မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ သေဘာတူညီမွု ရရွိခဲ့ၿပီလို႔ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနခဲ့တဲ့ စပို႔တင္းလစၥဘြန္းအသင္းရဲ့ အသင္းေခါင္းေဆာင္ ဘ႐ူနို ဖာနန္ဒက္စ္ဟာ ယူနိုက္တက္အသင္းထံကို ေျပာင္းေရႊ႕ဖို႔အတြက္ က်ိန္းေသသြားခဲ့သလို အသင္းမွာ ေက်ာနံပါတ္ ၁၈ကို ဝတ္ဆင္ကစားသြားဖို႔ရွိေနေၾကာင္း ဓာတ္ပုံသတင္းတခ်ိဳ႕အရ သိရပါတယ္​။

Photo Credit: Metro.com

ယူနိုက္တက္အသင္းနဲ႔ နီးစပ္သူေတြဆီက ပ်ံ႕ႏွံ့လာတဲ့ ဓာတ္ပုံသတင္းတစ္ခုအရ ဖာနန္ဒက္စ္ ဟာ ယူနိုက္တက္အသင္းရဲ့ ေက်ာနံပါတ္ ၁၈ ကို ဝတ္ဆင္မွာျဖစ္ၿပီး အဆိုပါ ထြက္ေပၚလာတဲ့ ပုံထဲမွာေတာ့ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ရဲ့ အက်ီေတြကို ယွဥ္တြဲထားခဲ့တာ ျမင္ေတြ႕ရပါတယ္။

Photo Credit: Metro.com

ဘ႐ူနို ဖာနန္ဒက္စ္အတြက္ ယူနိုက္တက္ အသင္းဟာ စပို႔တင္းအသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္၆၅သန္းဝန္းက်င္ကို ေပးေခ်ရမွာ ျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပထားခဲ့ၾကပါတယ္။ အဂၤလန္သတင္းစာေတြရဲ့ အဆိုအရ ဖာနန္ဒက္စ္ဟာ ယေန႔မွာပဲ မန္ခ်က္စတာၿမိဳ႕ကို လာေရာက္ကာ ေဆးစစ္မွုေတြ စတင္ေတာ့မယ္ လို႔လည္း သိထားရပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် ကျိန်းသေသွားခဲ့သလို အသင်းမှာ ကျောနံပါတ် ၁၈ကို ဝတ်ဆင်ကစားသွားဖို့ရှိနေကြောင်း ဓာတ်ပုံသတင်းတချို့အရ သိရပါတယ်​။

Photo Credit: Metro.com

ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေဆီက ပျံ့နှံ့လာတဲ့ ဓာတ်ပုံသတင်းတစ်ခုအရ ဖာနန်ဒက်စ် ဟာ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်မှာဖြစ်ပြီး အဆိုပါ ထွက်ပေါ်လာတဲ့ ပုံထဲမှာတော့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ အကျီတွေကို ယှဉ်တွဲထားခဲ့တာ မြင်တွေ့ရပါတယ်။

Photo Credit: Metro.com

ဘရူနို ဖာနန်ဒက်စ်အတွက် ယူနိုက်တက် အသင်းဟာ စပို့တင်းအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၆၅သန်းဝန်းကျင်ကို ပေးချေရမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။ အင်္ဂလန်သတင်းစာတွေရဲ့ အဆိုအရ ဖာနန်ဒက်စ်ဟာ ယနေ့မှာပဲ မန်ချက်စတာမြို့ကို လာရောက်ကာ ဆေးစစ်မှုတွေ စတင်တော့မယ် လို့လည်း သိထားရပါတယ်။