထားခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင် ယူနိုက်တက်အသင်းဟာ ရာသီသိမ်းဖို့ လက်ကျန်ပွဲစဉ် (၅)ပွဲအလိုမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာထိ ရောက်ရှိနေရပြီး အနီးစပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ စပါး အာဆင်နယ်အသင်းတွေထက်ပါ ပွဲအရေအတွက် ပိုမိုကစားထားတာကြောင့် Top 4 နေရာအတွက် မျှော်လင့်ချက်က ခပ်ဝါးဝါး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : 90Min

ဒီလို အခြေအနေတွေအပေါ် ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင် စိတ်ပျက်နေရရသလို အသင်းရဲ့ ရာသီနှောင်းပိုင်း အခြေအနေတွေအပေါ်မှာပါ မေးခွန်းထုတ်သွားခဲ့ပါတယ်။ ဖာနန်ဒက်စ်က “ပရိသတ်တွေအားလုံးကို တောင်းပန်စကားဆိုချင်ပါတယ်။ ဒီလို ပြောရတာက ဘယ်တော့မှ လုံလောက်မှာတော့ မဟုတ်ဘူးဆိုပေမယ့် ကျွန်တော်တို့ တတ်နိုင်သမျှတော့ လုပ်ဆောင်ခဲ့တာပါ။ ကစားသမားတိုင်းက ရာနှုန်းပြည့်ကို အစွမ်းကုန် ကြိုးစားသွားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ လီဗာပူးလ်အသင်းက အမှတ်ပေး ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတာပါ။ ဒါက ခြားနားချက်ပဲ။ ကျွန်တော်တို့က ဘာအတွက်မှ တိုက်ပွဲဝင်နေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့တွေအနေနဲ့ အသင်းရဲ့ အတွင်းကျကျကို ကြည့်ရမယ်။ ပြီးရင် ဘာတွေမှားနေလဲဆိုတာကို နားလည်လာနိုင်အောင် ကြိုးစားသွားရမယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမပိုင်း မိနစ်(၂၀)လောက်မှာပဲ အိမ်ရှင်အသင်းရဲ့ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခံခဲ့ရသလို ပထမပိုင်းတစ်ပိုင်းလုံး ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရှိခဲ့ပဲ တစ်ပွဲလုံးမှာလည်း shot on target တစ်ကြိမ်လေးသာ ရှိခဲ့တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ရပါတယ်။

Exit mobile version