မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ကတော့ လက်ရှိ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် ပြန်လည်ရရှိနေပြီး ခံစစ်ပိုင်းမှာ အထူးခြေစွမ်းပြလို့နေတဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီက အသင်းခေါင်းဆောင် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားအတွက် အကောင်းဆုံးခံစစ်အတွဲအဖက် ဖြစ်နေပေမယ့်လည်း ဘိုင်လီရဲ့ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာ ရရှိနေမှုတွေနဲ့ ကြံခိုင်မှုမပြည့်ဝမှုတွေကြောင့် စိုးရိမ်မိတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၆)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ ယူနိုက်တက်အသင်းဆီကို ၂၀၁၆ခုနှစ်ကမှ ဗီလာရီးရဲလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ဒဏ်ရာပြသာနာဆိုးတွေကြောင့် အသင်းမှာ ပွဲထွက်ကစားခွင့်တွေ လုံလုံလောက်လောက် မရရှိခဲ့ရတဲ့အပြင် အသင်းနဲ့ လက်တွဲဖြုတ်ဖို့လောက်အထိပါ နီးစပ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဘိုင်လီဟာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနေပြီဖြစ်သလို ခံစစ်မှှာလည်း မက်ဂွိုင်းယားနဲ့တွဲဖက်ကာ ခြေစွမ်းပြနေလို့ အသင်းကပါ သူ့ကို စာချုပ်သစ်ချုပ်ဆိုသွားဖို့အထိပါ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Planet Football

အခုလို ခြေစွမ်းပြလျက်ရှိနေတဲ့ ဘိုင်လီနဲ့ပတ်သက်ပြီး ဖာဒီနန်က “ခံစစ်(၄)ယောက်တန်းမှာ ဘိုင်လီ ပါဝင်လာခဲ့ပြီဆိုရင် လျင်မြန်မှုအနည်းငယ်နဲ့ စတီးတစ်ခုလို ခိုင်မာမှုတွေကို ပေါင်းထည့်လိုက်သလိုပါပဲ။ အဲရစ်ဘိုင်လီနဲ့ပတ်သက်ပြီး ကျွန်တော်စိတ်ပူနေမိတဲ့ တစ်ခုတည်းသော အကြောင်းကိစ္စကတော့ သူရဲ့ကြံခိုင်မှုပြသာနာပါပဲ။ သူက ဘယ်တော့မှ ကြံခိုင်မှုပြည့်ဝမနေတတ်ဘူး။ သူက အမြဲတမ်းလိုလို ဒဏ်ရာပြသာနာတွေ ရရှိတတ်သလို အဲ့ဒီဒဏ်ရာတွေကြောင့်လည်း ပွဲစဉ်တွေကို လွဲချော်ရတတ်တယ်။ ဒါက အဓိက ပြသာနာတစ်ရပ်ပါ။ မက်ဂွိုင်းယားက သူ့အနားမှာ လျင်မြန်တဲ့ တွဲဖက်မျိုးကို လိုအပ်နေလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်။ သူက ခံစစ်ပိုင်းနဲ့ပတ်သက်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့်လည်း လျင်မြန်မှုတော့ မရှိပါဘူး။ အခုလိုခေတ်မျိုးမှာဆိုရင် လျှပ်စစ်လို လျင်မြန်မှုမျိုးမရှိတဲ့ ဗဟိုခံစစ်ကစားသမား(၂)ယောက်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် သင်အနေနဲ့ ပြသာနာတတ်သွားနိုင်ပါတယ်။ ဘိုင်လီကတော့ ခံစစ်အရည်အချင်းကောင်းတယ်။ လျင်မြန်မှုလည်းရှိတယ်။ ကစားပုံလည်း Aggressive လည်းဖြစ်တယ်။ တကယ်လို့ သူအနေနဲ့ ရူးမိုက်စရာကောင်းတဲ့ အမှားတွေနဲ့ ဒဏ်ရာပြသာနာတွေ ကင်းရှင်းနေမယ်ဆိုရင် ဒါဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရမ်းကောင်းတဲ့ အချက်တစ်ခုဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဘိုင်လီဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။