MySport Myanmar

အသင်းဟောင်းဆီ ပြန်သွားတဲ့ ဟာနန်ဒက်ဇ်ကို အမှတ်တရစကား လက်ဆောင်ပါးခဲ့တဲ့ ဖာဂူဆန်

MANCHESTER, ENGLAND - MAY 12: Javier "Chicharito" Hernandez and Manager Sir Alex Ferguson of Manchester United celebrate with the Barclays Premier League trophy in the dressing room after the Barclays Premier League match between Manchester United and Swansea City at Old Trafford on May 12, 2013 in Manchester, England. (Photo by Matthew Peters/Man Utd via Getty Images) *** Local Caption *** Alex Ferguson; Javier "Chicharito" Hernandez

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နည်းပြကြီး ဖြစ်သလို ဘောလုံးလောကရဲ့ သက်ရှိဂန္တဝင် အဖြစ် တင်စားခံထားရတဲ့ ဆာအဲလက်စ် ဖာဂူဆန်က မကြာသေးမီကမှ အသင်းဟောင်းဆီ ပြန်လည် ပြောင်းရွှေ့သွားခဲ့တဲ့ သူ့ရဲ့ တပည့်ဟောင်း ဟာနန်ဒက်ဇ်ကို အမှတ်တရစကား လက်ဆောင်ပါးခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၈၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာ ယူနိုက်တက်ကို ဆယ်စုနှစ် ၂စုကျော်ကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ယူနိုက်တက်ကို အင်္ဂလန်နိုင်ငံရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့သလို လူမသိ သူမသိ ကစားသမားကောင်း များစွာကိုလည်း ကြယ်ပွင့် ကစားသမားတွေ ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဆာအဲလက်စ် ဖာဂူဆန် ပျိုးထောင်ပေးခဲ့တဲ့ ကစားသမားတွေထဲမှာ မက္ကဆီကိုရဲ့ သမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် တင်စားခံထားရတဲ့ ဟာနန်ဒက်ဇ်လည်း ပါဝင်ပြီး ဖာဂူဆန်က ၂၀၁၀ခုနှစ်မှာ ဟာနန်ဒက်ဇ်ကို မက္ကဆီကိုကလပ် ချီဗက်စ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

မက္ကဆီကိုကလပ် ချီဗက်စ်ဟာ လူမသိ သူမသိ အသင်းငယ် တသင်း ဖြစ်တာကြောင့် ဆာအဲလက်စ် ဖာဂူဆန်က ဟာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၇.၅သန်း အထိ သုံးကာ ခေါ်ယူခဲ့ချိန်မှာ ဝေဖန်မှု တချို့ ရှိခဲ့ပေမယ့် ဟာနန်ဒက်ဇ်က ဝေဖန်သံတွေကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ ချေဖျက်ပြခဲ့သလို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက “ပဲစေ့လေး” လို့ နာမည်ပြောင် ပေးခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ဟာနန်ဒက်ဇ်က အသက် ၃၅နှစ် ရှိနေပြီ ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ ဘောလုံးသမားဘဝ စတင်ရာ ငယ်ဘဝကလပ် ဖြစ်တဲ့ ချီဗက်စ်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ကာ ဆာအဲလက်စ် ဖာဂူဆန်ကတော့ အသင်းဟောင်း ချီဗက်စ်ဆီ ပြန်ပြောင်းသွားတဲ့ တပည့်ဟောင်း ဟာနန်ဒက်ဇ်ကို အမှတ်တရစကား ၊ ဆုံးမစကားတွေ ပြောခဲ့ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်က – “ချီချာရီတိုရေ… မင်းရဲ့ ဆရာဟောင်းက စကားနည်းနည်း ပြောချင်လို့ပါ။ ပထမဦးဆုံးအနေနဲ့ မင်းရဲ့ အသင်းဟောင်းဆီ ပြန်ပြောင်းနိုင်ခဲ့လို့ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ မင်းက မက္ကဆီကိုနိုင်ငံ ၊ ငါက မင်းကို ရှာတွေ့ခဲ့တဲ့ နေရာဆီ ပြန်ရောက်သွားပြီပေါ့လေ။ မင်းက ငါတို့အတွက် အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ မင်းက အရမ်းကောင်းတဲ့ ကစားသမား ဘဝကို ရခဲ့ပါတယ်။ အခုကတော့ မင်းရဲ့ အသင်းဟောင်းဆီ ပြန်ပြီး အတွေ့အကြုံသစ်တွေ ထပ်ယူမယ်။ ပြီးတော့ မင်း ရထားတဲ့ အတွေ့အကြုံတွေကို ကစားသမားတွေ အားလုံးဆီ ပြန်လည် မျှဝေပေးရမယ့် အချိန်ကို ရောက်သွားပြီပေါ့။ မင်းရဲ့ မိသားစုတွေကို ချစ်သလို အချိန်ကောင်းလေးတွေ ရပါစေလို့ ဆုတောင်းပေးပါတယ်။ မင်းက ဂိုးတွေ ထပ်သွင်းနိုင်ဦးမယ်လို့လည်း ယုံကြည်တယ်။ အကောင်းဆုံးတွေ ဖြစ်ပါစေကွာ” လို့ ဟာနန်ဒက်ဇ်ဆီ အမှတ်တရစကား ပေးပို့ခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version