မန္ယူ ေနာက္ခံ ကစားသမား ဖာဒီနန္ကေတာ့ မေန႔ညက ပဲြစဥ္မွာ မန္ယူအသင္း (၂-၀) ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႏုိင္ငံတစ္ဝွမ္းက ေက်ာင္းက ကေလးေတြ မန္ယူအကၤ်ီကို ဝတ္ခ်င္ၾကေတာ့မွာ မဟုတ္ဘူးလုိ႔ ေျပာသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ အိမ္ကြင္း ပဲြစဥ္မွာ ဘန္ေလအသင္းကုိ (၂-၀) နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ (၂) ပဲြဆက္ (၂-၀) နဲ႔ အေရးနိမ့္သြားခဲ့ၿပီး ၿပီးခဲ့တဲ့ အပတ္ကလည္း လီဗာပူးလ္အသင္းကုိ (၂-၀) ရလဒ္နဲ႔ ရႈံးနိမ့္သြားခဲ့တာပဲ ျဖစ္ပါတယ္။
Photo Credit: DailyMail
မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ဘန္ေလအသင္းကုိ အေဝးကြင္းမွာ (၂-၀) နဲ႔ အႏုိင္ရခဲ့ေပမဲ့ အိမ္ကြင္းမွာေတာ့ (၃၉) မိနစ္က ခရစ္ဝုဒ္ရဲ႕ သြင္းဂုိး နဲ႔ (၅၆) မိနစ္က ေဂ်ရုဒရီဂြတ္ဇ္ရဲ႕ သြင္းဂုိးကုိ ထပ္မံျပီး ခြင့္ျပဳခဲ့ရပါတယ္။ မန္ယူ ေနာက္ခံ ကစားသမားေဟာင္း ဖာဒီနန္ကေတာ့ မန္ယူအသင္းရဲ႕ တာဝန္ခံေတြက လက္ရွိ အေျခအေနကုိ ျမင္ၿပီး အေျပာင္းအလဲေတြ ျပဳလုပ္ဖုိ႔ လုိအပ္မယ္လုိ႔ BT Sport မွာ စကားဝုိင္း ေျပာေနစဥ္ အခုိင္အမာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။
Photo Credit: DailyMail
BT Sport မွာ ဖာဒီနန္က “ဒီလုိ ခံစစ္ကစားလုိ႔ မရပါဘူး။ ပရိသတ္ေတြက (၈၅) မိနစ္ေနာက္ပုိင္း ကြင္းထဲက ထြက္သြားၾကပါတယ္။ အသင္းတာဝန္ခံေတြက ဒါကုိ ျမင္ဖုိ႔ လုိၿပီး အေျပာင္းအလဲကုိ ျပဳလုပ္ရမယ္၊ စီမံကိန္းေတြ ခ်ရမယ္။ ႏုိင္ငံတစ္ဝွမ္းက ေက်ာင္းက ကေလးေတြ မန္ယူအက်ၤီကုိ ဝတ္ခ်င္ၾကေတာ့မွာ မဟုတ္ပါဘူး။ ကေလးေတြ ဒီကြင္းကုိ လာၿပီး ဒီလုိပုံစံကုိ ျမင္ခ်င္ၾကေတာ့မွာ မဟုတ္ပါဘူး။ အနာဂတ္အတြက္ အုတ္ျမစ္ခ်ထားတာ ဘာမွ မရွိပါဘူး”လုိ႔ ေျပာဆုိသြားပါတယ္။
{Unicode}
မန်ယူ နောက်ခံ ကစားသမား ဖာဒီနန်ကတော့ မနေ့ညက ပွဲစဉ်မှာ မန်ယူအသင်း (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းက ကျောင်းက ကလေးတွေ မန်ယူအင်္ကျီကို ဝတ်ချင်ကြတော့မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ဘန်လေအသင်းကို (၂-ဝ) နဲ့ အရေးနိမ့်ခဲ့တာကြောင့် (၂) ပွဲဆက် (၂-ဝ) နဲ့ အရေးနိမ့်သွားခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ကလည်း လီဗာပူးလ်အသင်းကို (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit: DailyMail
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘန်လေအသင်းကို အဝေးကွင်းမှာ (၂-ဝ) နဲ့ အနိုင်ရခဲ့ပေမဲ့ အိမ်ကွင်းမှာတော့ (၃၉) မိနစ်က ခရစ်ဝုဒ်ရဲ့ သွင်းဂိုး နဲ့ (၅၆) မိနစ်က ဂျေရုဒရီဂွတ်ဇ်ရဲ့ သွင်းဂိုးကို ထပ်မံပြီး ခွင့်ပြုခဲ့ရပါတယ်။ မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ မန်ယူအသင်းရဲ့ တာဝန်ခံတွေက လက်ရှိ အခြေအနေကို မြင်ပြီး အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်မယ်လို့ BT Sport မှာ စကားဝိုင်း ပြောနေစဉ် အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit: DailyMail
BT Sport မှာ ဖာဒီနန်က “ဒီလို ခံစစ်ကစားလို့ မရပါဘူး။ ပရိသတ်တွေက (၈၅) မိနစ်နောက်ပိုင်း ကွင်းထဲက ထွက်သွားကြပါတယ်။ အသင်းတာဝန်ခံတွေက ဒါကို မြင်ဖို့ လိုပြီး အပြောင်းအလဲကို ပြုလုပ်ရမယ်၊ စီမံကိန်းတွေ ချရမယ်။ နိုင်ငံတစ်ဝှမ်းက ကျောင်းက ကလေးတွေ မန်ယူအင်္ကျီကို ဝတ်ချင်ကြတော့မှာ မဟုတ်ပါဘူး။ ကလေးတွေ ဒီကွင်းကို လာပြီး ဒီလိုပုံစံကို မြင်ချင်ကြတော့မှာ မဟုတ်ပါဘူး။ အနာဂတ်အတွက် အုတ်မြစ်ချထားတာ ဘာမှ မရှိပါဘူး”လို့ ပြောဆိုသွားပါတယ်။