MySport Myanmar

နာပိုလီရောက် တွမ်မီနေးက prime ဘယ်လင်ဟမ်လိုမျိုး ဖြစ်နေတယ်လို့ ဖာဒီနန် သုံးသပ်

ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ နာပိုလီအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ စကော့တလန် ကွင်းလယ်ကစားသမား စကော့ မက်စ် တွမ်မီနေးဟာ နာပိုလီမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပြီး သူရဲ့ စွမ်းဆောင်ရည်တွေက prime ဘယ်လင်ဟမ်လိုမျိုးတောင် ဖြစ်နေတယ်လို့ ရီယို ဖာဒီနန်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ကွင်းလယ်လူ တွမ်မီနေးဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း ပြိုင်ပွဲစုံ (၁၀)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ကွင်းလယ်အတွက် ပီအက်စ်ဂျီက အူဂါတေးကို ခေါ်ယူခဲ့တာကြောင့် တွမ်မီနေးကို နာပိုလီဆီ အပြီးသတ် ရောင်းချဖြစ်ခဲ့ပါတယ်။

Photo Credit : The Sun

တွမ်မီနေးက နည်းပြ အန်တိုနီယို ကွန်တီ ကိုင်တွယ်နေတဲ့ နာပိုလီအသင်းမှာ အလျင်အမြန် အသားကျခဲ့ပြီး ဒီရာသီထဲမှာလည်း နာပိုလီအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲ ပါဝင်ကစားထားခဲ့ရသလို (၇)ဂိုးအထိ သွင်းယူထားကာ (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တွမ်မီနေးရဲ့ နာပိုလီအသင်းဟာလည်း စီးရီးအေ အမှတ်ပေးဇယားထိပ်မှာပါ ရပ်တည်နေပါတယ်။

တွမ်မီနေးလို ယူနိုက်တက်ကနေ ထွက်ခွာပြီး ခြေစွမ်းပြနေတဲ့ ကစားသမားထဲမှာ တောင်ပံကစားသမားတွေဖြစ်တဲ့ အီလန်ဂါနဲ့ အန်တိုနီတို့က သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့အပေါ် ဖာဒီနန်က “အန်တိုနီကို ကြည့်လိုက်ပါ။ သူဟာ နှစ်ပွဲမှာ ပွဲတစ်လျှောက် အကောင်းဆုံးဆုရယ် ဂိုး(၁)ဂိုးရယ် ဖန်တီးမှု (၁)ကြိမ်ရယ် ရရှိထားပါတယ်။”

Photo Credit : Goal

“တွမ်မီနေးက အခုချိန်မှာ Prime ဘယ်လင်လိုမျိုး အကောင်းဆုံး ကစားနေပါတယ်။ အီလန်ဂါလို နော်တင်ဟမ်မှာ ပျံသန်းနေတဲ့ တောင်ပံကစားသမားလည်း ရှိပါသေးတယ်။ အသင်းက ထွက်ခွာသွားတဲ့ ကစားသမားတွေအားလုံးဟာ နယူး၊ ဒိုင်းနမစ် ကစားသမားတွေလို ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ခြေကျင်းခတ်တွေ ပြေလျော့သွားပြီး အိုးထရက်ဖို့ဒ်ရဲ့ ဖိအားတွေနဲ့ ကင်းလွတ်သွားရတာကြောင့်ပါ။ လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ဆောင်းဈေးကွက်မှာပဲ ယူနိုက်တက်ကနေ အက်စတွန် ဗီလာအသင်းဆီ ရာသီကုန်ထိ အငှားစာချုပ် + ပေါင်သန်း(၄၀)တန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့ခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာလည်း ဒီကစားသမားတွေနည်းတူ သူ့အသင်းသစ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

Exit mobile version