မန်ယူအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဖာဒီနန်ကတော့ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ကစားသမားသစ်တွေကို ခေါ်ယူမှု အားနည်းပေမယ့်လည်း လက်ရှိ ကစားသမားတွေကို ကြံခိုင်မှု ပြည့်ဝအောင် ဆက်ထိန်းနိုင်မယ် ဆိုရင် လာမယ့် ရာသီသစ်မှာ ရပ်တန့်ဖို့ ခက်ခဲဦးမယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို အသင်းရဲ့ သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ရရှိခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ ဖြစ်တာကြောင့် လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆက်ထိန်းထားဖို့အတွက် အာခဲလာဦးမှာ သေချာပါတယ်။

Photo Credit: Echo

နည်းပြ ကလော့ပ်ဟာ လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ဖလားကို ကာကွယ်ရမှာ ဖြစ်ပေမယ့် လက်ရှိရာသီ အပြောင်းအရွေ့ ကာလမှာ မထင်မရှား ကစားသမား (၁) ဦးကိုသာ ခေါ်ယူထားပြီး သူ့ရဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်စီးတီး၊ ချဲလ်ဆီး၊ မန်ယူ၊ အာဆင်နယ် နဲ့ စပါးတို့ကတော့ နာမည်ရ ကစားသမားတွေကို ခေါ်ယူခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ခံလူ ကိုတက် ဆီမီကပ်စ်ကို အိုလံပီကို့စ်အသင်းကနေ ခေါ်ယူခဲ့တာပဲ ရှိပေမယ့် မန်ယူအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိ အသင်းရဲ့ ကစားသမားတွေကို ကြံခိုင်မှု ပြည့်ဝဖို့ ဆက်ထိန်းနိုင်ရင် ဆုဖလား ဆက်ထိန်းနိုင်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Echo

ဖာဒီနန်က “ဒီအချိန်ကနေ စပြီး လီဗာပူးလ်အသင်း နဲ့ သူတို့ရဲ့ လူခေါ်ယူမှုက မေးခွန်းအထုတ်ခံလာနိုင်ပါတယ်။ သူတို့ရဲ့ တိုက်စစ် (၃) ဦးက အမြဲ ကြံခိုင်မှု ပြည့်ဝလာခဲ့တယ်။ သူတို့ အရည်အချင်းကောင်းတဲ့ သူကို ကြိုခေါ်ဖို့ လိုအပ်မယ်။ ဆာလတ် နဲ့ မာနေးထဲက တစ်ဦးက ကာလရှည် ဒဏ်ရာရတဲ့ အချိန်မှာ အသုံးပြုနိုင်ဖို့အတွက်ပါ။ မန်ယူအသင်းမှာ ကစားခဲ့စဉ်က နှစ်တိုင်း ဆုဖလား ရရှိခဲ့တဲ့ အချိန်ကို ပြန်ကြည့်တဲ့ အချိန်မှာ ကျွန်တော်တို့က (၂) ရာသီဆက်တိုက် အသင်းရဲ့ ထိပ်သီး ကစားသမားတွေက ကြံခိုင်မှု ပြည့်ဝနေခဲ့တယ်။ ဒီတော့ လီဗာပူးလ်က ကံကောင်းမှု ရှိနိုင်ပါတယ်။ ဆေးကုသမှုမှာ နဲ့ ကစားသမား အသုံးပြုမှုမှာ မှန်ကန်စွာ ပြုလုပ်နိုင်ကြပါလိမ့်မယ်။ တကယ်လို့ လီဗာပူးလ်က လက်ရှိ ကစားသမားတွေကို ကြံခိုင်မှု ပြည့်ဝဖို့ ဆက်ထိန်းထားနိုင်မယ် ဆိုရင်တော့ လီဗာပူးလ်ကို လက်ရှိရာသီမှာ ရပ်တန့်နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ဒါက နှစ်တိုင်း မဖြစ်နိုင်ဘူး။ အပြောင်းလဲ ဖြစ်လာရင် မန်စီးတီးသာမက အခြားအသင်းလည်း လမ်းကြောင်းပွင့်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။